0

လာမယ့် ၂ နှစ်လောက်မှာ မြင်ရဖို့ ရှိတဲ့ ထုတ်ကုန်ပါ။
ကမ္ဘာ့တက်ဘလက်နဲ့ လက်ပ်တော့ ဈေးကွက်မှာ နာမည်ကြီးတဲ့ Lenovo ဟာ နယူးယော့ခ်မှာ ကျင်းပတဲ့ ထုတ်ကုန်ပြပွဲတစ်ခုမှာ အလိုက်သင့် ကွေးညွတ်နိုင်တဲ့ laptop ဒီဇိုင်းတစ်မျိုးကို မိတ်ဆက်ပြသခဲ့ပါတယ်။
Lenovo Transform လို့ နာမည်ပေးထားတဲ့ ဒီပွဲမှာ အနာဂါတ် ထုတ်ကုန်ဒီဇိုင်းဆန်းတစ်မျိုးနဲ့ လက်ပ်တော့ တစ်ခုကို မိတ်ဆက်ခဲ့တာပါ။ touchscreen သုံးနိုင်တဲ့ ဒီလက်ပ်တော့မှာ ကီးဘုတ်ပါလာလို အသံနဲ့ စေခိုင်းနိုင်မယ့် စနစ်များလည်း ပါလာမှာ ဖြစ်ပါတယ်။ အသံနဲ့ စေခိုင်းဖို့ microphones လည်း ထည့်သွားမှာ ဖြစ်သလို touchscreen ပေါ်မှာ ရေးသားဖို့  stylus ဒီဇိုင်းတစ်မျိုးလည်း သုံးသွားမယ်လို့ ဆိုပါတယ်။
မှန်ပြင်နည်းပညာသစ်များ တိုးတက်ထွန်းကားလာနေချိန်မှာ Lenovo ရဲ့ ကွေးညွတ်နိုင်ရုံမက ခေါက်ပြီး လိပ်ထားလို့ ပါ ရတဲ့ လက်ပ်တော့ဟာ အနာဂါတ်မှာ လူသုံးများမယ့် တီထွင်ချက် ဖြစ်လာဖို့ ရှိနေပါတယ်။ လက်ရှိမှာ Lenovo ရဲ့ ဒီနည်းပညာဟာ concept သဘောမှာပဲ ရှိသေးတာ ဖြစ်ပေမယ့် မကြာခင်မှာ ဒါမျိုး လက်ပ်တော့တွေကို အပြင်မှာ မြင်ရတော့မှာပါ။
Lenovo ကုမ္ပဏီကတော့ ဒီနည်းပညာကို အကောင်အထည်ဖော်ဖို့ အဆင့်မြင့် ပစ္စည်းအစိတ်အပိုင်းများနဲ့ screen ပိုင်းဆိုင်ရာ နည်းပညာသစ်များကို သုံးသွားမယ်လို့ ဆိုပါတယ်။ နောက်ထပ် ထူးခြားတာ တစ်ခုက ဒီလက်ပ်တော့သစ်မှာ စာရိုက်စရာမလိုဘဲ အသံနဲ့ တင် စာရိုက်ခိုင်းလို့ မယ့် စနစ်လည်း
သုံးသွားမယ်လို့ ဆိုပါတယ်။
ကွေးညွတ်နိုင် ခေါက်သိမ်းနိုင်တဲ့ display တွေကို Samsung ကလည်း မိတ်ဆက်ထားတာ ဖြစ်လို့ လာမယ့် တစ်နှစ်နှစ်နှစ်အတွင်း ဒီနည်းပညာကို ဈေးကွက်ထဲမှာ ရောင်းချသွားနိုင်တဲ့ အဆင့်ရောက်ဖို့ ရှိနေပါတယ်။
Credit- Duwun

Post a Comment

 
Top