စနိုက်ပါတွေရဲ့ အဓိကလုပ်ဆောင်ရမယ့် တာဝန်ကတော့ ကျည် တစ်တောင့်ကို (ရန်သူ) တစ်ယောက် ကျဆုံးစေဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ကနေဒါ စနိုက်ပါ တစ်ယောက်ကတော့ စစ်သွေးကြွ တစ်ယောက်ကို ကျည်တစ်တောင့်တည်းနဲ့ ကျဆုံးစေခဲ့ရုံသာမကဘဲ ဝေးကွာလွန်းတဲ့ ရန်သူ့တည်နေရာပစ်မှတ်ကြောင့် ရန်သူကို စနိုက်ပါနဲ့ သုတ်သင်တဲ့မှတ်တမ်းတစ်လျှောက် အဝေးဆုံးဆိုတဲ့စံချိန်သစ် စိုက်ထူနိုင်ခဲ့တယ် လို့ ဇွန် ၂၂ ရက်က Metro သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။ (ပုံ - အခြားစစ်သည်တစ်ဦး)
အီရတ်နိုင်ငံမှာ ရောက်ရှိနေတဲ့
ကနေဒါ စနိုက်ပါဟာ အကွာအဝေး ၃,၅၄ဝ မီတာ (နှစ်မိုင်ကျော်) က ISIS တစ်ဦးကို
သုတ်သင်နိုင်ခဲ့တာ ဖြစ်တယ်လို့ Canadian Armed Forces က ကြာသပတေးနေ့မှာ
အတည်ပြုခဲ့ပါတယ်။ ဒီအကွာအဝေးဟာ အရင်က အဝေးဆုံးအဖြစ်သတ်မှတ်ခံထားရတဲ့
စံချိန်ဟောင်း ထက်တောင် မီတာတစ်ထောင်ကျော် ပိုကွာဝေးတာလည်း ဖြစ်ပါတယ်။
စံချိန်ဟောင်းကတော့ ဗြိတိန် နိုင်ငံသား စနိုက်ပါ တစ်ယောက် ဖြစ်တဲ့ Craig
Harrison တင်ရှိထားတာ ဖြစ်ပြီး အကွာအဝေး ၂,၄၇၅ မီတာက တာလီဘန် တစ်ယောက်ကို
သုတ်သင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ကနေဒါ စနိုက်ပါသမားဟာ McMillan
TAC-50 ရိုက်ဖယ် စနိုက်ပါ သေနတ်ကို အသုံးပြု ပစ်ခတ်ခဲ့တာ ဖြစ်ပြီး
ပစ်မှတ်ကို ကျည်ဆံ ရောက်ဖို့ ၁ဝ စက္ကန့်နီးပါး ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
သူ့ရဲ့ပတ်ခတ်မှု မှတ်တမ်းကို ဗီဒီယိုကင်မရာနဲ့ သတ်သေပြနိုင်ပေမဲ့
လုံခြုံရေးအခြေအနေအရ အသေးစိတ်ထုတ်ပြန်နိုင်မှု မရှိသလို စနိုက်ပါသမားရဲ့
နာမည်ကိုလည်း ထုတ်ဖော်ပြောမှာ မဟုတ်ဘူးလို့ သိရပါတယ်။
Ref: Metro
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.