0

 






မုံရွာမြို့ပေါ် ထန်းတောရပ်ကွက်နှင့်နန္ဒဝန်ရပ်ကွက်ကြီးနှစ်ခု တွင်နေရာ ခွဲပြီး မူးယစ်ဆေးဝါများအားပီနံအိတ်များဖြင့်ထည့် ၍စွန့်ပစ်နေပြီးနေရာ၈နေရာအထိခွဲပစ်နေမှုကိုရဲတပ်ဖွဲ့မှ ယနေ့ ဇွန်လ၁၉ရက်နေ့နံနက်ပိုင်းမှစ သိမ်းဆည်း နေရသည်။

ပီနံအိတ်များတွင်နံပါတ်များပါဝင်ပြီး ပီနံတစ်ထုတ်လျှင် ဆပ်ပြာ ခွက်၆၀နှင့်အထက်ပါဝင်နိုင်သည်ဟုသိမ်းဆည်း သူများမှခန့်မှန်းထားသည်။

သိမ်းဆည်းရမိသည့်နေရာအများစု သည်အမှိုက်စွန့်ပစ်သော နေရာများဖြစ်ပြီး လူမနေသောခြံဝန်းများမှလည်း တွေ့ရှိခဲ့သည်။

အရေအတွက်အတိအကျအား မုံရွာနယ်မြေရဲစခန်းတွင် ရဲတပ်ဖွဲ့ မှ စစ်ဆေး နေဆဲဖြစ်သည်။

Post a Comment

 
Top