0
      Hacker လို့ပြောလိုက်ရင် ပြေးမြင်တာကတော့ လုံခြုံရေးစနစ်တွေနဲ့ ကာကွယ်ထားတဲ့ ကွန်ပျူတာ ကွန်ယက်တွေထဲကို ဖောက်ထွင်း ၀င်ရောက်၊ မွှေနှောက်နိုင်စွမ်းရှိသူတွေလို့ ကျွန်တော်တို့ သိထားကြပါတယ်။ 
     Hacker တွေကို အမျိုးအစားအားဖြင့် ၈ မျိုးခွဲထားတယ်လို့ ၀ိကီပီဒီယားမှာ ဆိုပါတယ်။  ဒါတွေကတော့ White hat, Black hat, Gray hat, Elite hacker, Script kiddie, Neophyte, Blue hat နဲ့ Hacktivist ဆိုပြီးတော့ ဖြစ်ပါတယ်။

၁။ White hat
          ဒီ white hat hacker တွေကတော့ အငြှိုးအတေးနဲ့ လုံခြုံရေးကွန်ယက်စနစ်ထဲကို ၀င်ရောက်တာမဟုတ်ပါဘူးတဲ့။  သူတို့ရဲ့ လုံခြုံရေးစနစ်တွေကို ပြန်လည် စမ်းသပ်တဲ့ အနေနဲ့ ၀င်ရောက်တတ်ပါတယ်။  “White Hat”  ဆိုတဲ့ အသုံးအနှုန်းကတော့ အင်တာနက်လောကရဲ့ ဗန်းစကားတစ်ခုဖြစ်ပြီးတော့ အကျင့်စာရိတ္တကောင်းမွန်တဲ့(ethical) Hacker လို့ ဆိုရမှာ ဖြစ်ပါတယ်။  ဒီ အမျိုးအစားတွေထဲပါတဲ့ hacker တွေဟာ လုံခြုံရေးစနစ်အတွင်းကို ဖောက်ထွင်းဝင်ရောက်ခြင်း (penetration test)၊ လုံခြုံရေးစနစ်ရဲ့ ခံနိုင်ရည် (vulnerability assessments) စတာတွေအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်စာတမ်းဘောင်အတွင်းမှာပဲ ၀င်ရောက်ပြီး hack တာဖြစ်ပါတယ်။  International Council of Electronic Commerce Consultants (EC-council) လို့ခေါ်တဲ့ အဖွဲအစည်းတွေဟာ ဒီလို ethical hacking အတွက် ထောက်ခံချက်လက်မှတ်၊ သင်တန်းတွေ၊ အွန်လိုင်း သင်တန်းတွေ ပို့ချပေးပါတယ်။
၂။ Balck hat
          ဒီ Black hat hacker တွေကတော့ White hat hacker တွေနဲ့ ပြောင်းပြန်ပေါ့လေ။  ကွန်ပျူတာ အင်တာနက် ကွန်ယက်ထဲက လုံခြုံရေးတွေကို ထိုးဖောက်ဝင်ရောက်မယ်။  အကြောင်းပြချက် တွေပေးတတ်ပေမယ့် တစ်ကယ်ကတော့ ကိုယ်ကျိုးစီးပွား ရှာလိုတာက များတယ်လို့ ဆိုပါတယ်။  ဒီလို ၀င်ရောက်ပြီးရင် အထဲမှာရှိတဲ့ သတင်းအချက်အလက် ဒေတာတွေအားလုံးကို ဖျက်ပစ်တတ်သလို၊ အက်မင်များ အသုံးမပြုနိုင်အောင်လည်း အဲ့ဒီ network ကို ဖျက်ဆီးပစ်တတ်ပါတယ်။  ဒီလို ၀င်ရောက်တဲ့အခါမှာတော့ အပိုင်း ၂ ပိုင်းခွဲပြီး hack ကြပါတယ်။ 
