တချို့လူတွေဟာ အသီးအနှံတွေစားတဲ့အခါမှာ အခွံနွှာစားလေ့ရှိပါတယ်။ တကယ်တော့ အခွံတွေမှာလည်း ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ အာဟာရဓါတ်တွေ များစွာပါဝင်နေပါတယ်။ သရက်သီးစားတဲ့အခါမှာ အခွံပါစားသုံးပေးမယ်ဆိုရင် အသီးကရတဲ့ အာဟာရဓါတ်ရော၊ အခွံကပေးစွမ်းနိုင်တဲ့ အာဟာရဓါတ် နှစ်မျိုးစလုံးကို အပြည့်အ၀ရရှိမှာ ဖြစ်ပါတယ်။
သရက်သီးအခွံမှာ ပါဝင်တဲ့ ဗီတာမင်အေဓါတ်ဟာ မျက်စိအာရုံကြောကို ကောင်းမွန်စေပြီး ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။
ဗီတာမင်စီဟာ ဆဲလ်တွေသေတွေကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်ပြန်လည်မွေးဖွားရာမှာ အထောက်အကူပြုပေးတာကြောင့် အသားအရေစိုပြေစေပါတယ်။
ဓါတ်တိုးဆန့်ကျင်မှုများစွာ ပါဝင်ခြင်းဟာ ခန္ဓာကိုယ်ကို ဆိုးကျိုးပြုတဲ့ (Free radical) တွေကို လျော့နည်းစေပါတယ်။
အမျှင်ဓါတ်ပါဝင်ခြင်းဟာ အရေပြားခြောက်သွေ့ခြင်းကို လျော့ကျစေပြီး အစာချေဖျက်မှု လမ်းကြောင်းကို ပုံမှန်လည်ပတ်စေပြီး ၀မ်းချုပ်ခြင်း ကင်းဝေးစေပါတယ်။
သရက်သီးအခွံစားသုံးပေးခြင်းက ခန္ဓာကိုယ် ပိန်စေတယ်လို့ သြစတြေးလျ ကျန်းမာရေးသုတေသီတွေက အဆိုပြုထားပါတယ်။
ကျန်းမာရေးကို ကောင်းမွန်စေတဲ့ သရက်သီးကို စားသုံးတဲ့အခါမှာ အခွံမနွှာပဲ အခွံပါစားသုံးပေးမယ်ဆိုရင် အသီးကရော၊ အခွံကပါ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ရရှိမှာ ဖြစ်ပါတယ်။
Ref: Benefit of mango peel
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.