0

မြောက်ကိုရီးယားမှ ပြန်လည်ပို့ပေးခဲ့တဲ့ အကျဉ်းစံ အမေရိကန်နိုင်ငံသား Otto သေဆုံးပြီး နာရီပိုင်းအကြာမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကန်စစ်တပ်ပိုင် နြူဗုံးကျဲလေယာဉ်တွေကို မြောက်ကိုရီးယားနယ်စပ်မှာ ကင်းလှည့်ပျံသန်းဖို့ အမိန့်ပေးခဲ့ပါတယ်။ အမေရိကန် နိုင်ငံသား Otto ဟာ မြောက်ကိုရီးယားမှာ 17 လကြာ အကျဉ်းကျခံခဲ့ရပြီး၊ နိုင်ငံကို ပြန်အရောက်မှာ မြောက်တို့ နှိပ်စက်ခဲ့တဲ့ ဒဏ်နဲ့ သေဆုံးသွားခဲ့တာပါ
Otto သေဆုံးပြီးနောက် အမေရိကန်သမ္မတထရမ့်က မြောက်ကိုရီးယားစစ်တပ်ရဲ့ လူမဆန်မှုကို ပြင်းပြင်းထန်ထန် ရှုံ့ချခဲ့ပါတယ်။ စစ်ရေးကျွမ်းကျင်သူတွေက Otto သေဆုံးမှုကြောင့် အမေရိကန်-မြောက်ကိုရီယား တင်းမာမှု ဒီကရီ ပြန်လည် မြင့်တက်လာခဲ့ပြီး၊ မလိုလားအပ်တဲ့ စစ်ပွဲကို ဦးတည်မှာကို စိုးရိမ်နေကြပါတယ်။


Seoul’s Defense Ministry ကလည်း ယင်းတို့ရဲ့ သတင်းထုတ်ပြန်မှုမှာ B-1B နြူကလီးယား ဗုံးကျဲလေယာဉ်တွေဟာ တောင်ကိုရီးယားနဲ့ မြောက်နယ်စပ်မှာ ကင်းလှည်ပျံသန်းခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ အမေရိကန်လေတပ်ဟာ တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ ပူးပေါင်းပြီး၊ လေကြောင်းလေ့ကျင့်မှုတွေ ပြုလုပ်လျှက်ရှိပြီး၊ တောင်တရုတ်ပင်လယ်အရေးနဲ့၊ မြောက်ကိုရီယားအရေးအတွက် ထိရောက်တဲ့ လေတပ်စစ်စခန်းတွေကိုလည်း ခြေကုပ်ယူ တည်ဆောက်နေပါတယ်။

သိန်းနဲ့ချီတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကလည်း ဂျပန်နဲ့ တောင်ကိုရီယားမှာ အခြေစိုက်ရောက်ရှိနေပြီး၊ အချို့သော သတင်းတွေမှာတော့ မြောက်ကိုရီးယားဟာ လအနည်းငယ်အတွင်းမှာ အမေရိကန်ရဲ့ လက်တုန့်ပြန်မှုကို ခံရလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။
အမေရိကန် University of Virginia မှ ကျောင်းသား Otto ဟာ မြောက်ကိုရီးယား အလည်ပတ်ခရီးစဉ်မှာ နိုင်ငံပိုင်ပိုစတာတစ်ခုကို ခိုးယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ ယင်းနောက် အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ထောင်ဒဏ် 15 နှစ် ချမှတ်ခဲ့ပါတယ်။

ထောင်ဒဏ် 17 လ ကျခံပြီးနောက် မြောက်ကိုရီယားက Otto ရဲ့ ပြစ်ဒဏ်ကို ပယ်ဖျက်ပြီး၊ အမေရိကန်ကို ပြန်ပို့ပေးခဲ့ပါတယ်။ ဒါပေမယ့် မိခင်နိုင်ငံကို ပြန်ရောက်အပြီး 6 ရက်အကြာမှာ Otto သေဆုံးသွားပါတယ်။ Otto ဟာနိုင်ငံကို ဆေးဝါးစောင့်ရှောက်မှုနဲ့ ပြန်လည်ရောက်ရှိလာခဲ့ပြီး၊  သေဆုံးသည်အထိ သတိမရခဲ့ပါဘူး။

source : thesun.co.uk

Post a Comment

 
Top