အပိုင်း ၁ ကတော့ Targeting ပါ။
          ဒါကတော့ hacker ဟာ ဘယ် ကွန်ယက်ကို စတင် ချိုးဖောက်ဝင်ရောက်မယ်ဆိုတာကို ဆုံးဖြတ်တာပါ။  ဒါဟာ သက်ဆိုင်ရာ hacker ရဲ့ စိတ်ဝင်စားမှု့နဲ့ သက်ဆိုင်ပါတယ်။  ဒါမှမဟုတ်အဲ့ဒီ ကွန်ယက်က တိုက်ခိုက်မှု့ကို ခံနိုင်တဲ့ အတိုင်းအတာရှိနေမယ်ဆိုရင်တော့ “Port scan” လုပ်ပြီးတော့ ဘယ်လောက်အတိုင်းအတာအထိ ခံနိုင်ရည်ရှိတယ်ဆိုတာကို သိအောင်လုပ်ပါတယ်။  ဒီအခါမှာ ဘယ်Port ကနေပြီးတော့ ကွန်ပျူတာဟာ network ကိုအသုံးပြုပြီး data တွေယူနေသလဲဆိုတာကို သိရှိပါတယ်။  ဒီလို open ports တွေကနေပြီးတော့ hacker တွေဟာ ဒီကွန်ယက်စနစ်ထဲကို ၀င်ရောက်ပါတယ်။
အပိုင်း ၂ ကတော့ Research and Information Gathering ပါ။
          ဒီအဆင့်ကတော့ စောစောက ကွန်ယက်စနစ်ထဲကို ၀င်ရောက်လို့ရသွားပြီဆိုတာနဲ့ Hacker ဟာ ဒီကွန်ယက်စနစ်တစ်ခုလုံးကို ထိန်းချုပ်လို့ရမယ့် vital information လို့ခေါ်တဲ့ အရေးကြီးလှတဲ့ သတင်းအချက်အလက်တွေကို ရှာဖွေတော့တာပါ။  ဒီလိုရရှိဖို့ အသုံးချတာကတော့ SocialEngineering ကိုပါ။  တစ်ခြားနည်းလမ်းနောက်တစ်ခုကတော့  Dumpster Diving လို့ ဗန်းစကားအရခေါ်ပါတယ်။  ဒါကတော့ အမှိုက်ပုံထဲကို ခေါင်းထိုးပြီးရှာသလိုပဲ ဒီကွန်ယက်အသုံးပြုသူတွေထဲက ဒီ ကွန်ယက် စနစ်ကို တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်သောအားဖြင့် ထိန်းချုပ်နိုင်စေသော သတင်းအချက်အလက် တွေကို ရှာဖွေခြင်းဖြစ်ပါတယ်။
၃။ Grey hat
          ဒီလို hacker တွေကိုတော့ မျက်နှာ နှစ်ဖက်နဲ့လူလို့ ပြောရမလိုပါပဲ။  တစ်ခါတစ်လေမှာ တစ်ချို့ကွန်ယက်တွေ ကို ထိန်းသိမ်းဖို့၊ ပြုပြင်ဖို့ စသည်အားဖြင့် ခေါ်တဲ့အခါမှာ ဒီ ကွန်ယက်ကိုလည်း ပြုပြင်ပေးရင်း မသိမသာ ကွန်ယက်ထဲက သတင်းအချက်အလက်တွေကို ရောင်းတဲ့ hacker မျိုးပါ။

