0

လက်ထပ်ခြင်းဟာ အချို့သောဓလေ့များအတွက် ကမ္ဘာကြီးတစ်ခုဖန်တီးသလောက် အရေးပါသလို ကမ္ဘာတစ်လွှားက လူမျိုးစုအဖုံဖုံတို့ရဲ့ လက်ထပ်ခြင်းဓလေ့များဟာ စိတ်ဝင်စားဖွယ်ကောင်းလောက်အောင် များပြားလှပါတယ်။ တစ်ချို့ဓလေ့တွေဟာ အူကြောင်ကြောင်နိုင်သလို၊ တစ်ချို့ဓလေ့တွေကတော့ ပါးစပ်ပါ အဟောင်းသားဖြစ်ရပြန်ပါတယ်။ အဲ့ဒီလို ထူးထူးဆန်းဆန်း လက်ထပ်ခြင်းဓလေ့တွေထဲကမှ စိတ်ဝင်စားစရာ ဓလေ့လေးအချို့ကတော့...

ကြက်အသည်းအပေါ် မူတည်နေတဲ့မင်္ဂလာပွဲ

L8dvxxffxi9ftecuk6zn
တရုတ်နိုင်ငံရှိ ကျေးလက်ဒေသလေးတစ်ခုရဲ့ ဓလေ့ကလည်း ထူးထူးခြားခြားပါပဲ။ သူတို့ရဲ့ အလေ့အထက စုံတွဲတစ်တွဲလက်ထပ်ဖို့အတွက် ကြက်တစ်ကောင်ရဲ့ အသည်းအပေါ် မူတည်နေတာပါ။ လက်ထက်မယ့် စုံတွဲဟာ ကြက်တစ်ကောင်ကိုဖမ်းပြီး ရင်ကိုခွဲရမည်ဖြစ်ကာ ကိုယ်ရင်ခွဲလိုက်တဲ့ ကြက်ရဲ့အသည်းဟာ ကောင်းနေသေးတယ်ဆို လက်ထပ်နိုင်ပြီး ကြက်အသည်းက မကောင်းဘူးဆိုရင်တော့ လက်ထပ်လို့ မရပါဘူး။ သူတို့ဟာ မင်္ဂလာပွဲကို ရက်ပြောင်းစီစဉ်ပြီး နောက်ထပ်အသည်းကောင်းတဲ့ ကြက်တစ်ကောင်ကို ရှာဖွေရမှာ ဖြစ်ပါသတဲ့။ ဒါမှသာ အိမ်ထောင်ရေးတည်မြဲပြီး စီးပွားလာဘ်လာဘတွေ တိုးတက်မယ်လို့ အယူရှိကြလို့ပါ။

သတို့သမီးငိုပါစေ

Xn1s78wyhxajeosna8mu
ကာဇ္စတန်နိုင်ငံက မင်္ဂလာပွဲကျင်းပပုံလေးကလည်း သင်းပါတယ်။ သူတို့ရဲ့အယူအဆကတော့ မင်္ဂလာဦးနေ့မှာ သတို့သမီးငိုရရင် ဘ၀တစ်လျှောက်လုံး မငိုရပဲ ပျော်ပျော်ရွှင်ရွှင် ပေါင်းဖက်သွားရမယ်ဆိုတဲ့ အယူအဆပါ။ ဒါကြောင့် သူတို့သမီးဟာ မင်္ဂလာဦးညမှာ တူနှစ်ကိုယ်ကြင်ဖက် ဖဲမွေ့ရာထက်မှာ ချစ်ကလူ မကျီစယ်ရပဲ ပြန်ပေးဆွဲခံရပါတော့တယ်။ သူတို့သမီးစိတ်ထဲမှာ ၀မ်းနည်းပက်လက်ဖြစ်ပြီး ငိုလာသည်အထိ ပြန်ပေးဆွဲခံရခြင်းဖြစ်ကာ သတို့သမီးငိုပြီဆိုမှ သတို့သားထံ ပြန်အပ်တာ ဖြစ်ပါသတဲ့။ ဘ၀တစ်လျှောက်လုံး ပြုံးပြုံးပျော်ပျော်နေရဖို့ တစ်ညလောက်တော့ ငိုခိုင်းလိုက်ပါလေဆိုတဲ့ ဓလေ့မျိုးပါ။

ပထမအတွေ့အကြုံ ညီလာခံတဲလေး

Crci7hbryftrscu44p5p
ဒါကတော့ အာဖရိကရှိ တစ်ချို့သော ဒေသတွေရဲ့ ရိုးရာဓလေ့လေး ဖြစ်ပါတယ်။ သူတို့ရဲ့အလေ့အထအရတော့ သတို့သမီးထက် သတို့သားကို ဦးစားပေးကြတာမျိုးပါ။ သူတို့သမီးအနေနဲ့ လက်မထပ်ခင် ရွာပြင်ကတဲလေးမှာ မိမိနဲ့ လက်ထပ်မယ့် အမျိုးသားနဲ့ အတူတူ မိဘတွေရဲ့ အရိပ်အာဝါသ၊ ရွာရှိလူတွေရဲ့ မျက်စိအပြင်ဘက်မှာ နေဖူးခြင်းအတွေ့အကြုံကို ယူကြရပါတယ်။ ဒီမှာလို သမီးအပျိုလေးကို ဗိုင်းကောင်းကျောက်ဖိ ထားရမယ်၊ လက်မထပ်ခင် အမျိုးသားတစ်ဦးနဲ့ ဆိတ်ကွယ်ရာ မနေရဘူးဆိုတဲ့ ဓလေ့နဲ့တော့ အနည်းငယ်ကွဲပြားပါတယ်။

စုံတွဲတွေကိုနှိပ်စက်မယ်

Czhl1gik5q1qwt2t9mui
ဒီတစ်ခုကတော့ စကော့တလန်နိုင်ငံက ရိုးရာလေးတစ်ခုပါ။ သူတို့ရဲ့အစီအစဉ်ကိုတော့ မင်္ဂလာဆောင်မယ့်သူတွေအတွက် နှစ်ခါပြန်စဉ်းစားစရာပါ။ ဘာလို့လည်းဆိုတော့ မင်္ဂလာစုံတွဲဟာ မင်္ဂလာပွဲမှာ အမှိုက်တွေ၊ ကြက်ဥပုတ်တွေ၊ ငါးပုတ်တွေနဲ့ ဦးခေါင်းကနေလောင်းခံရမှာဖြစ်ပြီး ဒီလိုဆိုးဝါးလှတဲ့ အတွေ့အကြုံကို အတူတူခံနိုင်စွမ်း ရှိသွားပြီဆိုရင်တော့ နောက်ဆက်တွဲ ဘ၀မှာကြုံတွေ့ရမယ့် အခက်အခဲတွေကို အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းသွားနိုင်မယ်လို့ သတ်မှတ်ကြတာ ဖြစ်ပါတယ်။ ပေါက်ပေါက်ရှာရှာမှ တော်တော့်ကို ပေါက်ပေါက်ရှာရှာပါပဲ။

Post a Comment

 
Top