0

အိန္ဒိယမြောက်ပိုင်းမှ ဘီဟာပြည်နယ်တွင် တည်ရှိသော နာလန္ဒတက္ကသိုလ်ဟောင်းနေရာသို့ ကမ္ဘာတစ်လွှားမှ ထောင်ပေါင်းများစွာသော ခရီးသွားများ နှစ်စဉ်လာရောက်လည်ပတ်ကြသည်။ အချို့က ဘာသာရေး စိတ်ဓာတ်မြှင့်တင်ရန်၊ အချို့က နလန္ဒတက္ကသိုလ်၏ ကြွင်းကျန်ရစ်သော အဆောက်အဦးကိုကြည့်၍ ထိုခေတ်က ဗိသုကာပညာရပ်ကို လေ့လာရန် လာရောက်ကြသည်။ 

အမှန်တော့ နလန္ဒဟူသည်က ဗုဒ္ဓဘုရားရှင် လက်ထက်ကတည်းက မြင့်မြတ်သောနေရာတစ်ခုအဖြစ် တည်ရှိခဲ့သောနေရာတစ်ခုဖြစ်သည်။ ဗုဒ္ဓစာပေကျမ်းဂန်များ၌ နာလန္ဒတည်ရာနေရာသို့ မြတ်စွာဘုရားရှင် အကြိမ်ကြိမ်လာရောက်ခဲ့ဖူးကြောင်း ဖော်ပြထားသည်။ ဂျိမ်းဘုရား မဟာဝီရသည်လည်း မော့ရှာ (ကယ်ဆယ်ခြင်း) ကို နာလန္ဒအနီးတွင် ရရှိခဲ့သည်ဟု ဆိုသည်။ 

နာလန္ဒကို ခရစ်နှစ် ၄၅၀ ၌ ဝေဒကျမ်းဂန်များကို ယုံကြည်သော ဂုပတားပြည့်ရှင်များက တည်ထောင်ခဲ့ခြင်းဖြစ်သည်။ နာလန္ဒကို ပထမဆုံး ကမ္ဘာခေတ်သစ်တက္ကသိုလ်ဟု ယူဆရသည်။ အဆင့်မြင့်ပညာရပ်များကို ခြံဝင်းခတ်၊ လိုက်ဖက်သောအဆောက်အဦးများဖြင့် ပထမဆုံးသင်ကြားသော တက္ကသိုလ်လည်းဖြစ်သည်။ နာလန္ဒတက္ကသိုလ်ထွန်းတောက်ခဲ့စဉ်က သင်ယူဆည်းပူးသူ ၁၀၀၀၀ ကျော်၊ သင်ကြားပြသသူ ၂၀၀၀ ကျော်နှင့် သံဃာအများအပြား ရှိခဲ့သည်ဟု ဆိုကြသည်။ ဗုဒ္ဓစာပေများကို အဓိကသင်ကြားပေးသည်ဆိုသော်လည်း ဝေဒနှင့် ဂျိမ်းဘာသာများ လေ့လာသင်ယူနိုင်သော ဗဟိုဌာနကြီးလည်းဖြစ်သည်။

လောကုတ္တရာအပြင် သိပ္ပံ၊ သင်္ချာနှင့် ဆေးပညာစသော လောကဓာတ်ပညာများကိုလည်း သင်ကြား ပေးသည်။ နလန္ဒတက္ကသိုလ်၌ အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ တိဗက်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ကိုးရီးယားတို့မှ ကျောင်းသားများ၊ ပညာရှင်များကိုလည်း လက်ခံထားရှိသည်။ နလန္ဒသည် စာအုပ်များကို အဆောက်အဦးကြီး ၉ ခုအတွင်း၌ သိမ်းဆည်းထားရှိသော ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်ကြီးလည်း ဖြစ်သည်။ အတွေးအမြင်၊ ဘာသာရေး၊ သိပ္ပံနှင့် ဆေးပညာ နယ်ပယ်ဆိုင်ရာ စာအုပ်များအပြင် ဗုဒ္ဓမြတ်စွာလက်ထက်တော်ကတည်းက တည်ရှိခဲ့သော အလွန်တရာအလေးအမြတ်ထားအပ်သော မူရင်းစာပေများကိုလည်း သိမ်းဆည်းထားရှိသည်။ ၅ ရာစုမှ ၁၂ ရာစုအထိတိုင်အောင် နလန္ဒတက္ကသ်ုလ်သည် ဟိန္ဒူနှင့် ဗုဒ္ဓဘာသာမင်းများအဆက်ဆက်၏ အားပေးချီးမြှင့်ထောက်ပံ့မှုများကို ရရှိခဲ့ပေသည်။

