0

အွန်လိုင်းမှာ သူတို့တွေရဲ့ မျက်နှာကို သုံးပြီး ရယ်စရာ Memes တွေ အဖြစ် ဖန်တီးနေကြပါတယ်။တစ်ချို့မျက်နှာတွေဆိုရင် ဘယ်စာသားနဲ့ပဲ တွဲတွဲ ပုံနဲ့ လိုက်နေတာကို တွေ့ရပါတယ်။အင်တာနက်ပေါ်မှာ သူတို့ပုံတွေ နာမည်ကြီး နေတာ တော်တော်ကို ကြာနေပါပြီ။အမြဲတွေ့နေရတဲ့ Memes ပိုင်ရှင်တွေရဲ့ အခုဆိုရင် ဘယ်အရွယ်ရောက်နေပြီ၊ဘယ်လို ပြောင်းလဲသွားပြီဆိုတာကို ကြည့်လိုက်ရအောင်

ဒီကလေးရဲ့ ပုံလေးကို fb အသုံးပြုသူတိုင်းလိုလို တွေ့ဖူးမြင်ဖူးကြမှာပါ။ သူ့ရဲ့ တကယ့်နာမည်အရင်းကတော့ Sammy Griner ပါ။သူ့ရဲ့ အမေက သူ(၁၁) လသားအရွယ်(၂၀၀၇)ခုနှစ်က  ဒီဓါတ်ပုံလေးကို အွန်လိုင်းပေါ်မှာ တင်ခဲ့ပြီးဒီနေ့ ဒီအချိန်ထိ ဒီပုံလေးက နာမည်ကြီးနေတာပါ။

ဒီပုံကိုတော့ (၂၀၀၄)ခုနှစ်၊ဇန်န၀ါရီလက ကောင်မလေးရဲ့ အဖေ Dave ဆိုသူ က ရိုက်ခဲ့တာပါ။မီးသတ်ဌာနတစ်ခုမှာ လေ့ကျင့်ရေး လုပ်နေတဲ့ မြင်ကွင်းကို နော က်ခံထားပြီး ရိုက်ထားတဲ့ပုံပါ။ဒီပုံကို JPG Magazine မှာဖော်ပြလိုက်တဲ့ အခါမှာတော့ အရမ်းကို နာမည်ကြီး သွားခဲ့ ပါတယ်။


သူ့နာမည်ကတော့ Kyle Craven  ပါ။ဓါတ်ပုံဆိုင်ရာကောလိပ်တစ်ခုရဲ့ ကျောင်းသားပါ။သူ့ရဲ့ ဒီပုံကို အတန်းဖော်က အွန်လိုင်းပေါ်မှာ (၂၀၁၂) ခုနှစ်က တင်ခဲ့တာပါ။ရယ်နေပုံက သူများနဲ့မတူ ဆန်းနေတော့ ကမ္ဘာကျော်meme ဖြစ်လာခဲ့တာပါ။

မင်းသမီးငယ်လေး Mia Talerico ဟာ အင်တာနက်ပေါ်မှာ နာမည်ကြီးခဲ့တာ နှစ်တော်တော်ကြာခဲ့ပါပြီ။ဒီပုံကိုတော့  Good Luck Charlie ဆိုတဲ့ TV Show မှာ ရိုက်ယူခဲ့တာပါ။

ဒီကလေးမလေးရဲ့ နာမည်ကတော့ Chloe ပါ။သူမရဲ့ မိဘတွေက သူမရဲ့ ဗီဒီယို ဖိုင်ကို (၂၀၁၃)ခုနှစ်က  YouTube ပေါ်မှာ တင်ခဲ့ပါတယ်။သူမရဲ့ ညီမလေးကDisneyland ကို သွားဖို့ ပျော်နေတာကို မြင်ပြီး စိတ်အလို မကျဖြစ်ကာ ငိုနေတဲ့ ပုံပါ။


ဒီပုံကတော့ (၂၀၁၂)လန်ဒန်အိုလံပစ်ပွဲတွေ့ရတဲ့  McKayla Maroney ရဲ့ ပုံပါ။သေချာပေါက်ရွှေရမယ်လို့ ယုံကြည်ထားခဲ့ပေမယ့် နောက်ဆုံးမှာ ငွေနဲ့ ကျေနပ်လိုက်ရလို့ဖြစ်သွားတဲ့ မျက်နှာပုံပါ။

ဒီပုံကတော့ ရက်ပ်အဖွဲ့ Beantown Mafia ရဲ့ (၂၀၁၁)က အယ်ဘမ်အ တွက် ရိုက်ခဲ့တဲ့ပုံပါ။ဒီပုံထဲက သူရဲ့ နာမည်ကတော့ Blake Boston ပါ။ဒီပုံလေးကိုတော့ သူ့ရဲ့မိခင်ဖြစ်သူက ရိုက်ပေးထားတာလို့ သိရပါတယ်။



crd : Shwemom

Post a Comment

 
Top