Nicole Coson လို့ အမည်ရတဲ့ အမျိုးသမီးဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အချမ်းသားဆုံး သူဌေးကြီးရဲ့ မြေးဆိုပေမယ့် အခြား သူဌေး သားသမီးတွေလို မိဘက ဓာတ်ငွေ့ကုမ္မဏီဆိုရင် သားသမီးက ရေနံကုမ္မဏီလုပ်တာမျိုး အစဉ်အဆက် ဆက်ခံတာ မျိုး မဟုတ်ပါဘူး။ သူမရဲ့ ဖခင်ကိုယ်တိုင်က ကျိကျိတက် ချမ်းသာပေမယ့်၊ Nicole ကတော့ သူမနာမည်ကို သူမရဲ့ ကြိုးစားမှုနဲ့ ရယူခဲ့ပါတယ်။
သူဌေးမကြီး Nicole မဟုတ်ပေမယ့်၊ Fine Art လို့ ခေါ်တဲ့ Creative art မှာတော့ နာမည်ရလာခဲ့ပါတယ်။ ဒါဟာ သူမရဲ့ ချမ်းသာ ကြွယ်ဝမှုပါဘဲ။ သူမဟာ ပန်းချီကို ၀ါသနာပါလွန်းလို့ လန်ဒန်မြို့ Central Saint Martins တက္ကသိုလ်ကနေ ဂုဏ်ထူးဆောင်ပန်းချီဘွဲ့ကို ရယူခဲ့ပါတယ်။
ယင်းနောက် နိုင်ငံကို ပြန်ရောက်တဲ့အခါ စီးပွားရေးလုပ်ငန်းတွေနဲ့ တစ်ပြားတစ်ချပ်မှ မပတ်သက်ပဲ သူမရဲ့ ၀င်ငွေနဲ့ သူမဘာသာ ရှာသုံးပြီး၊ ခက်ခဲလှတဲ့ အနုပညာလောကမှာ နေရာတစ်နေရာစာ ရအောင် ကြိုးစားခဲ့သူပါ။ Nicole ဟာ လွတ်လပ်စွာ နေတတ်ပြီး၊ သူမလုပ်ချင်ရာ အနုပညာအလုပ်ကိုသာ အာရုံစိုက် လုပ်ဆောင်နေပါတယ်။
Nicole ရဲ့ အဖိုးဟာ ဖိလစ်ပိုင်မှာတော့ အချမ်းသာဆုံးသူဌေးကြီး Henry Sy ဖြစ်ပါတယ်။ ပိုင်ဆိုင်မှု ဒေါ်လာ 14.3 ဘီလီယံ ရှိပြီး၊ လက်ရှိ SM Supermall တွေကို ပိုင်ဆိုင်ပါတယ်။ ဒါ့အပြင် SM Prime Holdings, Inc ကုမ္မဏီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။
Nicole ရဲ့ ဖခင် Teresita Sy- Coson ကလည်း BDO ကုမ္မဏီများရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။ ဒါ့အပြင် SM Investment Corporation (SMIC) မှာလည်း ဖခင်ရဲ့ လက်ထောက် ဒုတိယဥက္ကဋ္ဌ ရာထူးကို ဆက်ခံထားသူပါ။ ဒီအခြေအနေတွေ မှာ Nicole ဟာ သူဌေးမြေး၊ သူဌေးသမီး၊ သူဌေးဖြစ်မယ့် ကံဇာတာက ပါလာခဲ့ပေမယ့် သူမကတော့ အနုပညာအလုပ်
တွေကိုသာ စိတ်နှစ်ထားတယ်လို့ ဆိုပါတယ်။
သူမရဲ့ အနုပညာခံယူချက်နဲ့ပတ်သက်ပြီး အဖိုးနဲ့ အဖေကလည်း မည်သည့်ဖိအားပေး ခိုင်းစေမှုမှ မပြုလုပ်ပဲ လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးထားတယ်လို့ သိရပါတယ်။ လောလောဆယ်တော့ သူမဟာ ဒိန်းမက်နိုင်ငံသားချစ်သူနဲ့ အတူတူနေထိုင် ပြီး အခုဆို လက်တွဲလာတာ လေးနှစ်ရှိပြီလို့ သိရပါတယ်။
source : viral4ral.com
Post a Comment