၎။ Elite hacker
          Hacker တွေထဲမှာတော့ Elite hacker ဆိုရင်တော့ မြန်မာလို ဆရာကြီး ဂိုဏ်းချုပ်လို့ ခေါ်ရမလိုပါပဲ။  ဒီလိုလူတွေဆီက အသစ်၊ အသစ်သော hack နီးပေါင်းစုံတွေ ထွက်လာတတ်ပါတယ်။  ဒီအထဲမှာတော့ တော်တော်နာမည်ကြီးတဲ့ အဖွဲ့နာမည်ကတော့ Master of Deception လို့ ခေါ်ပါသတဲ့။
၅။ Script kiddie
          ဒါကတော့ ဟိုးဆရာကြီး ဂိုဏ်းချုပ် တွေလောက်လည်း မတော်တဲ့ hacker တွေပါတဲ့။  နည်းပညာပိုင်းကို သေသေချာချာ မသိပဲ အခြားသူများ ရေးဆွဲထားတဲ့ ဆော့ဖ်ဝဲတွေကို အသုံးချပြီးတော့ ကွန်ပျူတာ ကွန်ယက်တွေကို တိုက်ခိုက်ခြင်းဖြစ်ပါတယ်။  သို့ပေမယ့်လည်း ဒီဆော့ဖ်ဝဲတွေရဲ့ ကျောရိုး၊ သဘောသဘာဝ၊ မည်သို့မည်ပုံ အသုံးချရမယ်ဆိုတာတွေကိုတော့ ကောင်းကောင်းသိပါသတဲ့။
၆။ Neophyte
          ဒီအမျိုးအစား hacker တွေကိုတော့ “n00b” ဒါမှမဟုတ် “newbie” လို့ခေါ်ပါတယ်။  သူတို့တွေကတော့ ပညာရပ်ပိုင်းရော၊ အတွေ့အကြုံရော မရှိပဲနဲ့ လက်တည့်စမ်းတဲ့ သဘောနဲ့ hack ကြတဲ့ hacker တွေ ဖြစ်ပါသတဲ့။
၇။ Blue hat
          ဒီ blue hat hacker တွေကတော့ ကွန်ပျူတာ လုံခြုံရေး အကြံပြုအဖွဲ့ဝင်တွေထဲကလူတွေ မဟုတ်ပါဘူးတဲ့။  သူတို့ဟာ ကွန်ယက်တစ်ခု မစတင်ခင်မှာပဲ အဲ့ဒီကွန်ယက်ထဲကို bug test အသုံးပြုပြီး ခိုဝင်နေတတ်ပါတယ်။ ဒီတော့ Security ချထားသည့်တိုင်အောင် သူတို့ဟာ ဒီကွန်ယက်ထဲမှာ လွတ်လပ်စွာ hack နိုင်ကြပါသတဲ့။  Microsoft ကုမ္ပဏီကလည်း လုံခြုံရေးဆိုင်ရာနဲ့ ပါတ်သတ်ပြီး ပြောကြားတဲ့နေရာမှာ ဒီ Blue hat ဆိုတဲ့ ဗန်းစကားကို အသုံးပြုပါတယ်။
၈။ Hacktivist
          ဒါကတော့ ဟက်ပြီးသွားရင် နည်းပညာကိုသုံးပြီးတော့ ကြော်ငြာခဲ့တာပါ။  ဘယ်သူကဖြင့်တော့ ဘယ်သူ့ဆိုဒ်ကို ဟက် ပါတယ်ဆိုပြီးတော့ ကျွန်တော်တို့ တစ်ခါတစ်လေ အဟက်ခံထားရတဲ့ ဆိုဒ်တွေကို ဖွင့်လိုက်ရင် ပေါ်လာတဲ့ဟာမျိုးပါ။  ဒါကိုတော့ website defacement ဒါမှမဟုတ် denial-of-service attacks တွေမှာ အသုံးများပါတယ်။
ကဲ ဒါလေးပြီးရင်တော့ ကျွန်တော့် ကမ္ဘာပေါ်မှာရှိတဲ့ နာမည်ကြီး ဟက်ကာတွေ အကြောင်းလေး အကျဉ်းချုံးပြီးတော့ တင်ပြချင်ပါတယ်။





