0
စီစီတီဗီ လုံခြုံရေး ကင်မရာကနေ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
အဲဒီ ဗီဒီယိုထဲ လန်ဒန်တံတားနားက ဘာရာဈေး ဝန်းကျင်မှာ လမ်းသွား လမ်းလာတွေကို လူ ၃ ယောက်က တိုက်ခိုက် နေတာကို တွေ့ရပြီးတဲ့နောက် လက်နက်ကိုင် ရဲတွေကိုပါ ရန်မူ လာပါတယ်။
အဲဒီနောက်မှာတော့ အဲဒီ ၃ ယောက်လုံး ပစ်သတ် ခံလိုက်ရပါတယ်။
စနေနေ့ည လန်ဒန် အကြမ်းဖက် တိုက်ခိုက်မှုမှာ လူ ၈ ယောက် သေဆုံး ခဲ့ရပြီးတဲ့နောက် ရဲတွေက လန်ဒန် အရှေ့ပိုင်း နေရာတွေမှာ ဝင်ရောက် စီးနင်း ရှာဖွေတာတွေ ဆက်လက် ပြုလုပ် နေပါတယ်။
လူ ၃ ယောက်ကိုလည်း ထပ်မံ ဖမ်းဆီးလိုက်တဲ့ အတွက် ၁၇ ယောက် ဖမ်းဆီးခဲ့ပြီး လက်ရှိ ထိန်းသိမ်းထားမှု ၅ ယောက် ရှိနေပါတယ်

Post a Comment

 
Top