အောက်ဖော်ပြပါမှာ နလန္ဒတက္ကသိုလ်အကြောင်း Wikipedia တွင် ဖော်ပြထားသည်များမှ ထုတ်နှုတ်ထားခြင်းဖြစ်ပါသည်။

နာလန္ဒသည် ကမ္ဘာ့ပထမဆုံး ကျောင်းအိပ်ကျောင်းစားတက္ကသိုလ်များထဲမှ တစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ ကျောင်းသားများအတွက် အိပ်ဆောင်ပါရှိသော ကမ္ဘာ့ပထမဆုံးတက္ကသိုလ်များထဲမှ တစ်ခုဖြစ်သည်။ ထို့ပြင် အကျော်ကြားဆုံးတက္ကသိုလ်များထဲတွင် တစ်ခုအပါအဝင်လည်းဖြစ်သည်။ နာလန္ဒတက္ကသိုလ် အထွဋ်အထိပ်သို့ရောက်စဉ်အခါက ကျောင်းသား ၁၀၀၀၀ ကျော်နှင့် ဆရာ ၂၀၀၀ ကျော်ကို လက်ခံပေးနိုင်ခဲ့သည်။

ဗိသုကာလက်ရာအားဖြင့်လည်း နာလန္ဒတက္ကသိုလ်သည် အကောင်းဆုံးလက်ရာများထဲမှတစ်ခုဖြစ်သည်။ ကြီးမားခန့်ထည်သော အုတ်တံတိုင်းကြီးတစ်ခုဖြင့် ကာရံထားပြီး ဝင်ပေါက်တစ်ခုရှိသည်။ တက္ကသိုလ်ဝင်းကြီးတစ်ခုလုံးတွင် သီးသန့်စီ ခြံဝင်း ၈ ခု တည်ရှိပြီး ကျောင်းတိုက် ၁၀ တိုက် ရှိသည်။ စာသင်ခန်းမများ၊ တရားထိုင်ရာခန်းမများလည်း အတော်များများရှိသည်။ မြေပြင်ထက်တွင်မူ ရေကန်များနှင့် ပန်းခြံများလည်းရှိသည်။ စာကြည့်တိုက် အဆောက်အဦး ၉ လုံးရှိပြီး ထိုအတွင်း ဘာသာရပ်အထွေထွေမှ စာအုပ်ပေါင်းများစွာကို သိမ်းဆည်းထားသည်။ ထိုဘာသာရပ်များကို နာလန္ဒတက္ကသိုလ်၌ သင်ကြားရာ ကိုးရီးယား၊ ဂျပန်၊ တရုတ်၊ တိဗက်၊ အင်ဒိုနီးရှား၊ ပါရှားနှင့် တူရကီတို့မှ ကျောင်းသားများနှင့် ပညာတတ်များကို ဆွဲဆောင်နိုင်ခဲ့သည်။ တန်မင်းဆက်မှ တရုတ်ဘုရားဖူးရဟန်းတော် ရွှန်စန်း Xuanzang မှ ၇ ရာစုနှစ် နာလန္ဒတက္ကသိုလ်အကြောင်း အသေးစိပ်ကို မှတ်တမ်းတင်ခဲ့သည်။

နာလန္ဒတက္ကသိုလ်ကို ၁၁၉၂ တွင် ဒေလီနိုင်ငံ အစ္စလမ္မစ်မင်းများထံ အမှုထမ်းသော တာ့ခ်လူမျိုး ဗိုလ်ချုပ်ကြီး ဘယ်လ်တီယာ ခေလ်ဂျီ Bhaltiyar Kalji မှ ဖျက်ဆီးခဲ့သည်။၎င်းဖျက်ဆီးခဲ့ပုံကို ဖော်ပြထားသော သရုပ်ဖော်ဇာတ်လမ်းတစ်ခုကို ဖော်ပြအပ်ပါသည်။

မေ့လျာ့နေသော လူမျိုးတုန်းသတ်ဖြတ်မှုတစ်ခု

နာလန္ဒတက္ကသိုလ်ကို ၁၁၉၂ တွင် ဒေလီနိုင်ငံ အစ္စလမ္မစ်မင်းများထံ အမှုထမ်းသော တာ့ခ်လူမျိုး ဗိုလ်ချုပ်ကြီး ဘယ်လ်တီယာ ခေလ်ဂျီ Bhaltiyar Kalji မှ ဖျက်ဆီးခဲ့ပုံ