          သူ့နာမည် အပြည့်အစုံက Kevin David Mitnick ပါ။  ၁၉၆၃ ခုနှစ်မှာ မွေးပြီးတော့ အခုတော့ ကွန်ပျူတာ အကြံပေးအနေနဲ့ရော၊ Mitnick Security Consulting မှာရော လုပ်ကိုင်နေပြီး စာရေးဆရာအဖြစ်လည်း အသက်မွေးနေပါတယ်။  သူ အသက် ၁၂ နှစ်သားမှာ Social Engineering ကို အသုံးချပြီးတော့ အမေရိကန် လော့စ်အိန်ဂျလိစ်က ဘက်စ်စကား စနစ်ကို hack ပြီးတော့ အလကား စီးပါတယ်။  အသက် ၁၆ နှစ်မှာ Digital Equipment Corporation (DEC) ရဲ့ ကွန်ယက်စနစ်ကို hack ပြီးတော့ အဲ့ဒီက Software တွေကို ကူးယူခဲ့ပါတယ်။  ဒီအတွက် နောင် ၉ နှစ်အကြာ ၁၉၈၈ခုနှစ်မှာတော့ အဖမ်းခံရပြီး ထောင်ဒဏ် ၁နှစ်အပြင် ၃ နှစ် စောင့်ကြည့်ခြင်း ခံရပါတယ်။  ၃ နှစ်စောင့်ကြည့်ချိန် ကုန်ခါနီးမှာတော့ ကီဗင်ဟာ Pacific Bell ရဲ့ voice mail computer တွေကို ထပ်မံ hack ပါတယ်။  ဒီအတွက် ထောင်ဒဏ် ၂ နှစ်ခွဲ အပြစ်ပေးခြင်းခံခဲ့ရပါတယ်။  အမေရိကန် တရားရေးရုံးရဲ့ အဆိုအရတော့ ကီဗင်ဟာ ဒီလို မဖမ်းထပ်မံ အဖမ်းမခံရတဲ့ အချိန်အတွင်းမှာ ဒါဇင်ပေါင်းများစွာသော ကွန်ပျူတာ ကွန်ယက်တွေထဲကို ၀င်ယောက်ခဲ့တယ်လို့ ဆိုပါတယ်။  သူဟာ ဖုန်းကဒ်တွေကို ပွားယူပြီးတော့ သူ့ရဲ့နေရာကို မခန့်မှန်းနိုင်အောင် ပုန်းအောင်နေခဲ့သလို၊ နိုင်ငံရဲ့ အကြီးမားဆုံးသော ကွန်ပျူတာ နဲ့ တယ်လီဖုန်း ကုမ္ပဏီတွေကို hack ခဲ့ပါတယ်။  ဒီအပြင် ကွန်ပျူတာ passward တွေ ခိုးယူခြင်း၊ အီးမေးလ်တွေထဲဝင်ရောက်ပြီးတော့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဖတ်ရှု့ခြင်းတွေကိုလည်း လုပ်ဆောင်ခဲ့ပါသတဲ့။  သူ့ကို ၁၉၉၅ ခုနှစ်မှာ FBIက ထပ်မံဖမ်းဆီးခဲ့ပါတယ်။  ဖမ်းမိတဲ့ အချိန်မှာတော့ ပွားယူထားတဲ့ ဆယ်လူလာဖုန်းတွေ၊ ပွားယူထားတဲ့ ဆယ်လူလာ ဖုန်းကုဒ်ပေါင်း ၁၀၀ ကျော်တွေ တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။  ၂၀၀၀ ခုနှစ်မှာတော့ ထောင်ဒဏ်ကနေ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။  ဒီမှာ ထူးခြားတဲ့ စကားလေးတစ်ခွန်းရှိပါတယ်၊ ဒါကတော့ “ပိုက်ဆံပေးဆက်လို့ရတဲ့ ဖုန်းထဲကို လေချွန်လိုက်တာနဲ့ ကမ္ဘာပေါ်မှာ အနုမြူစစ်ပွဲဖြစ်သွားမယ်” ဆိုတဲ့ Kevin Mitnick ရဲ့ စကားလေးတစ်ခွန်းပါ။  ဒါကိုလည်း တရားရုံးက ယုံကြည်ခဲ့ပါတယ်။



