0
Facebook ကတော့ အချိန်အတော်ကြာ ဘာ Update မှ မရှိခဲ့တဲ့ ဓာတ်ပုံအယ်လ်ဘမ်တွေနဲ့ ပတ်သက်ပြီး အဆင့်မြှင့်တင်မှုအတော်များများကို ပြုလုပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အယ်လ်ဘမ်တစ်ခုမှာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ တစ်ခြားသူငယ်ချင်းတစ်ယောက်ကလည်း ဓာတ်ပုံကို လာရောက်ပေါင်းထည့် (Contribute ပြုလုပ်) နိုင်တာမျိုးတွေ ၊ ဗီဒီယိုတွေ ၊ Check-ins တွေနဲ့ စာသားပို့စ်တွေကို အယ်လ်ဘမ်ထဲ ထည့်နိုင်တာတွေပါ ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။

ဒ့ါကြောင့် ကိုယ့်ရဲ့ ကိုယ်ပိုင်ဓာတ်ပုံအယ်လ်ဘမ်တစ်ခုမှာ တစ်ခြားသူငယ်ချင်းတစ်ယောက်ကိုပါ  Contributer အဖြစ်အနေနဲ့ ထည့်သွင်းပြီး ဓာတ်ပုံတွေကို အတူတူ တင်နိုင်လာမှာပါ။ ကိုယ်နဲ့ဝါသနာတူတဲ့ သူငယ်ချင်းတွေနဲ့အတူ ဓာတ်ပုံတွေကို ပူးပေါင်းဖန်တီးလာနိုင်တာကြောင့် ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့ သူငယ်ချင်းတွေသာ စုထားလိုက်ပေတော့ဗျာ။

ဒါ့အပြင် နောက်ထပ် ထူးခြားချက်ကတော့ ကိုယ့် Timeline ပေါ်မှာ Featured Photo ငါးပုံတင်ထားသလိုမျိုးပဲ Timeline ပေါ်မှာ ကိုယ် Public ကို ချပြချင်တဲ့ ဓာတ်ပုံတွေကို အယ်လ်ဘမ်တစ်ခုအနေနဲ့ Featured Album တွေကိုပါ ထားလို့ရလာတာပါ။ ဒါ့ကြောင့် ကိုယ့် Wall ကို တစ်ခြားတစ်ယောက်က ဝင်ကြည့်လိုက်ရင် အရမ်း Private မဆန်ချင်နေတဲ့သူတွေအတွက်တော့ ဒီလိုပြုလုပ်လာနိုင်တာက အတော်လေးကို အကျိုးရှိစေမှာပါ။
ဒါ့အပြင် အယ်လ်ဘမ်ထဲမှာ ဓာတ်ပုံတင်မကပဲ Post တွေနဲ့ တစ်ခြားအရာတွေကိုပါ ထည့်သိမ်းထားနိုင်ပြီဖြစ်ပါတယ်။ Facebook ရဲ့ Album Update မှာပါဝင်လာတဲ့ Collaborations Features တွေဟာ မကြာသေးခင်က Google Photos ရဲ့ Update မှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး အောင်မြင်မှုတွေရရှိလာတဲ့အချိန်မှာ Facebook ကလည်း တစ်ပါတည်း သူ့ရဲ့ Update မှာ ထည့်သွင်းလိုက်တာပါ။
Facebook ကတော့ အချိန်အတော်ကြာ Update မဖြစ်ခဲ့တဲ့ သူတို့ရဲ့ အယ်လ်ဘမ်အခြမ်းဘက်ကို Updates တွေ တစ်ခါတည်းပေးလိုက်တာဖြစ်ပြီး ဒီ Update တွေကိုတော့ Desktop ရော ၊ Android တွေမှာပါ ဒီနေ့က စပြီး တစ်ပြိုင်တည်းရရှိလာတော့မှာဖြစ်တယ်လို့ သိရပါတယ်။


Ref : Mashable

Post a Comment

 
Top