0

အသက် 17 နှစ်အရွယ်သာ ရှိသေးတဲ့ Rosa Esperanza Reyes အမည်ရတဲ့ ကလေးမိခင်လည်းဖြစ်၊ ကိုယ်ဝန်တစ်ခုကို လည်း လက်တလော လွယ်ထားရတဲ့ အမျိုးသမီးဟာ သူမရဲ့ချစ်သူ အသက် 40 အရွယ် အမျိုးသား Jose Sabino Davila နဲ့ အခြားမိန်းမတစ်ဦးတို့ရဲ့ လက်ထပ်ပွဲကို သက်ဆိုင်ရာ လူကြီးတွေကို ခေါ်ကာ ဖျက်ဆီးခဲ့ပါတယ်

Davila ဟာ ဆယ်ကျော်သက်ကောင်မလေးတွေရဲ့ အသည်းကို လိုက်ခွဲလေ့ရှိသူတစ်ယောက်လို့ အများက မှတ်ချက်ပြုခံထားရသူ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဗဟိုအမေရိကနိုင်ငံတစ်ခုဖြစ်တဲ့ Nicaragua မှာ ဖြစ်ခဲ့တာပါ။ Davila ဟာ ယခု လက်ထပ်လိုက်တဲ့ အမျိုးသမီးကလည်း အသက် 18 နှစ်သာ ရှိသေးပြီး၊ သူရဲ့ သစ္စာမဲ့လုပ်ရပ်ကြောင့် လူစုလူဝေးလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

Masaya မြို့က ဘုရားကျောင်းမှာ Davila ဟာ Rita Elena Lopez လို့ အမည်ရတဲ့ အသက် 18 နှစ်အရွယ် ကောင်မလေးနဲ့ လက်ထပ်ပွဲ ဆင်နွှဲနေစဉ် Rosa က သူမရဲ့ ကလေးတွေဟာ Davila နဲ့ ရထားတဲ့ကလေးဖြစ်ကြောင်း ရဲတွေကို တိုင်ကြားခဲ့ပြီး မင်္ဂလာပွဲကို ကလေးချီကာ လိုက်သွားခဲ့ပါတယ်။ Rosa က သတို့သားဟာ ဒီမင်္ဂလာပွဲကျင်းပမယ့် ညမှာတောင် သူမနဲ့ အိပ်စက်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

Rosa က ဘုရားကျောင်းလူတွေရှေ့မှာ ” ကျွန်မက သူ့ဇနီးပါ .. ဒီသားလေးကလည်း သူ့သားပါဘဲ .. ဟောဒီကိုယ်ဝန်ကလည်း သူ့ကိုယ်ဝန်ပါဘဲ … ကျွန်မက အသက် 17 နှစ်ပဲ ရှိပါသေးတယ် … အခု မင်္ဂလာပွဲကို ရပ်တန့်ဖို့ လာခဲ့တာပဲ … ဘာလို့လဲဆိုတာ ရှင်တို့ သိပါလိမ့်မယ် “လို့ ပြောခဲ့ပါတယ်။

ဒေသခံသတင်းစာတွေရဲ့ ဖော်ပြချက်အရ Davila နဲ့ Rosa တို့ဟာ ချစ်သူဖြစ်တာ သုံးနှစ်ကျော်ခဲ့ပြီဖြစ်ပြီး၊ လက်ရှိကိုယ်ဝန်ဟာ ခြောက်လအရွယ်တောင် ရောက်နေပြီလို့ ဆိုပါတယ်။ မင်္ဂလာပွဲကို တားဆီးနိုင်မှု မရှိခဲ့ပေမယ့် သတို့သား Davila ရဲ့ ယုတ်မာမှုကတော့ နိုင်ငံတွင်းသာမက ကမ္ဘာက လူတွေကပါ သတိထားမိစေခဲ့ပါတယ်။

ဘုရားကျောင်းအပြင်ဘက်မှာ Davila နဲ့ ဇနီးအသစ်စက်စက် Rita နဲ့အတူ တက္ကစီထဲမှာ ရှိနေစဉ် သတင်းသမားတွေရဲ့ ဓာတ်ပုံဗွီဒီယို မှတ်တမ်းတင်ခြင်း ခံရပြီး၊ ၎င်းကားထဲမှာ Rita ရဲ့ မိဘတွေလည်း ရှိနေခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် သတို့သား Davila အနေနဲ့ ဇနီးအသစ်နဲ့ ကြာကြာစံမြန်းနိုင်ဖို့ မရှိပါဘူး။

အကြောင်းကတော့  Masaya မြို့ ရဲတပ်ဖွဲ့က သူ့ကို အသက်မပြည့်သေးသူနဲ့ လိင်ဆက်ဆံခြင်း၊ ကာမလိမ်လည်ရယူခြင်း စတဲ့ စွဲချက်တွေနဲ့ တရားစွဲဆိုထားပြီး ပြစ်မှုနှစ်ခုစလုံး ထင်ရှားပါက ကြီးလေးတဲ့ထောင်ဒဏ် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ Nicaragua နိုင်ငံမှာ အသက် 19 နှစ်အောက် ကလေးငယ်တွေနဲ့ ချစ်တင်းနှောရင် အနိမ့်ဆုံးထောင်ဒဏ် 4 နှစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

source : thesun.co.uk

Post a Comment

 
Top