         ဂါရီ မက် ကင်နွန် ကတော့ အင်္ဂလန်နိုင်ငံသားဖြစ်ပြီး “တစ်သက်တာအတွက် အမေရိကန် စစ်တပ်ရဲ့ ကွန်ပျူတာ ကွန်ယက်ကို အကြီးကျယ်ဆုံး hack နိုင်သူ” ဆိုလောက်အောင် hack ခဲ့ပါတယ်။  သူဟာ ၂၀၀၁ ကနေပြီးတော့ ၂၀၀၂ ကြား ၁၃ လ ကာလအတွင်းမှာ ၉၇ အမေရိကန် စစ်တပ် နဲ့ နာဆာ ကို “Solo” ဆိုတဲ့ နာမည်သုံးပြီး Hack ခဲ့တာပါ။  သူဟာ အမေရိကန် စစ်တပ်ရဲ့ ကွန်ယက်ထဲကို ၀င်ရောက်ပြီးတော့ ၀ါရှင်တန်ရဲ့ စစ်တပ် အ၀န်းအ၀ိုင်းမှာရှိတဲ့ ကွန်ပျူတာပေါင်း ၂၀၀၀ ကျော်ကို ၁ ရက်ကြာ shutdown လုပ်ခဲ့ပါတယ်။  ဒါ့အပြင် စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှု့ပြီးတော့လည်း အမေရိကန် ရေတပ်ရဲ့ ကွန်ပျူတာ အလုံး ၃၀၀ ကျော်တွေထဲ မွှေနှောက်ပြီးတော့ US Navy ရဲ့ weapons logs တွေကို ဖျက်ပစ်ခဲ့ပါတယ်။  ဒါတွေအားလုံးကို သူဟာ အင်္ဂလန်နိုင်ငံမှာ နေထိုင်ပြီး လုပ်ခဲ့တာပါ။  သူဒီလို ဖျက်ဆီးခဲ့တာတွေရော၊ သူ့ hack တဲ့လမ်းကြောင်းကို ရော ရှာဖွေဖို့ ဒေါ်လာ ၇ သိန်းဖိုးလောက် သုံးစွဲခဲ့ရတယ်လို့ ဆိုပါတယ်။ 