 
အချိန်က ၁၁၉၂ ခုနှစ်။ ဂေါ်ပြည်ပြည့်ရှင် မူဟာမက် (မူဇတ်ဒင် မူဟာမက် ဂေါ်ရီ Mu'izz ad-Din Muhammad Ghori) သည် ဒေလီကို အောင်နိုင်ရေးအတွက် အိန္ဒိယကို ကျူးကျော်နေချိန်။ ယခုတစ်ကြိမ်က ဟိန္ဒူနယ်မြေကို အောင်နိုင်,နိုင်ရေး ဒုတိယအကြိမ် ကျူးကျော်တိုက်ခိုက်မှုပင်။ ၁၁၉၂ ခုနှစ် ၎င်း၏အလိုတော်ပြည့်ရေး ပထမတစ်ကြိမ်ကျူးကျော်မှု၌မူ ရာ့ဂ်ျပွတ်ပြည့်ရှင် ပရီဿဝိရာ့ဂ်ျကို ခွက်ခွက်လန်ရှုံးနိမ့်ခဲ့ရသည်။ အချို့သမိုင်းဆရာတို့၏ အဆိုအရမူ ပရီဿဝီရာ့ဂ်ျ၏ တပ်ဖွဲ့ဝင်များက မူဟာမက်ကို ဖမ်းကာ ၎င်းတို့အရှင်မင်းမြတ်ထံ ပို့ဆောင်ကြသည်။ ထို၌ မူဟာမက်သည် ၎င်း၏အသက်ကို ချမ်းသာပေးပါရန် ပရီဿဝီရာ့ဂ်ျထံ ခြေတော်ဝပ်စင်း အသနားခံသည်။ ဤ၌ ပရီဿဝီရာ့ဂ်ျသည် တရားနှင့်မွေ့လျော်သူပီပီ နောင် ဘယ်တော့မှ အိန္ဒိယကိုမကျူးကျော်ရန် သတိပေးကာ မူဟာမက်ကို ပြန်လွှတ်ပေးလိုက်သည်။

သို့သော် မူဟာမက်ကမူ ဆင်ကြံ,ကြံနေပေသည်။ နောက်တစ်နှစ်တွင် အိန္ဒိယကို တစ်ဖန်ကျူးကျော်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ အောင်မြင်သည်။ ပရီဿဝီရာ့ဂ်ျကို အပြတ်အသတ် အနိုင်ရသည်။ ဒေလီကို ၁၁၉၂ ခုနှစ်တွင် အနိုင်ရကာ ယင်းမှာ အိန္ဒိယ၏ အစ္စလာမ်မိုက်ဇေးရှင်းအစဟူ၍ သမိုင်းဆရာတို့ကို အမှတ်အသားပြုကြသည်။ ၎င်း၏ကျွန်ဟောင်းဖြစ်သော ကဒ်ဘတ်ဒင် အိုင်ဘတ် Qutb-ud-din aybak ကို ဒေလီဆူလတန်အဖြစ် ကံကြွေးချသည်။

သို့သော် ကဒ်ဘတ်ဒင် အိုင်ဘတ်မှာ ဒေလီဆူလတန်မျှဖြင့် မကျေနပ်။ ဝန်းကျင်နယ်များအားလုံး၏ ဆူလတန်ဖြစ်လိုသည်။ သို့နှင့် ၎င်း၏စစ်သေနာပတိ ဘယ်လ်တီယာ ခေလ်ဂျီကို ရှေ့တော်မှောက်သွင်းစေကာ ယင်းအမိန့်များကို ချမှတ်သည်။

"ခေလ်ဂျီ.. သင်မှ ဘင်္ဂလားပင်လယ်အော်ဖက်ဆီသို့ ချီတက်၍ ကာဖိရ်နယ်မြေတစ်ခုလုံးကို ငါကိုယ်တော်တိုင်းပြည်အတွင်းသို့ သွတ်သွင်းစေခြင်းငှာ ငါကိုယ်တော်ဆန္ဒရှိတော်မူသည်။ တမန်တော်မြတ်၏ အဆုံးအမများကို ဖြန့်ကျက်ရန် အချိန်ကျပေပြီ" ဟု ဆူလတန်မှ မြွက်ကြားတော်မူ၏။
ဗိုလ်ချုပ်ကြီး ခေလ်ဂျီမှာ ပျော်လိုက်သည့်ဖြစ်ချင်း။ သူ့အဖို့ မြင့်မြတ်သောကွာရ်အာန်ကျမ်းပါ စာသားများနှင့်အညီ လိုက်နာခြင်းလောက် မည်သည့်အရာကမှ မမြင့်မြတ်။ အမှန်တော့ ခေလ်ဂျီလောက် အစ္စလာမ်၏အဆုံးအမများကို သစ္စာရှိသော စစ်သားဟူ၍မရှိစဖူး။

