0
တရုတ်နိုင်ငံ၊ Henan ခရိုင်၊ Zhumadianမြို့မှာ တရုတ်အမျိုးသမီးတစ်ဦး ကား(၂)ခါတောင် တိုက်ခံခဲ့ရတဲ့ဖြစ်ရပ်ဟာ ခံရသူအမျိုးသမီးအတွက် အလွန်သနားစရာကောင်းသလို ကူညီသူမရှိဘဲ ဒီအတိုင်းကြည့်နေကြတဲ့ ခရီးသွားလာသူတွေအပေါ် ဒေါသထွက်ခံပြင်းဖို့ ကောင်းလှပါတယ်။
ဖြစ်စဉ်မှာ ကားတိုက်ခံရသူအမျိုးသမီးဟာ လူကူးမျဉ်းကြားမှာ ရပ်နေပြီး တစ်ဖက်ယာဉ်ကြောကားသွားလာမှုကို စောင့်နေတုန်းက တစ်ဖက်က အနီရောင်Taxiကားတစ်စီးက အရှိန်နဲ့ဖြတ်တိုက်သွားတာပါ။ ဒါပေမယ့် ကားတိုက်ခံရတဲ့ အမျိုးသမီးဟာ ချက်ချင်းမသေသေးပါဘူး။ ဒါကို ကားတွေက မရပ်ဘဲ ဆက်သွားနေတဲ့အပြင် ဥပဒေဟိုသွားလာတဲ့နေခရီးသွားတွေကလည်း မကူညီကြပါဘူး။
ခဏကြာတော့ ပထမအကြိမ်တိုက်ခံထားရတဲ့ အမျိုးသမီးကို နောက်ကားတစ်စီးက ထပ်မံတိုက်သွားခဲ့ပြန်ပါတယ်။ သူမကို ကယ်ဆယ်မယ့် အရေးပေါ်ကားတွေလာတော့ သူမဟာ လုံးဝကို အသက်မရှိတော့ပါဘူး။ တရားခံတွေကိုလည်းမကြာခင်ဖမ်းမိခဲ့ပြီး Taxiသမားမှာ Zhangဖြစ်ပြီး နောက်ကားတစ်စီးပိုင်ရှင်မှာ   Luiတို့ဖြစ်ကြပါတယ်။
အဲဒီဖြစ်ရပ်ဟာ တရုတ်အွန်လိုင်းပေါ်မှာလည်း ဗွီဒီယိုအဖြစ်ပျံ့နှံ့ခဲ့ပြီး Bloggerသမား Yuan Qicong က ”ဗွီဒီယိုက ကျွန်တော့်ကို ငိုချင်စိတ်ပေါက်စေခဲ့ပါတယ်။ အလွန်လည်း ဒေါသထွက်ဖို့ကောင်းပါတယ်။ 
တရုတ်     ပြည်ကားလမ်းပေါ်က ဘ၀တွေဟာ ငရဲတွေပါပဲ”လို့ ရေးသားခဲ့ပါတယ်။

Post a Comment

 
Top