          ဒီ အမေရိကန် နိုင်ငံသားကိုတော့ ၁၉၈၃ ခုနှစ်မှာမွေးခဲ့တာပါ။  သူရဲ့ hack ရင်သုံးတဲ့ နာမည်ကတော့ c0mrade ဖြစ်ပါတယ်။  သူ ၁၅ နှစ်သားအရွယ် ၁၉၉၉ ခုနှစ်မှာ BellSouth လို့ခေါ်တဲ့ ဆက်သွယ်ရေး ကုမ္ပဏီကြီးကို hack ခဲ့သလို Miami-Dade လို့ခေါ်တဲ့ ကျောင်းရဲ့ ကွန်ယက်ကိုလည်း hack ခဲ့ပါတယ်။  နောက်တော့ သူဟာ နာဆာ ရဲ့ ကွန်ယက်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီးတော့ အဲ့ဒီကနေ ဒေါ်လာ ၁.၇ သန်းတန်တဲ့ ဆော့ဖ်ဝဲကို download လုပ်ခဲ့ပါတယ်။  ဒီအတွက်ကြောင့် နာဆာဟာ သူ့ရဲ့ ကွန်ယက်ကြီးတစ်ခုလုံးကို ၃ ပတ်ကြာမျှ ပိတ်ခဲ့ရပါတယ်။  နောက်ပိုင်း ပြန်လည် ပြင်ဆင်တဲ့စရိတ်က ဒေါ်လာ ၄ သောင်း ၁ ထောင်ကျော်ကုန်ကျခဲ့ပါတယ်။  နောက် ကာကွယ်ရေးဝန်ကြီးဋ္ဌာနရဲ့ ၀န်ထမ်းတွေ အကြား ပေးပို့တဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကိုလည်း ကြားဝင်ဖတ်ရှု့ခဲ့ပါတယ်။  သူဟာ အမေရိကန်နိုင်ငံရဲ့ အသက်အငယ်ဆုံး cybercrime ပြစ်မှု့ကျူးလွန်သူအဖြစ် ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။
          ၂၀၀၇ မှာတော့ ကွန်ပျူတာ တိုက်ခိုက်ခံရမှု့တွေများလာခဲ့ပြီးတော့ ဂျိမ်းစ် ကို ဒါတွေအတွက် ထပ်မံစစ်ဆေးပါတယ်။  ဒါပေမယ့် ဂျိမ်းစ်ကတော့ ဒီတိုက်ခိုက်မှု့တွေထဲမှာ သူဘာမှ ပါဝင်ပက်သက်မှု့မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။  ၂၀၀၈ မှာတော့ ဂျိမ်းစ်တစ်ယောက် ရေချိုးခန်းထဲမှာ သူ့ကိုယ်သူ သေနတ်နဲ့ ပစ်ပြီး သတ်သေသွားခဲ့ပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ သူ မပါဝင်တဲ့ ဒီလို မျိုး ပြစ်မှု့တွေနဲ့ ပါတ်သတ်ပြီးတော့ တရားဆွဲဆို ခံနေရလို့လို့ ဆိုပါတယ်။  သူနောက်ဆုံးရေးသွားတဲ့ စာသားလေးကတော့
"I have no faith in the 'justice' system. Perhaps my actions today, and this letter, will send a stronger message to the public. Either way, I have lost control over this situation, and this is my only way to regain control."


          သူကတော့ အမေရိကန် နိုင်ငံသားဖြစ်ပြီးတော့ “grey hat” hacker တစ်ယောက်ပါ။  သူ့အကြောင်းကို လူသိများလာတာကတော့ အမေရိကန်က နာမည်ကြီး သတင်းစာ The New York Times, Yahoo!, Microsoft စတဲ့ နာမည်ကြီး ကုမ္ပဏီတွေရဲ့ ကွန်ယက်ထဲကို ချိုးဖျက်ဝင်ရောက်ခဲ့လို့ဖြစ်ပါတယ်။  သူ့ကို ဒီအတွက် ၂၀၀၃ ခုနှစ်မှာ ဖမ်းဆီးခဲ့ပါတယ်။  ၂၀၁၀ မှာတော့ သူဟာ အမေရိကန် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေကို Bradley Manning ဆိုသူဟာ ၀ီကီလိခ်ကို အမေရိကန် ရဲ့လျှို့ဝှက်ချက်တွေကို ပေးပို့တယ်လို့ သတင်းပို့ခဲ့ပါတယ်။  ဒီအတွက် Manning ဟာ ၂၀၁၀ မေ လမှာ အဖမ်းခံခဲ့ရပါတယ်။  Forbes မဂ္ဂဇင်းရဲ့ အဆိုအရတော့ Lamo ဟာ FBI နဲ့ NSA (National Security Agency)စတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ Project Vigilant မှာ security specialist အဖြစ် လုပ်နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

          Steve Jobs ကိုတော့ လူသိများပေမယ့် သူ့ကိုတော့ လူသိနည်းကြမယ်လို့ထင်ပါတယ်။  Woz ဟာ Apple ကွန်ပျူတာ ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့သူပါ။  Apple I နဲ့ Apple II ကို သူတီထွင်ခဲ့တာဖြစ်ပါတယ်။  သူဟာ “Whit hat” hacker တစ်ယောက်ဖြစ်ပြီးတော့ သူနဲ့သူ့ရဲ့ သူငယ်ချင်းကြီး Steve Jobs တို့ပူးတွဲပြီးတော့ Blue box ဆိုတဲ့ လျှပ်စစ် ပစ္စည်းတစ်ခုကို တီထွင်ခဲ့ပါတယ်။  ဒါကတော့ နယ်ဝေး တယ်လီဖုန်း ခေါ်ဆိုမှု့တွေကို free call အနေနဲ့ ခေါ်ဆိုလို့ရတဲ့ ပစ္စည်းလေးပါ။  တစ်ခါတုန်းက Woz ဟာ ပုပ်ရဟန်းမင်းကြီးဆီကို Henry Kissinger (အမေရိကန် နိုင်ငံရဲ့ ၅၆ ယောက်မြောက် အတွင်းရေးမှုး) လေသံ ဂျာမန်သံဝဲ၀ဲ ပုံစံဖမ်းပြီးတော့ ဖုန်းခေါ်ဖူးပါသတဲ့။


