0

နယူးယောက်မြို့ သူ နာမည်ကြီးအဆိုတော်နှင့် က ချေသည် ဂျနီဖာလိုပက်ဇ်က ကချေသည်အဖြစ် ပထမဆုံးအ လုပ်ကြီးအကိုင်ကြီးတစ်ခု မရမီ က တစ်နေ့လျှင် ပီဇာတစ်စိတ်သာ စားပြီး ဘ၀ကို ရပ်တည်ခဲ့ရ ကြောင်း ပြောကြားသည်။

၎င်း၏ဘ၀တွင် မိခင်အိမ်မှ ထွက်လာပြီးနောက် ၁၉၉၀ ပြည့် နှစ်များနှောင်းပိုင်း၌ ဘ၀အခြေ အနေ အလွန်ခက်ခဲခဲ့သည်ဟု ဂျနီဖာလိုပက်ဇ်က ရုပ်သံပြိုင်ပွဲ အစီအစဉ် World of Drama မိတ်ဆက်စဉ် ယခင်ဘ၀အခြေ အနေကို ပြန်ပြောင်းပြောဆိုခဲ့ သည်။

‘‘ကျွန်မပီဇာကို ညနေ ၆ နာရီ လောက်မှာစားတယ်။ နောက်နေ့ထိ ဗိုက်မဆာအောင်လို့ ပါ။ ဒီလိုကျွန်မနေခဲ့တာ (၂) နှစ် လောက်ကြာတယ်’’ဟု ဂျနီဖာ လိုပက်ဇ်ကပြောသည်။

ဂျနီဖာသည် ၁၉၉၁ က ဟာသဇာတ်လမ်းတွဲတစ်ခုတွင် ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပြီးမှ ရုပ်ရှင်ဇာတ်ကားများစွာ၌ ပါဝင် သရုပ်ဆောင်ခွင့်ရကာ မင်းသား ကြီးဂျော့်ကလူနေးနှင့်လည်း တွဲ ဖက် သရုပ်ဆောင်ခွင့်ရခဲ့သည်။

‘‘ကျွန်မအမေ့အိမ်က ထွက် လာခဲ့ပြီးတော့ ပထမဆုံး အ လုပ်ကြီးအကိုင်ကြီးမရခင်မှာ တစ်နေ့ကို ပီဇာတစ်စိတ်တည်း စားခဲ့တယ်။ နံနက်စာမစားဘူး။ နေ့လယ်စာလည်း မစားခဲ့ရဘူး’’ ဟု ဂျနီဖာကပြောသည်။

 7day daily

Post a Comment

 
Top