စည်းကမ်းပြည့်ဝသော တပ်မတော်ကြီးနှင့်အတူ ဘင်္ဂလားပင်လယ်အော်ဆီသို့ ချီတက်လာခဲ့ရာ သူ၏တာဝန်မှာ ထင်ထားသည်ထက်ပင် ပို၍လွယ်ကူနေပုံရသည်။ ကာဖိရ်တို့၏ အင်အားကြီးခံတပ်များကို ဖြိုဖျက်ခဲ့သည်။ ထို့နောက် ရုပ်တုကိုးကွယ်သူများကို တမန်တော်မြတ်သင်ကြားပြသသော အမှန်တရားကို ပြသခဲ့သည်။ ဂင်္ဂါမြစ်ကြောင်းတစ်လျှောက် ရက်ပေါင်းများစွာ ချီတက်လာခဲ့ပြီးနောက် ယခုဆိုလျှင် ဘီဟာပြည်နယ်အတွင်းမှ နာလန္ဒနှင့် မိုင်အနည်းငယ်အကွာသို့ ရောက်ရှိလာခဲ့ပေပြီ။ နာလန္ဒဆိုသည်က ရှေးအတီတေက မဂဓဟု ခေါ်ဆိုခဲ့သောနယ်မြေဖြစ်ပြီး ထိုမြေပေါ်၌ပင် ဗုဒ္ဓသည် သဗ္ဗေညုတရွှေဥာဏ်တော်ကို ရတော်မူခဲ့သည်။ ဘီဟာမြေသည် ဗုဒ္ဓဝိဟာရများ၊ ပုထိုးတော်များနှင့် အလှဆင်ထားသောမြေဖြစ်သည်။ ထို့အပြင် ဟိန္ဒူနှင့် ဂျိန်းဘုရားကျောင်းများ နေရာအနှံတည်ရှိနေသော နယ်မြေလည်းဖြစ်သည်။ ဘီဟာဆိုသည်က ဓမ္မကိုအခြေပြုသော ဘာသာတရားသုံးခုတို့ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲကာ နှစ်ပဋိစ္ဆေဒများစွာ စည်ပင်ထွန်းကားလာခဲ့ကြသော နယ်မြေဖြစ်သည်။

နာလန္ဒတက္ကသိုလ်ကြီးမှ နှစ်မိုင်အကွာ၌ ၎င်း၏တပ်များကို ခေလ်ဂျီရပ်တန့်ခိုင်းသည်။ တက္ကသိုလ်ကြီး၏ ကြီးမားခန့်ထည် ကြီးကျယ်ခမ်းနားမှုက ၎င်းကို တအံ့တသြ ဖြစ်သွားစေသည်။ ခမ်းနားလှသော ယင်းအဆောက်အဦးကြီးကား အဘယ်နည်း? ခေလ်ဂျီ သိလိုမိသည်။ ၎င်း၏လက်ထောက် အဗ္ဗဒူလာကို စုံစမ်းစစ်ဆေးရန် စေလွှတ်လိုက်သည်။

"အဗ္ဗဒူလာ... ဘာအဆောက်အအုံကြီးလဲဆိုတာ သွားစုံစမ်းချေ။ ဘယ်တစ်ခြားကာဖိရ်အဆောက်အဦးမှ ဒီလောက်ကြီး ငါ့သိချင်စိတ်ကို မဖြစ်စေဖူးဘူး"
အဆောက်အဦးဂိတ်ပေါက်ဝဆီသို့ အဗ္ဗဒူလာ လျှောက်သွားသည်။ အစောင့်မှ ၎င်းကို တားသည်။ အစဉ်အလာအရ အဆောက်အဦးအတွင်း မဝင်ရောက်ခင် မေးခွန်း ၃ ခုကို ဖြေကြားရမည်ဟု အစောင့်က ၎င်းကိုပြောကြားသည်။ ထို့နောက် အစောင့်က ဘာသာရေးဆိုင်ရာ အသိဥာဏ်ပညာမေးခွန်း ၃ ခု ဖြစ်သည့် မာယာ၊ ဓမ္မ နှင့် ဘုရား တို့ကို မေးမြန်းသည်။ ယင်းမှာ တက္ကသိုလ်တွင်းသို့ ဝင်ရောက်လိုသူမည်သူကိုမဆို ခွင့်ပြု၍ရမရစစ်ဆေးသော စမ်းသပ်သော မေးခွန်းဖြစ်သည်။ မေးခွန်းများကို အဗ္ဗဒူလာဟ် မဖြေနိုင်။ စိတ်ဆိုးဆိုးဖြင့် သူ့ဆရာဆီပြန်လာပြီး ဂိတ်ပေါက်ဝ၌ ဖြစ်ပျက်ခဲ့သမျှကို အစီရင်ခံသည်။