          သူကတော့ black hacker တစ်ယောက်ဖြစ်ပြီး ခုတော့ Wired.com မှာ အယ်ဒီတာအဖြစ် အလုပ်လုပ်ကိုင်နေပါတယ်။  ၁၉၈၀ ပိုင်းတုန်းကတော့ ကီဗင်ဟာ hacker တစ်ယောက်ဖြစ်ခဲ့ပါတယ်။  သူဟာ မနက်ပိုင်းမှာတော့ SRI International မှာ အလုပ်လုပ်ပြီးတော့ ညပိုင်းဆိုရင်တော့ hack ပါတယ်။  အဲ့ဒီအချိန်တုန်းကဆိုရင် ကီဗင်ဟာ အမေရိကန် ဆိုင်ဘာ ရာဇ၀တ်မှု့တွေထဲမှာ လူသိအများဆုံး hacker တစ်ယောက်ဖြစ်ခဲ့ပါတယ်။  သူကို လူတိုင်းလေးစားလောက်ရတဲ့ hacking တစ်ခုကတော့ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ့်က ရေဒီယို KIIS-FM ရဲ့ တယ်လီဖုန်းလိုင်းတစ်ခုလုံးကို ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ ၁၀၂ ယောက်မြောက် ဖုန်းခေါ်သူဟာ ပြိုင်ကား Porsche 994 S2 ရမယ်လို့ ကြော်ငြာထားတဲ့အတွက် ၁၀၂ ယောက်မြောက်ဖုန်းခေါ်သူ ဖြစ်ဖို့ ဒီလို တယ်လီဖုန်းလိုင်းတစ်ခုလုံးကို hack ခဲ့တာဖြစ်ပါတယ်။  သူဟာ ငွေကြေးခ၀ါချမှု့တွေလည်း လုပ်ခဲ့သလို၊ FBI ကိုလည်း hack ပြီးတော့ FBI က ထောက်ပံပေးထားတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ သတင်းအချက်အလက်တွေကို ရယူခဲ့ပါတယ်။  ဒီအတွက် သူဟာ ၅၁ လ ထောင်ဒဏ်ပေးခံရပြီး ထောင်ကလွတ်မြောက်လာတဲ့ အခါမှာတော့ သတင်း အယ်ဒီတာအဖြစ် အလုပ်လုပ်ကိုင်နေပါတယ်။

          သူကတော့ Apple ရဲ့  iPhone တွေကို Jailbreak(unlocking) လုပ်ဖို့အတွက် hack လုပ်တာပါ။  ဒီလိုလုပ်ခြင်းအားဖြင့် iPhoneဟာ အခြားသော wireless carrier တွေကို အသုံးပြုနိုင်သလို application တွေကိုလဲ စိတ်ကြိုက် ထည့်သွင်းလို့ရပါတယ်။  နောက်ပိုင်းမှာတော့ PS3 ကိုပါ hack လုပ်ခဲ့ပြီးတော့ Sony က သူ့ကို တရားစွဲခဲ့ပါတယ်။







