0
အွန်လိုင်းမှာတွေ့ပြီး ကြိုက်သွားတဲ့ချစ်သူနဲ့မိုတယ်မှာချိန်းတွေ့ရင်း ဓားထိုးခံရ
အွန်လိုင်းပေါ်ကလူတိုင်းကို ယုံလို့မဖြစ်ပါ…သတိထားကြပါ.
အွန်လိုင်းမှာချစ်ကြိုက်တဲ့ကိစ္စတွေကို အားလုံးတွေ့ဖူး ကြားဖူးနေကြမှာပါ။တစ်ချို့ဇာတ်လမ်းလေးတွေက အရမ်းရင်ကိုထိစေပြီး ကြည်နူးစရာလေးပါ။ အင်တာနက်ရဲ့အမှောင်ဘက်ခြမ်းက တစ်ချို့လူတွေအတွက် အန္တရာယ်များစေပါတယ်။ယနေ့ခေတ်မှာ လူမှုကွန်ရက်တွင် ချစ်သူရှာနေကြတာမဆန်းတော့ပါဘူး။ ကံကောင်းစွာနဲ့အချစ်စစ်ကိုရှာတွေ့သွားတဲ့ လူတွေလည်းရှိပါတယ်။ ဒီအမျိုးသမီးအတွက်ကတော့ ကံမကောင်းစွာနဲ့ အချစ်စစ်ရှာဖွေခြင်းဟာ ကံဆိုးမိုးမှောင်ကျတဲ့ဘက်ကို ဦးတည်သွားခဲ့တယ်။
၃၂နှစ်Sarah Mae Cabatinganဟာ Saudi Arabia က OFW မှာအလုပ်လုပ်နေပေမယ့် အိမ်ကိုပြန်လာပြီး အွန်လိုင်းကချစ်သူဖြစ်တဲ့ ၄၈နှစ် Cesar Sullivan Jr. နဲ့ မိုတယ်တစ်ခုမှာ တွေ့ဆုံဖို့ ချိန်းလိုက်တယ်။ သူမမိသားစုက ဖိလစ်ပိုင်ကအိမ်ကိုသူမရောက်နေတယ် ဆိုတာတောင်မသိလိုက်ပါဘူး။
မိုတယ်မှ ဝန်ထမ်းတွေပြောပြချက်အရ Sullivanက မိုတယ်မှာ နောက်ထပ်နှစ်နာရီ ထပ်နေဖို့ပြောတယ်တဲ့။ အဲ့ဒါနဲ့ဝန်ထမ်းတစ်ယောက်ကလည်း သူတို့တံခါးကိုသွားခေါက်ပေမယ့် အထဲက ဘာအသံမှမကြားရဘူး။ အသံမကြားလို့ တံခါးဖွင့်ကြည့်လိုက်တော့ Cabatingan ရဲ့အလောင်းကို အိပ်ရာအောက်မှာတွေ့လိုက်ရပါတယ်။ စောင်တွေနဲ့ Cabatingan ကိုထုပ်ပိုးထားပြီး ဓားနဲ့ထိုးသတ်ထားခဲ့တာဖြစ်ပါတယ်။
ထိုနေ့က Sullivanက သူ့အကြောင်းဖြစ်ရပ်မှန်တစ်ခုကို ဝန်ခံခဲ့တယ်။  Cabatingan က အမှန်တရားကို လက်မခံနိုင်ခဲ့တာပါ။တကယ်တော့ ထိုယောက်ျားကအိမ်ထောင်သည်ဖြစ်ပြီး ကလေးလည်း ၆ယောက်ရှိတယ်လို့ဆိုပါတယ်။ ဒါကို Sullivanက လက်မခံတဲ့အတွက် စကားများရာကာနေ ကိစ္စတွေပိုကြီးသွားခဲ့တယ်။ အခုဆိုရင် အွန်လိုင်းပေါ်ကသူစိမ်းတွေနဲ့ အပြင်တွေ့ဆုံဖို့ချိန်းဆိုချက်တွေ မလုပ်ရန် ရဲများကိုယ်တိုင် သတိပေးချက်တွေထုတ်လာပါပြီ။ ဆင်ခြင်တတ်ကြပါစေ။

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top