0
အဲလိဇဘက် ဘုရင်မကြီးဟာ ဖက်ရှင် တစ်ခုတည်းကို ဆယ်စုနှစ်များစွာတိုင်အောင် မပြောင်းမလဲ တစ်သမတ်တည်း ဝတ်ဆင်သူ ဖြစ်ပါတယ်။ သူ့ရဲ့ဖက်ရှင် အမှတ်အသားက ချည်ထိုးဂျက်ကတ်အင်္ကျီ၊ ဒူးဖုံး ချည်ထိုးစကတ်နဲ့ ဗြိတိန်နိုင်ငံထုတ် Launer အမှတ်တံဆိပ် လက်ကိုင်အိတ် ဖြစ်ပါတယ်။

ဘုရင်မကြီးမှာ Launer လက်ကိုင်အိတ် အလုံး ၂၀၀ ရှိပြီး အများပြည်သူ ရှေ့ထွက်တိုင်း ဒီလက်ကိုင်အိတ်ကို လက်ဖျံမှာ ချိတ်ထားလေ့ရှိပါတယ်။ ဒီအိတ်ထဲမှာ ဘာတွေ ထည့်ထားသလိုဆိုတာကို စိတ်ဝင်တစား ခန့်မှန်းနေခဲ့ကြတာ တော်တော်ကြာပါပြီ။


အိတ်ထဲမှာ အမြဲဆောင်ထားတဲ့ ပစ္စည်းတွေက တနင်္ဂနွေတွေမှာ ဘုရားရှိခိုးကျောင်းမှာ ထည့်ဝင်ဖို့ ငါးပေါင်တန် တစ်ရွက်၊ နှုတ်ခမ်းနီ တစ်တောင့်နဲ့ မှန်တစ်ချပ်ဖြစ်တယ်လို့ ဆိုကြပါတယ်။ နောက်ပြီး သူ့ရဲ့မြေးတွေကိုခေါ်ဖို့ မိုဘိုင်းဖုန်း တစ်လုံးလည်း ပါသေးတယ်လို့ မှတ်ချက်ပေးကြပါတယ်။

ဘုရင်မကြီးဟာ သူ့ရဲ့ လက်ကိုင်အိတ်ကို ပစ္စည်းထည့်ဖို့အပြင် အမူအရာသင်္ကေတ အနေနဲ့လည်း သုံးသေးတယ်လို့ ဆိုကြပါတယ်။ ညစာ စားပွဲအခမ်းအနား တစ်ခုမှာ သူကိုင်ထားတဲ့ လက်ကိုင်အိတ်ကို စားပွဲခုံခေါ် တင်လိုက်ပြီဆိုရင် သူ့အနေနဲ့ ဒီပွဲကို မြန်မြန်ပြီးစေချင်ပြီဆိုတဲ့ အဓိပ္ပာယ်ပါ။

တော်ဝင်မိသားစုရဲ့ မိသားစုဓာတ်ပုံ တစ်ပုံမှာဆိုရင် ဘုရင်မကြီးရဲ့ လက်ကိုင်အိတ်ကို မြစ်တော်တွေက ဂုဏ်ယူဝံ့ကြွားစွာ ကိုင်ထားတာကို တွေ့ရပါတယ်။ ဘုရင်မကြီးအိတ်ဟာ သူတို့တွေအတွက် အထူးတလည် အလေးထားစရာနဲ့ ဂန္ထဝင်ပစ္စည်းတစ်ခုလို ဖြစ်နေတယ်လို့တောင် ထင်ရပါတယ်။

Credit: The Voice

Post a Comment

 
Top