          သူကတော့ ကမ္ဘာပေါ်မှာ ပထမဆုံး ကွန်ပျူတာ ဗိုင်းရပ် (computer worm) ကိုတီထွင်သူပါ။ သူတီထွင်တဲ့ ဗိုင်းရပ်စ်နာမည်က Morris Wormb ဖြစ်ပါတယ်။  ဒီအတွက် ကွန်ပျူတာပေါင်း များစွာ ထိခိုက်ခဲ့ပါတယ်။  ဒီအတွက် သူ့ကို Computer Fraud and Abuse Act နဲ့ ဆွဲချက်တင်ခဲ့ပြီး ၃ နှစ်ထောင်ဒဏ်နဲ့ နာရီ ၄၀၀ လူမှု့ရေးလုပ်ငန်းတွေ လုပ်ကိုင်စေပြီး ဒေါ်လာ ၁သောင်း ၅၀ ဒဏ်ငွေရိုက်ခဲ့ပါတယ်။  ခုတော့ မန်ဆာချူးဆက် နည်းပညာ တက္ကသိုလ်(Massachusetts Institute of Technology) မှာ Professor လုပ်နေသလို Y Combinator ဆိုတဲ့ ကုမ္ပဏီရဲ့ ပါတနာ လည်း ဖြစ်ပါတယ်။

          ဗလာဒီမာဟာ  dial-up wire transfer service ကိုသုံးပြီးတော့ CitiBank ရဲ့ user name တွေနဲ့ passwark တွေကို hack ခဲ့ပါတယ်။  ပြီးတော့ အဲ့ဒီ အကောင့် ပိုင်ရှင်တွေဆီက ငွေ ၁၀.၇ သန်းကို ခိုးယူခဲ့ပါတယ်။  ဒီအတွက် သူ့ကို ထောင်ဒဏ် ၃ နှစ်ပေးခဲ့ပြီး Citybank ကလည်း သူ့ရဲ့ လုံခြုံရေးစနစ်ကို တိုးမြှင့်ခဲ့ပါတယ်။



          သူကိုတော့ “အခမဲ့ ဆော့ဖ်ဝဲတွေရဲ့ ဖခင်ကြီး” လို့ ခေါ်ကြပါတယ်။   သူဟာ copyright ဆိုပြီး ဟစ်ကြွေးနေကြလို့ copyleft ဆိုတဲ့ အတွေးအခေါ်ကို မျိုးစေ့ချပေးခဲ့တဲ့ လူပါ။  သူဟာ ဆော့ဖ်ဝဲ တစ်ခုဟာ ကန့်သတ်ထားတဲ့ လူတွေ အတွက်ပဲ သုံးခွင့်ရှိတာမဟုတ်ဘူးလို့ ယူဆတဲ့အတွက် ဆော့ဖ်ဝဲတွေရဲ့ codes တွေကို ဖျက်ဆီးခဲ့ပါတယ်။



          သူ့ကို တော့ ဂျပန်နိုင်ငံမှာမွေးဖွားပြီး ခုတော့ အမေရိကန်နိုင်ငံသား ပါတယ်။  သူရဲ့ ကျော်ကြားစေတဲ့ လုပ်ရပ်ကတော့ hacker Kevin Mitnick ကို FBI က ဖမ်းဆီးနိုင်အောင် ကူညီပေးခဲ့လို့ပါ။ 



LinusTorvalds - သူကတော့ Linux kernel ဆိုတဲ့ open source ကို စတင် ဖန်တီးသူပါ။

Loyd Blankenship - သူကတော့ hacker name အဖြစ် +++The Mentor+++ ဆိုတဲ့ နာမည်ကိုသုံးပါတယ်။  Extasyy Elite နဲ့ Legion of Doom ဆိုတဲ့ hackers group ရဲ့ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ 
SvenJaschan - သူကတော့ NetSky worms နဲ့ Sasser worms ဆိုတဲ့ ကွန်ပျူတာ ဗိုင်းရပ်စ်တွေကို ဖန်တီးခဲ့သူပါ။
Reference : (www.wikipedia.org, Link 1)
Photos : from Google search
 

Post a Comment

 
Top