0

ရုရှားနိုင်ငံ၊ Saratovပြည်နယ်မှာ (၁၆)နှစ်အောက် ကျောင်းနေအရွယ် မိန်းကလေးတွေကို အပျိုစစ်၊ မစစ် စစ်ဆေးရ မယ်လို့ FBIလို အဆင့်ရှိတဲ့ ရုရှားစုံထောက်အဖွဲ့အစည်းတစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။



Saratovပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ မုဒိန်းမှု၊ အနိုင်ကျင့်စော်ကားမှုနဲ့ပတ်သက်တဲ့ မှုခင်းတွေမှာ ဆရာဝန်တွေရဲ့စစ်ဆေး ချက်အရ ပြစ်မှုကျူးလွန်ခံရသူ မိန်းကလေးတွေဟာ အပျိုမစစ်ဘူးဆိုတဲ့ ဆေးစစ်ချက်တွေပဲတွေ့ရခဲ့ပါတယ်။ ဒါကြောင့်
ရုရှားစုံထောက်အဖွဲ့အစည်းဟာ အရွယ်မရောက်သေးတဲ့ကျောင်းသူမိန်းကလေးငယ်တွေအနေနဲ့ ကိုယ်ဝန်ဆောင်ခြင်း၊
ရောဂါတွေရခြင်းတို့မှ ကင်းဝေးစေခြင်းတို့အတွက် အပျိုစစ်၊ မစစ် စစ်ဆေးရမယ်ဆိုတဲ့အမိန့်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါ
တယ်။
Saratov ကျန်းမာရေးဝန်ကြီး Vladimir Shuldyakov
အဆိုပါစစ်ဆေးမှုကို Saratovပြည်နယ်ကျန်းမာရေးဝန်ကြီး Vladimir Shuldyakovက ဦးဆောင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီစစ်ဆေးမှုကို လက်ခံသူတွေရှိသလို လက်မခံသူတွေလည်းရှိပါတယ်။ Saratovပြည်နယ်ကဆေးခန်းငယ် မှာထိုင်တဲ့ မီးယပ်ပါရဂူ Yelena Uvarovaက အပျိုစစ်၊ မစစ် စစ်ဆေးမှုမှာ လက်မနိုင်စရာဖြစ်ပြီး ရုရှားစုံထောက် အဖွဲ့အစည်းရဲ့အမိန့်ကို မေးခွန်းထုတ်လိုက်ပါတယ်။


ဒါ့အပြင် ရုရှားသတင်းစာ Moskovsky Komsomolets က ဒီစစ်ဆေးမှုဟာ ကောင်းတဲ့ရလဒ်ဖြစ်လာမှာမဟုတ်ဘဲ
ဆိုးတဲ့ရလဒ်ပဲဖြစ်လာမှာလို့ ရေးသားခဲ့ပါတယ်။ ”ဒီအရွယ်မိန်းကလေးတွေဟာ အရာရာကို စူးစမ်းချင်ကြပြီး သူတို့မှာ လည်း အိပ်မပျော်တဲ့ညတွေ၊ ရင်ခုန်မှုတွေ၊ အချစ်တွေ ရှိကြမှာပါ။ ဒါကိုလည်း သူတို့လျှို့ဝှက်ထာားချင်ကြမှာပါ။ နောက် ပြီး သူတို့မှာ လိင်ဆက်ဆံမှုကနေ ကူးစက်ရောဂါနဲ့ အခြားမီးယပ်ရောဂါတွေရှိတယ်ဆိုပါစို့။ မိန်းကလေးတွေအနေနဲ့ သူတို့နဲ့လိင်ဆက်ဆံဖော်အမျိုးသားကိုဖော်ထုတ်မယ့် ဒေါက်တာတွေဆီကို သွားသင့်သလား။ ပြီးတော့ မိန်းကလေးရဲ့ အပျိုဆေးစစ်ချက်တွေကို ရဲတွေက သိမယ်။ နောက်တော့ မိခင်တွေဆီရောက်မယ်။ ပြီးမှ ဆရာ၊ ကျောင်းနေဖော်တွေ ဆီကို ရောက်မယ်”လို့ ပြောခဲ့ပါတယ်။
Saratovပြည်နယ် ဆေးရုံ
အဲဒီစစ်ဆေးမှုကိုထောက်ခံတဲ့ ကျောင်းဝန်ထမ်းတစ်ဦးကလည်း ”ကျွန်တော် ကျောင်းမှာအလုပ်လုပ်ပါတယ်။ (၁၄)နှစ် အရွယ် မိန်းကလေးတွေဟာ သူတို့ထက်အသက်ကြီးတဲ့လူတွေနဲ့ ခနခနအပြင်ထွက်သွားကြတာကိုတွေ့ဖူးပါတယ်။
နောက်ပြီး ဒီအရွယ်လေးနဲ့ ကိုယ်ဝန်တွေပျက်ကျတာကို တွေ့ခဲ့ရပါတယ်။ ဒီအရွယ်ကလေးဟာ စာကိုပဲလေ့လာရမှာ ဖြစ်ပြီး လိင်ကိစ္စမလုပ်သင့်သေးပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။

Source; The Sun




Post a Comment

 
Top