ဇွန်လ ၁၃ ရက်နေ့ မကာအို က အိုလံပစ်အကားကစားကွင်းကြီးမှာအိမ်ရှင် မကာအိုအသင်းနဲ့မြန်မာအသင်းအာရှဖလားခြေစစ်ပွဲယှဉ်ပြိုင်ကစားသွားကြမှာပါ။
အုပ်စုအဖွင့်ပွဲစဉ်တွေမှာ နှစ်သင်းစလုံးရှုံးနိမ့်ခဲ့တာကြောင့်
ဒီပွဲဟာ နှစ်သင်းစလုံးအတွက်အရေးပါတဲ့ပွဲတစ်ပွဲဖြစ်လာပါတယ်။
ပြီးခဲ့တဲ့စင်ကာပူကခြေစွမ်းပွဲ ၂ပွဲမှာ အမှားအယွင်းများခဲ့တဲ့
မြန်မာအသင်းသားတွေထပ်အမှားခံလို့မရတော့ဘူး
မြန်မာအသင်းနည်းပြကြီးဂတ်ဇီဆီက သတိပေးထားပါတယ်။
မြန်မာအသင်းသားတွေဟာလည်းမကာအိုနဲ့ပွဲအတွက်အပြငးအထန်လေ့ကျင့်နေကြပါပြီ။ မကာအိုကိုသွားအားမပေးရလို့စိတ်ပူမနေပါနဲံ့။MRTV ကနေ ဒီပွဲကိုတိုက်ရိုက်ထုတ်လွှင့်ပေးသွားပါမယ်တဲံ့။
Source-MFF
Post a Comment