0
sing
စင်ကာပူနိုင်ငံ ရှိ ဆောက်လုပ်ဆဲ ရထားဘူတာ၌ ရေးဆွဲထားသည့် ဂရက်ဖက်တီပုံ တွင် ဟီဂျဘ်ဝတ် မွတ်စလင် အမျိုးသမီး၏ ဦးခေါင်း၌ လက်သည်းဖြင့် ‘အကြမ်းဖက်သမား’ (terrorist) ဟု ရေးသားမှုအတွက် စင်ကာပူအစိုးရက စုံစမ်းစစ်ဆေးနေသည်ဟု သိရသည်။
Marine Parade MRT ရထားဘူတာတွင်ဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် ဟိုင်ကာလ် လတ်စ်ဖ်က ဇွန်လ ၁ ရက် ကြာသာပတေးနေ့တွင် ထိုရေးသားမှုကို တွေ့မြင်ခဲ့ပြီးနောက်ပိုင်း ၎င်း၏ Twitter စာမျက်နှာတွင် ဖော်ပြခဲ့ကာ CNA သတင်းဌာနကိုလည်း သတင်းပေးခဲ့သည်။
“ကာတွန်း တစ်ခုက ဒီလို မှတ်ချက်မျိုးကို ဖြစ်စေတယ်ဆိုတာနဲ့ပတ်သက်လို့ ကျွန်တော် တော်တော်လေး တုန်လှုပ်မိပါတယ်။ စင်ကာပူ မှာတောင် အစ္စလာမ် ကြောက်ရောဂါ က ဘယ်လောက်ပုံပေါ်လာနေလဲဆိုပြီး ကျွန်တော် တွေးမိပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေမှာ ဒီလိုဖြစ်တဲ့သတင်းမျိုးတွေကြားဖူးပြီး သိပ်မခံစားရပါဘူး။ ဒါပေမယ့် စင်ကာပူမှာဖြစ်နေတာကို တွေ့လိုက်ရတဲ့အခါကြတော့ တကယ့်ကို နာကျင်ရပါတယ်” ဟု လတစ်ဖ်က ပြောကြားခဲ့သည်။
စင်ကာပူ ကုန်လမ်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (LTA) က ဆောက်လုပ်ရေး လုပ်ငန်းရှင် မှာ ထိုကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ကို သောကြာနေ့က တိုင်ကြားထားပြီး ရဲတပ်ဖွဲ့ကလည်း ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ဖြင့် စုံစမ်းစစ်ဆေးနေသည်ဟု ပြောကြားခဲ့သည်။
Ref: CNA

Post a Comment

 
Top