0


အင်းတော်မြို့တွင် အသက်(၁၁)နှစ်အရွယ် ယောက်ျား လေးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု၌ ပြစ်မှုကျူးလွန်သူက  အရက်မူးနေ၍ ကျူးလွန်မိ ကြောင်း ၀န်ခံခဲ့သည်ဟု အင်းတော်မြို့နယ်  မြို့မရဲစခန်းမှ ဒု ရဲအုပ် သက်တင်ဦးကပြောသည်/

မေလ ၃၀ ရက်က စစ်ကိုင်း တိုင်းဒေသကြီး အင်းတော်မြို့ နယ်တွင် အသက်(၁၁)နှစ်အရွယ် ယောက်ျားလေးတစ်ဦးသည် ည ၁၀ နာရီခန့်၌ ပုရစ်ကောက်နေ စဉ် အခြားမြို့နယ်နေ ကိုစိုင်းဆို သူက သရက်ပင်အောက်သို့ခေါ် ကာ ဓမ္မတာအတိုင်းမဟုတ်သည့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုခဲ့ သည်ဟု ဒုရဲအုပ်သက်တင်ဦးက ပြောသည်။
‘‘မိုးဦးကျ ပုရစ်ပေါ်ချိန်ဆို လူကြီးရော၊ ကလေးရော ညဘက်ပုရစ်ကောက်ကြတယ်။ စီးပွား ဖြစ်တော့ မဟုတ်ဘူး။ အဲဒါကို လာလာဒီဘက်မှာ ပုရစ်ပိုများ တယ်ဆိုပြီး ကလေးကိုခေါ်သွား တာ’’ဟု ၎င်းကဆိုသည်။
လိင်ပိုင်းဆိုင်ရာ စော်ကား ခံရသော ယောက်ျားလေး၏ မိခင် က အရေးယူပေးရန် တိုင်ကြားခဲ့သဖြင့် ကျူးလွန်သူကို အင်းတော်မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့် အရေးယူထားပြီး ကျူးလွန်သူက မေလ ၃၁ ရက်က ၀န်ခံခဲ့ကြောင်း ဒုရဲအုပ်သက်တင်ဦး၌ ဆက်လက်ပြော သည်။
ရာဇသတ်ကြီးပုဒ်မ ၃၇၇ သည် သဘာဝမကျသည့် လိင် ဆက်ဆံမှုပြုခြင်း၊ ယောက်ျားအ ချင်းချင်း၊ အမျိုးသမီးအချင်းချင်း ဆက်ဆံခြင်း၊ တိရစ္ဆာန်နှင့် လိင် ဆက်ဆံခြင်းတို့ ပြုလုပ်လျှင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ဖြစ်စေ၊ ထောင်ဒဏ် ၁၀ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှင့် ငွေဒဏ်နှစ်ရပ်စလုံးဖြစ် စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်း ထားသည်။
အင်းတော်မြို့နယ်တွင် ကလေးငယ်များကို လိင်ပိုင်းဆိုင် ရာစော်ကားသည့်ဖြစ်ရပ်မျိုးမပေါ် ပေါက်ဖူးကြောင်းနှင့် မှတ်တမ်း မရှိကြောင်း ၎င်းကပြောသည်။
‘‘ယောက်ျားလေးကို ပြုကျင့် တာမျိုးရှိနိုင်ပါတယ်။ ဒါကဓမ္မ တာနဲ့ ဆန့်ကျင်တဲ့ ပြစ်မှုထဲမှာပါ တာကိုး။ ပုံမှန်အတိုင်းမဟုတ်ဘဲနဲ့ ဆက်ဆံတာလေ’’ဟု တရားလွှတ် တော်ရှေ့နေတစ်ဦးက မှတ်ချက် ပြုသည်။
၂၀၁၇ မေလ ပထမလေးလ တွင်း ရန်ကုန်တိုင်းတစ်ခုတည်း၌ သက်ငယ်မုဒိမ်းမှု ၆၉ မှုဖြစ်ပွားခဲ့ ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ က ထုတ်ပြန်ထားပြီး ယင်းသည် ယမန်နှစ် ပထမလေးလပတ်က ဖြစ်ပွားခဲ့သည့်အမှု ၃၃ မှုထက် နှစ်ဆများပြားနေသည်။
အင်းတော်ဖြစ်စဉ်တွင် ပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့်ထားခြင်းနှင့် ပတ်သက်၍ မုဒိမ်းမှုပုဒ်မ ၃၇၆ သည် အမျိုးသမီးများကျူးလွန်ခံ ရခြင်းအတွက်သာ အကျုံးဝင်ပြီး ဓမ္မတာနှင့် ဆန့်ကျင်သော လိင် ဆက်ဆံမှုကို ပုဒ်မ ၃၇၇ ဖြင့် အရေးယူခြင်းသည် ဥပဒေအရမှန်ကန်ကြောင်း ဥပဒေပညာရှင်အ ချို့က မှတ်ချက်ပြုသည်။

Post a Comment

 
Top