၂၀၁၇ခုနှစ်ကတော့ စီရော်နယ်ဒိုရဲ့ဘ၀အတွက် ပျော်ရွှင်စရာအကောင်းဆုံးနှစ်နဲ့ အောင်မြင်မှုတွေရရှိဆုံးနှစ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ရီးယဲလ်နဲ့ လာလီဂါဖလား၊ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးရရှိခဲ့သလို မိသားစု အရေးဘက်မှာလည်း မကြာသေးခင်က အမွှာကလေး(၂)ယောက်ရဲ့ အဖေဖြစ်လာခဲ့လို့ ဖြစ်ပါတယ်
အခုနောက်ထပ် စီရော်နယ်ဒို လိုချင်တောင့်တနေတဲ့ မိသားစုအစစ်ရဲ့ ဋီကာကို ထပ်ဖွင့်ပေးမယ့် သတင်းတစ်ပုဒ်
ရောက်လို့လာခဲ့ပြန်ပါပြီ။ အဲဒါကတော့ စီရော်နယ်ဒိုရဲ့ ချစ်သူ ဂျော်ဂျီယာဟာ စီရော်နယ်ဒိုရဲ့ စတုတ္ထမြောက် ရင်သွေးလေးကို လွယ်ထားရပြီဆိုတာပါပဲ။ ပြီးခဲ့တဲ့လက ဂျော်ဂျီယာမှာ စီရော်နယ်ဒိုရဲ့ ကိုယ်ဝန်ရှိနေပြီလို့ သတင်းထွက်တုန်းက စီရော်နယ်ဒိုရဲ့ မိသားစုအသိုင်းအ၀ိုင်းတွေ အားလုံးက ငြင်းခဲ့ပါတယ်။
အခုချိန်မှာတော့ ဘယ်လိုမှငြင်းလို့မရတော့ပါဘူး။ ဘာလို့လည်းဆိုတော့ ပြီးခဲ့တဲ့အပတ်က စီရော်နယ်ဒိုနဲ့ ဂျော်ဂျီယာ တို့ဟာ အထူးစပါယ်ရှယ် ဆေးခန်းကို သွားရောက်ခဲ့ကြပြီး DNA Testနဲ့ အက်ထရာဆောင်းတွေ ရိုက်ခဲ့ပါတယ်။ စီရော်နယ်ဒိုရဲ့ ရင်းနှီးတဲ့မိတ်ဆွေတစ်ချို့နဲ့ ဆေးခန်းရဲ့ပေါက်ကြားချက်အရ စီရော်နယ်ဒိုရဲ့ ချစ်သူ ဂျော်ဂျီယာဟာ ကိုယ်ဝန်(၅)လရှိနေပြီဖြစ်ပြီး အက်ထရာဆောင်းစစ်ဆေးချက်အရ မိန်းကလေးဖြစ်ကြောင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
စီရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ သားကြီး ဂျူနီယာနဲ့ အမွှာသားနဲ့သမီးဖြစ်တဲ့ မာတီယိုနဲ့ အီဗာတို့ကိုလည်း ခေါ်ယူ တော့မှာဖြစ်ပါတယ်။ အခု ဂျော်ဂျီယာကပါ သူ့အတွက် သမီးလေးမွေးဖွားပေးတော့မှာဆိုတော့ စီရော်နယ်ဒိုဟာ ၂၀၁၇ခုနှစ်အတွင်းမှာပဲ သားသမီးရတနာကို (၃)ထပ်ကွင်းရယူနိုင်တော့မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ စီရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲကို ဆင်နွှဲနေပါတယ်။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.