ယခုတစ်ကြိမ်၌မူ နောက်လိုက်နောက်ပါများကို ခေါ်ဆောင်လျက် ဗိုလ်ချုပ်ကြီးခေလ်ဂျီကိုယ်တိုင် ဂိတ်ပေါက်ဝဆီသို့ မြင်းစီးရောက်လာသည်။ အစောင့်မှ ဗိုလ်ချုပ်ကြီးခေလ်ဂျီကို တားသည်။ အဗ္ဗဒူလာကိုမေးမြန်းသော မေးခွန်းကိုပင် ခေလ်ဂျီကိုမေးသည်။ သို့သော် ခေလ်ဂျီအနေဖြင့် ယင်းစကားထှာဝှက်ပွဲကို ဖြေရှင်းရန် အချိန်မရှိ။ သူ့တွင် ထို့ထက်အရေးကြီးသော ဖြေရှင်းရန်ကိစ္စများ ရှိနေသည်။ နာလန္ဒသည် သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတစ်ခုမျှသာဖြစ်သည်။ ဗိုလ်ချုပ်ကြီးခေလ်ဂျီသည် သူ၏ဓားကို တည်တည်ငြိမ်ငြိမ်ဆွဲထုတ်ကာ အစောင့်ကိုခေါင်းဖြတ်လိုက်သည်။
သူလို သြဇာအာဏာကြီးသူတစ်ယောက်ကို မူဆလင်မဟုတ်သူတစ်ဦးက မေးခွန်းထုတ်ခြင်း၊ သူအဆောက်အအုံတွင်း ဝင်ရောက်မည်ကို တားဆီးရန်ကြိုးစားခြင်းအတွက် ဗိုလ်ချုပ်ကြီးခေလ်ဂျီ ဒေါသချောင်းချောင်းထွက်သည်။ သို့သော် မူအာမင်တစ်ယောက်အနေနှင့် ယခုအချိန်သည် ဝတ်ပြုရမည်ကို သူသိသည်။ သူနှင့် သူ့အဖွဲ့သားများ မက္ကာမြို့ရှိရာသို့လှည့်ကာ မြေပြင်ပေါ်ဒူးထောက်ကြပြီး အကြီးကျယ်အခမ်းနားဆုံးနှင့် ကရုဏာအထားတတ်ဆုံးသော အလ္လာဟ်အရှင်မြတ်ထံ ဝတ်ပြုဆုတောင်းကြသည်။

ဝတ်ပြုမှုပြီးသွားသောအခါ ဗိုလ်ချုပ်ကြီးခေလ်ဂျီနှင့် သူ၏တပ်ဖွဲ့များမှာ အားအင်တက်ကြွလာကြသည်။ ဗိုလ်ချုပ်ကြီးက သူ့တပ်ဖွဲ့များကို တက္ကသိုလ်တွင်းကို ဝိုင်းအုံဝင်ရောက်ပြီး မည်သည့်ကာဖိရ်ကိုမှ ချမ်းသာမပေးရန် အမိန့်ပေးသည်။ ထောင်ပေါင်းများစွာသော ရဟန်းတော်များနှင့် ကျောင်းသားများမှာ ခေါင်းဖြတ်ခံကြရပြီး သွေးများချောင်းစီးကုန်သည်။ ဘုရားကျောင်းများ၊ ပုထိုးတော်များနှင့် ရုပ်ပွားတော်များ ဖျက်ဆီးခံခဲ့ရသည်။ တက္ကသိုလ်တွင်း၌ မည်သူ့ကိုမှ တိုက်ခိုက်ရေးသမားတစ်ယောက်အဖြစ် သင်ကြားပေးခြင်းမရှိရကား (ပြန်လည် မခုခံတတ်သည့်အတွက်) ထွက်ပြေးနိုင်သူများမှာ အသက်ဘေး လွတ်ရန် စာကြည့်တိုက်ထဲတွင် ပုန်းအောင်းနေကြရသည်။ ထို့အပြင် ၎င်းတို့၌ မည်သည့်လက်နက်မှ မရှိ၊ ခုခံကာကွယ်နိုင်ခြင်းမရှိ ဖြစ်နေရသည်။


