အကောင်အထည်ဖော်ပေးနိုင်ရင်အရမ်းကောင်းမယ်....














မော်လမြိုင်တက္ကသိုလ် မှ ကျောင်းသူများ နှင့် ဆရာမများ ရှင်...။
.
တစ်ခါတစ်လေ မထင်မှတ်ထားတဲ့နေ့တွေမှာ အမျိုးသမီးသဘာဝ ဓမ္မတာလာတာမျိုးကို ညီမတို့ အမတို့ကြုံဖူးကြလားရှင်...။

မထင်မှတ်ထားတဲ့နေ့ မထင်မှတ်ထားတဲ့အချိန်မှာဆို ကြိုတင်မပြင်ဆင်ထားမိခဲ့တဲ့အတွက် အရမ်းကို ဒုက္ခရောက်ရပါတယ်နော်။ ထွက်ဝယ်ရလဲခက် ဒီတိုင်းထားလို့ကလဲအဆင်မပြေ အိမ်ပြန်လိုက်ပြန်တော့လဲ အတန်းချိန်ကပျက် အရေးကြီးတဲ့ Tutorial, Piratical တွေရှိတဲ့နေ့မျိုးနဲ့တိုးရင်တော့ ဟူး.... မလွယ်ဘူးနော်.။
အဲ့ဒီလိုနေ့မျိုးအတွက် ညီမ/အမတို့ အဆင်ပြေစေဖို့အတွက် အမျိုးသမီး လစဉ်သုံးပစ္စည်းများကို မော်လမြိုင်တက္ကသိုလ် အတွင်းမှာရှိတဲ့ အမျိုးသမီးအိမ်သာများတွင် ကျွန်မ နှင်းဝေးသူနှင့် သူငယ်ချင်းတစ်စုတို့မှ လိုက်လံ၍ ထားရှိပေးထားပါတယ်ရှင်...။
ညီမ/အမ တို့အနေဖြင့် လိုအပ်သောအခါ အခမဲ့ အသုံးပြုနိုင်ပါတယ်ရှင်။
အသုံးပြုပြီးသားများကိုလဲ စနစ်တကျ စွန့်ပြစ်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။
အားလုံးအဆင်ပြေကြပါစေရှင်.....။
#နှင်းဝေးသူ
2nd years Physics
crd Ye Htut Oo
Post a Comment