0
Free Burma Rangers အမည်ရတဲ့ မြန်မာပြည်အခြေစိုက် လူ့အခွင့်ရေးအဖွဲ့ကို တည်ထောင်ထားတဲ့ အမေရိကန်စစ်သားဟောင်းကြီး David Eubank ဟာ တာဝန်မှ အနားယူထားပေမယ့် အီရက်စစ်မြေပြင်မှာ ကယ်ဆယ်ရေးအဖွဲ့ဝင်အဖြစ် တက်နိုင်သမျှ တာဝန်တွေ ထမ်းဆောင်နေသူ ဖြစ်ပါတယ်။






သူဟာ အသက် 56 နှစ်အရွယ် ရှိပြီဖြစ်ပြီး၊ မကြာသေးမီက မိုဆူးလ်မြို့မှာ အမေရိကန်မဟာမိတ်တွေနဲ့ IS တို့ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားနေစဉ် အီရက် သမီးလေးတစ်ဦးကို IS လက်ချက်နဲ့ မသေဆုံးစေဖို့ ကျည်ဆံတွေကြားမှာ စွန့်စွန့်စားစား ကယ်တင်ခဲ့ပါတယ်။

ဒီအမှတ်တရအဖြစ်အပျက်ဟာ ဗွီဒီယိုမှတ်တမ်းအထိ ခိုင်ခိုင်မာမာ ရှိနေခဲ့ပါတယ်။ ဗွီဒီယိုမှတ်တမ်းထဲမှာ စစ်သားဟောင်း
ကြီး David ဟာ အဖော်စစ်သားနှစ်ယောက်နဲ့အတူ တိုင်ပင်ပြီး၊ ကလေးမလေးကို သွားရောက် ကယ်ဆယ်ဖို့ ကြိုးစားခဲ့ပါတယ်။ အဖော်စစ်သားတွေကို ကာဗာယူတဲ့သဘောနဲ့ ပစ်ကူခိုင်းထားပြီး၊ David ကတော့ ကလေးမလေးဆီကို ပြေးသွားခဲ့ပါတယ်။

David ဟာ ကလေးမလေးကို ကျည်ဆံတွေကြားမှာ ခက်ခက်ခဲခဲ အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ သူရဲ့ ပြောစကားအရ အဆိုပါ ကောင်မလေးကို IS တို့ သတ်ဖြတ်ထားတဲ့ ဒါဇင်နဲ့ချီတဲ့ လူသေအလောင်းတွေကြားမှာ တွေ့လိုက်ရ
ပြီး ကယ်ဆယ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

IS တို့ ပစ်ခတ်တဲ့ ကျည်ဆံထိမှန်ပြီး အသက်မသေသေးတဲ့ အခြားလူတစ်ယောက်ကိုလည်း ကယ်ဆယ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။ David ဟာ သူရဲ့ မိသားစုနဲ့အတူ လောလောဆယ် အီရက်မှာ နေထိုင်ဆဲဖြစ်ပြီး ဒုက္ခသည်တွေကို ကယ်ဆယ်ဖို့ ကြိုးစားနေပါတယ်။

David က ” တကယ်လို့ ဒီအလုပ်တွေ လုပ်ရင်း ကျနော် သေသွားခဲ့ရင်တောင်မှ ကျနော့် မိန်းမနဲ့ ကလေးတွေကတော့ အပြည့်အ၀ နားလည်မှာပါ “လို့ ပြောခဲ့ပါတယ်။ မြို့တော် မိုဆူးလ်ဟာ IS တွေ ခြေကုပ်ယူထားတဲ့ မြို့ကြီးတစ်ခုဖြစ်ပြီး၊ လက်ရှိအချိန်မှာ မဟာမိတ်နဲ့တပ်ပေါင်းစုတွေက မြိုပတ်ပတ်လည်ကို စစ်ဆင်ရေးများ တရစပ်ဆင်နွှဲကာ မြို့ကို ပြန်လည် သိမ်းပိုက်ဖို့ ကြိုးစားနေပါတယ်။

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top