နောက်ဆုံးတွင် ဗိုလ်ချုပ်ကြီးနှင့် သူ့လူများ စာကြည့်တိုက်ရှေ့သို့ ရောက်လာကြသည်။ အတွင်းမှ အသက်အရွယ်ကြီးရင့်သော ဘုန်းကြီးအိုကြီးတစ်ပါး ထွက်လာပြီး ဗိုလ်ချုပ်ကြီးကို တောင်းပန်စကားပြောကြားသည်။
"စာအုပ်တွေက ဘာအန္တရယ်မှ မပြုပါဘူး။ ကျေးဇူးပြုပြီး စာကြည့်တိုက်ကို မဖျက်ဆီးပါနဲ့" ဟု ရဟန်းအိုကြီးမှ တောင်းပန်သည်။
"မုသားတွေကို ဖြန့်နေတဲ့ စာအုပ်တွေအတွက် ဒီကမ္ဘာပေါ်မှာ နေရာတစ်ခုမှ မရှိဘူး" ဟု ဗိုလ်ချုပ်ကြီးမှ ရဟန်းအိုကြီးကို ပျက်ရယ်ပြုသည်။ သို့သော် သူသည် တစ်ခုကို သေချာချင်သေးသည်။
"စာကြည့်တိုက်ထဲမှာ မြင့်မြတ်သောကွာရ်အာန်ကျမ်းစာအုပ်ရှိသလား?"
"မရှိဘူး။ မရှိပါဘူး" ရဟန်းအိုကြီးမှ တုံ့ပြန်ပြောကြားသည်။
အဖြေက ဗိုလ်ချုပ်ကြီးကို အတိုင်းအဆမရှိ ဒေါသထွက်သွားစေခဲ့သည်။ ဘုန်းတော်ကြီးများကို ဆူရာဟ် ၄၈-၁၃ တွင် ဖော်ပြထားသည့်အတိုင်း အပြစ်ပေးရပေမည်။
"ဒါဆို ပြီးပြီ။ စာကြည့်တိုက်ကို မီးရှို့ပစ်လိုက်" ဟု သူ့တပ်ဖွဲ့ဝင်များကို အမိန့်ပေးရင်း ဓားကို တစ်ဖန်ပြန်ဆွဲထုတ်ကာ ဘုန်းတော်ကြီးကို ခေါင်းဖြတ်လိုက်သည်။
စာကြည့်တိုက်ကို မီးတောက်များ ဝါးမြိုသွားသည်။ အဆောက်အဦးအတွင်း ခိုလှုံနေသူများ အထဲတွင် ပိတ်မိကုန်သည်။ သူမျက်မြင်တွေ့ရှိနေရသော ရုပ်တုကိုးကွယ်မှုကို ရွံမုန်းလှသူ ဗိုလ်ချုပ်ကြီး ခေလ်ဂျီမှ သူ့လက်ထောက် အဗ္ဗဒူလာကို ပြောကြားလိုက်သည်။
"ညီတော် အဗ္ဗဒူလာ.. ဟိန္ဒူနယ်မြေက ရုပ်တုကိုးကွယ်မှုကို အပြီးတိုင်ဖျက်သိမ်းဖို့ဆိုတာ အချိန်အကြာကြီး ယူရဦးမယ်။ အင်ရှာအလ္လာဟ်(အလ္လာဟ် အလိုတော်ရှိရင်) ...ငါတို့ တစ်နေ့ အောင်မြင်ရမယ်။ ငါတို့ ဒီနေရာကို ထာဝရ သန့်စင်နိုင်ရမယ်။ ငါတို့ ဒီကာဖိရ်နယ်မြေကို စစ်မှန်သော ဒါအစ္စလာမ် (အစ္စလာမ်အုပ်စိုးမှုအောက်) ဖြစ်စေရမယ်"
------
စာကြည့်တိုက်ကို မီးရှို့ပြာကျရန်အတွက် လပေါင်းအတန်ကြာခဲ့သည်ဟု သမိုင်းဆရာများက ဆိုကြသည်။ ရာစုနှစ်တစ်ခုကျော်ကြာ စုဆောင်းထိန်းသိမ်းထားခဲ့ရသော ဗဟုသုတများ ပျောက်ဆုံးကုန်သည်။ နာလန္ဒဖျက်ဆီးခံရမှုသည် အိန္ဒိယ၌ ဗုဒ္ဓဘာသာကျဆုံးခြင်း၏အစဟု သမိုင်းဆရာများက မှတ်ချက်ပြုကြသည်။ ထို့အတူ ရှေးခေတ်အိန္ဒိယ၏ သင်္ချာ၊ နက္ခတ်ပညာ၊ သတ္တုဗေဒနှင့် ဆေးပညာဆိုင်ရာ သိပ္ပံအတွေးအခေါ်များ ပျက်သုန်းခြင်း၏ အစလည်း ဖြစ်ခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း ၈၀၀ ကျော်က ထိုနေ့ထိုရက်၌ နာလန္ဒတွင် ဖြစ်ပွားခဲ့မှုသည် လူမျိုးတုန်း သတ်ဖြတ်မှုသာ မဟုတ်၊ ဗဟုသုတအသိပညာကို မျိုးတုန်းလိုက်ခြင်းလည်း မည်ပေ၏။

