0

တကယ်တော့ ဖူးစာဆိုတာ နဖူးမှာပါလာပြီးသားလို့ ပြောဆိုကြတယ်။ လက်ခံရမလိုပါပဲ။ အသက်(၉၃)နှစ်အရွယ် ဝေးလ်အမျိုးသမီးကြီးတစ်ယောက်ရဲ့ လက်ထပ်မင်္ဂလာပွဲဆိုတဲ့ သတင်းကိုတွေ့တော့ ဒါဟာဖူးစာပဲလို့ထင်မိခဲ့တယ်။ တကယ်တော့ အဲဒီအမျိုးသမီးကြီးရဲ့ နာမည်က Sylviaလို့ခေါ်ပါတယ်။ သူမရဲ့ခင်ပွန်းဟောင်းဖြစ်သူဟာ လွန်ခဲ့တဲ့နှစ်(၂၅)ကျော်ကတည်းက ဆုံးသွားခဲ့လို့ အထီးကျန်ဆန်ခဲ့သူဖြစ်ပါတယ်။

အခုသူမနဲ့ လက်ထပ်မယ့်သတိုးသားရဲ့အမည်က Frankလို့ခေါ်တဲ့ အသက်(၈၈)နှစ်အရွယ် ငယ်ကျွမ်းဆွေ တစ်ဦး ပါပဲ။ သူတို့နှစ်ဦးရဲ့ Love Storyဟာ လွန်ခဲ့တဲ့နှစ်(၂၀)ကတည်းက စတင်ခဲ့တာပါ။ Frank ဟာ Sylviaရဲ့ အထီး ကတော့ ငြင်းဆိုခဲ့ပါတယ်။ ကွယ်လွန်သူယောကျာ်းရဲ့မျိုးရိုးနာမည်ကို ပြောင်းရင်မလေးစားကျမယ်လို့ ထင်ခဲ့ပြီး Frankရဲ့ လက်ထပ်ခွင့်တောင်းမှုကို ပယ်ချခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်မှာတော့ Sylvia ဟာ နားမကျန်းဖြစ်ခဲ့ပြီး သူမရဲ့မိသားစုတွေရှိတဲ့ မြို့လေး ကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ အဲဒီ မှာ Frankဟာ သူ့ရဲ့ဘ၀အရာရာပျက်သုဉ်းသွားပြီလို့ ထင်ခဲ့ပါတယ်။ Sylviaနေပြန်ကောင်းလာတဲ့အခါ သူမနဲ့ Frankတို့ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလမှာတော့ Frankဟာ မျိုးရိုးနာမည်မပြောင်းလည်းရတယ်။ ငါ့ကို လက်ထပ်ပါလို့ ခွင့်တောင်းတဲ့အခါမှာတော့ Sylviaဟာ လက်ခံခဲ့ပါတယ်။

တကယ်တော့ ဒီLove Storyကို Pippa Middletonဆိုတဲ့ သတိုးသမီး၊ သတိုးသားဝတ်စုံတွေရောင်းတဲ့ဆိုင်က လူမှုကွန်ယက်ဝက်ဘ်ဆိုက်မှာတင်ခဲ့တာပါ။ အကြောင်းကတော့ Sylviaဟာ အဲဒီဆိုင်မှာ သတိုးသမီးဝတ်စုံကို သွားဝယ်လို့ဖြစ်ပါတယ်။ ပြီးတော့ Sylviaဟာလည်း မော်ဒန်မင်္ဂလာဝတ်စုံကိုပဲ ၀တ်ဆင်ချင်တယ် လို့ဆိုပါတယ်။

Pippa Middletonဆိုင်က သူမကို မင်္ဂလာဝတ်စုံတွေစမ်းဝတ်ပေးရင် သူမနဲ့လိုက်ဖက်မယ့် ၀တ်စုံရှာပေးပါလို့ဆိုပြီး Facebookမှာ ပို့စ်တင်ရင်း အခုလို အသက်(၉၃)နှစ်အဖွားအိုရဲ့ Love Storyကို သိခွင့်ရတာဖြစ်ပါတယ်။ Sylvia နဲ့ Frankတို့ဟာ လာမယ့်လဇူလှိုင်လမှာ မင်္ဂလာလက်ထပ်ပွဲဆင်နွှဲကြမယ်လို့လည်း သိရပါတယ်။

Post a Comment

 
Top