Kpop ဂီတလောကမှာ အရည်အချင်းလည်းရှိ ဆွဲဆောင်မှုလည်းရှိတဲ့ အဆိုတော်တွေဟာ ရေတွက်လို့မရလောက်အောင် များပြားလျက်ရှိပါတယ်။ ဒီထဲကမှ ကိုရီးယားနိုင်ငံသားတွေ ရွေးချယ်လိုက်တဲ့ ကျော်ကြားမှုအရှိဆုံး အမျိုးသမီး Kpop အဆိုတော်သုံးဦးကို မိုမိုလေးပရိသတ်များအတွက် ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။
IU
Kpop ဂီတနယ်ပယ်မှာ ချစ်စရာအကောင်းဆုံး အဆိုတော်အဖြစ် သတ်မှတ်နိုင်သူကတော့ IU ဖြစ်ပါတယ်။ IU ရဲ့ Nagging , YOU & I , Friday , The Meaning of You နဲ့ Leon and Heart သီချင်းတို့က အရမ်းကို ပေါက်မြောက်အောင်မြင်ခဲ့ပြီး IU ရဲ့ သီချင်းတိုင်းလိုလိုကလည်း Music Chart တွေရဲ့ တစ်ကနေ တစ်ဆယ်အတွင်း အမြဲဝင်ရောက်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ သရုပ်ဆောင်လိုင်းကို ကူးပြောင်းသွားခဲ့တော့လည်း Dream High , Producer , Moon Lovers: Scarlet Heart Ryeo တို့နဲ့ အောင်မြင်မှု ရယူနိုင်ခဲ့ပါတယ်။
Suzy
သဘာဝတိုင်းလှနေတဲ့ အလှတရားရယ် ဖြူစင်တဲ့အလှတရားတွေရယ်ကို ပေါင်းစပ်ပိုင်ဆိုင်ထားတဲ့ အဆိုတော်မင်းသမီးလေး Suzy ဟာ နိုင်ငံရဲ့အချစ်ဆုံးလေးလို့ တင်စားခေါ်ဆိုခံရတဲ့အထိကို အောင်မြင်ကျော်ကြားသူဖြစ်ပါတယ်။ Miss A အဖွဲ့နဲ့ Kpop နယ်ပယ်ကို စတင်ခြေချလာခဲ့တဲ့ နှစ်အတွင်းမှာပဲ Suzy ဟာ အရမ်းကို တဟုန်ထိုး နာမည်ကျော်လာခဲ့တာဖြစ်ပါတယ်။ Suzy မှာလည်း IU လိုပဲ Dream High ဇာတ်လမ်းတွဲကနေ စတင်ပြီး သရုပ်ဆောင်မင်းသမီးအဖြစ် လူသိများလာခဲ့ကာ အခုနောက်ပိုင်းမှာလည်း ဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးရလျက် ရှိလို့နေပါတယ်။
Taeyeon
Taeyeon ကတော့ ၂၀၀၇ခုနှစ်ကနေ Girls' Generation အဖွဲ့နဲ့ စတင်ပွဲဦးထွက်ပြီးနောက်ပိုင်း အခုအချိန်ထိ သူရဲ့နာမည်ကျော်ကြားမှုကို ဆက်တိုက်ဆိုသလို ထိန်းသိမ်းထားနိုင်သူဖြစ်ပါတယ်။ Taeyeon ဟာ Girls' Generation အဖွဲ့နဲ့ရော သူမကိုယ်တိုင် တစ်ကိုယ်တော်သီချင်းများနဲ့ပါ ပေါက်မြောက်အောင်မြင်နိုင်ခဲ့ပြီး တခြား Kpop အဆိုတော်တွေလို ရုပ်ရှင်နယ်ပယ်ကို ကူးပြောင်းခြင်းမရှိပဲ ဂီတလုပ်ငန်းကိုသာ အာရုံစိုက်လုပ်ကိုင်နေလျက်သာ ရှိပါတယ်ခင်ဗျာ။
Ref : Koreaboo
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.