မှတ်ချက်။ ။ ကွာရ်အာန်ကျမ်းစာပါ စာသားများအား ချန်လှပ်၍ ဘာသာပြန်ဆိုထားပါသည်။

Nalanda: A Forgotten Genocide
Thousands of tourists from all over the world visit the ruins of Nalanda every year, located in Bihar a northern state in India. Some visit it for spiritual uplifting while others visit the ruins to marvel its architectural glory. For followers of dharmic traditions, Nalanda has been a sacred place since the days of Buddha. Indeed, Buddhist texts mention that The Enlightened One himself had visited Nalanda several times. It is also a sacred place in the Jain faith. It is believed that Mahavira, a central figure in Jainism, is said to have attained Moksha (Salvation) near Nalanda.
Nalanda as a university was established by the Gupta Emperors (who followed the Vedic religion) around 450 CE. Nalanda is considered the world's first modern university. It was the first university with a campus structure for higher studies. In its glory days it is said to have housed more than 10,000 students along with 2,000 teachers, monks and priests. Although it was considered mainly a center of
Buddhist studies, it was also a center of Vedic and Jain studies. In addition to theology many secular subjects such as science, mathematics, and medicine were taught. It housed students and scholars from India, Japan, China, Tibet, Indonesia, Vietnam and Korea. It had one of the largest libraries in the world which was housed in a nine storey building. In addition to the millions of books that were invaluable treasures in the field of spirituality, theology, science, and medicine, there were many original sacred texts dating back to the time of the Buddha. From the fifth to the twelfth century, it had a continuous patronage from both Hindu and Buddhist kings and emperors.
Here is an extract of Nalanda University description from the Wikipedia:
Nalanda was one of the world's first residential universities, i.e., it had dormitories for students. It is also one of the most famous universities. In its heyday it accommodated over 10,000 students and 2,000 teachers. The university was considered an architectural masterpiece, and was marked by a lofty wall and one gate. Nalanda had eight separate compounds and ten temples, along with many other meditation halls and classrooms. On the grounds were lakes and parks. The library was located in a nine storied building where meticulous copies of texts were produced. The subjects taught at Nalanda University covered every field of learning, and it attracted pupils and scholars from Korea, Japan, China, Tibet, Indonesia, Persia and Turkey. The Tang Dynasty Chinese pilgrim Xuanzang left detailed accounts of the university in the 7th century.
Nalanda was sacked in 1192 by Bhaltiyar Kalji, a Turkic general under the Islamic rulers who had just conquered Delhi. Below is a dramatization of how this tragic event unfolded.
[The year was 1192 and Mohammad of Gaur had invaded India from Afghanistan to conquer Delhi. This was his second attempt to conquer the Hindu heartland. He had been squarely defeated by the Rajput king Prithviraj in 1191, the first time he had attempted his conquest. Some historians even mention that the troops of Prithviraj had captured Mohammad and had brought him to their king, where Mohammad begged for his life. Prithviraj, as a follower of dharma, decided to free him with a warning that he should never invade India again.
But Mohammad had different ideas. A year later, he invaded India again, and this time he was successful, and Prithviraj was vanquished. His conquest of Delhi in 1192 is marked by many historians as the beginning of Islamization of India. He appointed his ex-salve Qutb-ud-din aybak as the de-facto Sultan of Delhi.
The sultan was, however, not satisfied with just being the ruler of Delhi and the surrounding areas. He brought his General Bhaltiyar Kalji to his court and gave him these orders.
"Kalji, I want you to march towards the Bay of Bengal and bring this entire Kafir (infidel) land under my rule. It is time for us to spread the teachings of the Holy Prophet," declared the Sultan.
General Kalji was ecstatic. For him, there was nothing more sacred than conforming to the words of the Holy Quran. Indeed, there we no soldier who was more faithful to the teachings of Islam than Kalji himself.
