0

ရန်ကုန်၊ ဇွန် ၂၇
ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၁နာရီအချိန်တွင် မင်္ဂလာဒုံမြို့မရဲစခန်းတွင် ရောက်ရှိနေသည့် ပြည့်တန်ဆာအဖြစ်စေခိုင်းခြင်းခံရသူ မ-----ကို  အမှတ်(၆)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(ရန်ကုန်)မှ တပ်ဖွဲ့ဝင် များက မေးမြန်းခဲ့ရာ ၎င်းသည် မေလ ၂၄ ရက်နေ့ နံနက် ၆ နာရီအချိန်တွင်  အထည့်ချုပ်စက်ရုံ၌ အလုပ်ဆင်းစဉ် စက်မချုပ်တတ်သဖြင့် ပြန်လွှတ် လိုက်ရာ တစ်ရပ်ကွက်တည်းနေ မခိုင်စံပယ်၊ မမြင့်မိုရ်တို့နှင့် တွေ့ဆုံစဉ်  ၎င်းတို့နှစ်ဦးမှ ထောက်ကြန့်ရှိအထည်ချုပ်စက်ရုံတွင် လုပ်ကိုင်ပါက ကြိုတင်ငွေလိုသလောက်ထုတ်၍ရကြောင်းပြောဆိုသဖြင့် လိုက်ပါ သွားခဲ့ကြောင်း၊ ၎င်းနောက် ဆိုင်ကယ်ကယ်ရီမောင်းသူ ဆံရှည်(ခ) ဇော်ရှင်း(ခ)ဟန်ဇော်ရှင်းနှင့် တွေ့ဆုံပေးပြီး ပြည့်တန်ဆာအဖြစ်
လုပ်ကိုင်ပါက ငွေလိုသလောက် ထုတ်ပေးမည်ဖြစ်ကြောင်း ပြောဆို စည်းရုံးသဖြင့် လက်ခံခဲ့ကာ ၎င်းနေအိမ်သို့ လိုက်ပါသွားခဲ့ကြောင်း၊ 

ထို့ နောက် ဆံရှည်(ခ)ဇော်ရှင်း(ခ)ဟန်ဇော်ရှင်းမှ တည်းခိုးခန်းများသို့ ပို့ဆောင်၍ ပြည့်တန်ဆာ အဖြစ်စေခိုင်းခဲ့ရာ တစ်နေ့လျင်ငွေကျပ် ၁၀၀၀ သာရရှိကြောင်း၊ အဆိုပါနေအိမ်တွင် အခြားပြည့်တန်ဆာ မိန်းကလေးများ
နှင့်အတူ နေထိုင်ရပြီး ထွက်ပြေးပါကရိုက်နှက်သဖြင့် ထွက်မပြေး ရဲခဲ့ကြောင်းနှင့် ဆံရှည်(ခ) ဇော်ရှင်း(ခ)ဟန်ဇော်ရှင်းမှလည်း အလိုမတူဘဲ သားမယားအဖြစ် ၂ ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ ဇွန်လ ၁၁ ရက်နေ့တွင်
ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရန်ပို့ဆောင်စဉ် မိခင်နှင့်တွေ့ရှိသဖြင့် နေအိမ်သို့လိုက်ပါသွားခဲ့ကြောင်း သိရှိရ၍ ယင်းသို့ ရပ်တည်ရန်ခက်ခဲ့သည့် အခြေအနေအပေါ် အခွင့်ကောင်းယူကာ ရရှိသော အကျိုးအမြတ်များကို
ခေါင်းပုံဖြတ်သူ ဆံရှည်(ခ)ဇော်ရှင်း(ခ)ဟန်ဇော်ရှင်းပါ ၃ ဦးတို့အား  အရေးယူပေးရန် တိုင်တန်းချက်အရ မင်္ဂလာဒုံမြို့မရဲစခန်း (ပ)၇၆၃/၂၀၁၇၊  လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ဖြင့် အမှုဖွင့်ကာ
ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲအကူတပ်ဖွဲ့ ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအ ကူဌာနစုမှတပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ရာ ၎င်းတို့သည် မင်္ဂလာဒုံ
မြို့နယ်၊ ထောက်ကြန့်မြို့၊ ရွာသစ်ကျေးရွာတွင်နေထိုင်ခြင်းမရှိဘဲ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့သို့ ထွက်ပြေး တိမ်းရှောင်နေကြောင်းသိရှိရသဖြင့် ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ ပခုက္ကူမြို့မရဲစခန်း
မှတပ်ဖွဲ့ဝင်များနှင့်ချိတ်ဆက်၍ သွားရောက်ဖမ်းဆီးခဲ့ရာ ဇွန်လ ၂၂ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ဆံရှည်(ခ) ဇော်ရှင်း(ခ)ဟန်ဇော်ရှင်းနှင့် ခိုင်စံပယ်ဦးတို့နှစ်ဦးအား ပခုက္ကူမြို့၊ (၆)ရပ်ကွက်၊ လမ်းမတော် လမ်းမကြီးနှင့် (၁၂)လမ်းထောင့်မှ တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးရာ မေလ ၂၄ ရက်နေ့ နေ့လယ်ပိုင်း အချိန်တွင် ခိုင်စံပယ်ဦးနှင့် မြင့်မိုရ် (စုံစမ်း ဆဲ)တို့သည် အထည်ချုပ်စက်ရုံ မှပြန်လာသူ တစ်ရပ်ကွက်တည်းနေ မ----နှင့်တွေဆုံစဉ် ထောက်ကြန့်
အထည်ချုပ်စက်ရုံတွင်လုပ်ကိုင်မည်ဆိုပါက ကြိုတင်ငွေလိုသလောက် ထုတ်ယူနိုင်ကြောင်း ပြောဆိုစည်းရုံးကာ ပြည့်တန်ဆာခေါင်းလုပ်ကိုင်သူ  ဆံရှည်(ခ)ဇော်ရှိန်း(ခ)ဟန်ဇော်ရှင်းနှင့်တွေ့ဆုံပေးပြီး ပြည့်တန်ဆာ
အဖြစ် စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။ ပေါ်ပေါက်ချက်များအရ ဆံရှည်(ခ)ဇော်ရှိန်း(ခ)ဟန်ဇော်ရှင်းနှင့် ခိုင်စံပယ်တို့နှစ်ဦးအား အမှုဖြင့်အရေးယူ ဆောင်ရွက်လျက်ရှိပြီး ပြစ်မှုကျူးလွန် ရာတွင်ပါဝင်ပြီး လွတ်မြောက်နေသူ မြင့်မိုရ်အား ဖမ်းဆီးရမိရေးစုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Post a Comment

 
Top