As he marched east towards the Bay of Bengal with his large force of disciplined troops, his task seemed easier than he had ever imagined. One after another, centers of Kafir power were leveled, and the idolaters were shown the Truth as taught by the Holy Prophet.They had marched for several days along the river Ganges and were now a few miles from Nalanda in Bihar. Bihar, known as Magadha in the ancient days, was where Buddha had attained Enlightenment. It was a land adorned with Buddhist Viharas and Stupas. It was also a land full of Hindu & Jain temples. Bihar was where all the three dharmic traditions had coexisted peacefully and had flourished throughout the ages.
As Kalji stopped his troops a couple of miles from the Nalanda complex, he was awed by its size and grandeur. What is this magnificent complex? He wondered. He ordered his soldier Abdulla to investigate.
"Abdulla, go and find out what that complex is. No other Kafir structure has piqued so much curiosity in me," the General ordered.
Abdulla went towards the complex gate where the guard stopped him. The guard informed him that, as the tradition went, he had to answer three questions before he entered the complex. He asked him to answer three questions about spiritual knowledge concerning Maya, Dharma, and God. This was a test that was mandated for anyone who wanted to enter the university. Unable to answer, Abdulla got irritated and went back to his master and reported what had transpired at the gate. This time, the general himself galloped towards the gate and ordered his men to follow him. The guard stopped General Kalji and asked him the same questions he had asked Abdulla, but Kalji had no time for that charade. He had more important matters to address, and Nalanda was simply a distraction. He calmly drew his sword and beheaded the guard.
General Kalji was furious that a non-believer had questioned his authority and had tried to stop him from entering the complex. However, as a devout Muslim, he realized that it was time to pray. He and his troops turned west towards Mecca and knelt down and prayed to Allah the Most Magnificent and the Most Merciful.
As he prayed, he remembered the command "And obey Allah and the Messenger, that you may be shown mercy." Further echoing in his mind were the following commandments: "and those who disbelieve, for them is destruction and He has made their deeds ineffective," "go and destroy each and every symbol of idolatry. Do not spare single idolaters," and "so when you meet in battle those who disbelieve, then smite the necks until when you have overcome them."
After the prayers were over, General Kalji and his troops were truly energized. The general ordered the troops to swarm the university and spare no infidels. Thousands of monks and students were beheaded and blood flowed in streams. Temples, Stupas, and statues were destroyed. Those who could run tried to save their lives by hiding in the library as no one inside the university was taught to be a fighter. Moreover, they had no arms and were defenseless.
Finally, the general and his men came in front of the library. An old monk came from inside and begged the general to spare at least the library.
"Books will do no harm, please do not destroy the library," begged the old monk.
"Books that spread falsehood surely have no place in this world," declared the general as he scoffed at the old monk. He, however, wanted to be certain about one thing.
"Is there a copy of the Holy Quran inside?" asked the general.
"No, there is not," replied the monk.
The answer infuriated the general beyond limits. The monks had to be punished as stated in Surah 48.13, "And if any believe not in Allah and His Messenger, We have prepared, for those who reject Allah, a Blazing Fire!"
"Then, it is settled. Burn the library," he ordered his troops as he swung his sword again, beheading the old monk.
As the library was engulfed in flames trapping those who had taken refuge in the building, General Kalji, who was utterly disgusted at thepractice of idolatry he had just witnessed, addressed his soldier Abdulla.
"Brother Abdulla, It is going to take a long time to eradicate idolatry from Hindustan. Insha'Allah, we will succeed one day, and we will clean this place forever. We shall make this Kafir land truly Dar Al-Islam.]
Historians believe that it took several months for the library to burn down. Knowledge that was collected and preserved over more than a millennium was lost. Indeed, many historians conclude that this was the beginning of the decline of Buddhism in India. It was also the beginning of the demise of ancient Indian scientific thought in mathematics, astronomy, metallurgy, and medicine.
What happened in Nalanda on that fateful day more than eight hundred years ago was not only a genocide of human life; it was also genocide of knowledge.

Post a Comment

 
Top