0

Equatorial Guinea နိုင်ငံရဲ့ လက်ရှိသမ္မတရာထူးကို 1979 ခုနှစ်ကတည်းက သိမ်းပိုက်ထားတဲ့ခဲ့ အာဏာရှင် Teodoro Obiang Nguema Mbasogo ဟာ ၎င်းကို ယှဉ်ပြိုင်တိုက်ခိုက်လာတဲ့ ရန်သူတွေကို အကျဉ်းချထိန်းသိမ်းပြီး ၎င်းတို့ရဲ့ ဦး
နှောက်နဲ့ ဝှေးစေ့တွေကို သူရဲ့ လိင်စွမ်းအားတိုးဖို့အတွက်ဟု ဆိုကာ စားသုံးခဲ့တယ်လို့ Mirror သတင်းဌာနက ဖော်ပြခဲ့
ပါတယ်။

Equatorial Guinea နိုင်ငံရဲ့ဟာ ယခင်က စပိန်ကိုလိုနီလက်အောက်မှာ ရှိခဲ့ပြီး၊ 1968 ခုနှစ် အောက်တိုဘာလ (12)ရက်နေ့မှာ လွတ်လပ်ရေး ရခဲ့ပါတယ်။ အဲဒီနောက် (11)နှစ်အကြာ 1979 ခုနှစ်မှာ Teodoro ဟာ သမ္မတ ရာထူးရယူထားတဲ့ ဦးလေးဖြစ်သူ Francisco Macías Nguema ကို ဖြုတ်ချပြီး အာဏာ သိမ်းယူခဲ့ပါတယ်။ Teodoro ဟာ ယခုအချိန်မှာ အာဏာသက်တမ်း (37)နှစ်အထိ ရောက်ရှိနေပြီဖြစ်ပြီး အာဖရိကတိုက်ရဲ့ သက်ဆိုးအရှည်ဆုံး သမ္မတအဖြစ် မှတ်တမ်းဝင်
ထားသူ ဖြစ်ပါတယ်။

Teodoro ကို အတိုက်အခံသတင်းမီဒီယာတွေက ” ရက်စက်မှုအပေါင်းသရဖူဆောင်းသူ”လို့ ကင်ပွန်းတပ်ခဲ့ပြီး၊ တ
ကယ်တမ်းလက်တွေ့ ရက်စက်မှုတွေဟာ အဲဒီနာမည်လောက်ကလေးနဲ့ မလုံလောက်ဖူးလို့လည်း အဆိုပါ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ယခုအခါမှာတော့ Teodoro ဟာ ၎င်းကို ဆန့်ကျင်နေတဲ့ မည်သူမဆို ဖမ်းဆီးချုပ်နှောင်ပြီး လူမဆန်
သောနည်းနဲ့ စီရင်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဖမ်းဆီးရမိထားသူတွေရဲ့ ဝှေးစေ့နဲ့ ဦးနှောက်တွေကို သူ့ရဲ့ လိင်
စွမ်းအား တိုးတက်စေဖို့အတွက် မြိန်ရေရှက်ရေ စားသုံးသူဖြစ်ကြောင်းကိုလည်း မီဒီယာတွေက ထုတ်ဖော်ရေးသားခဲ့ပါ
တယ်။


Teodoro ဟာ အသက် (74)နှစ်ကို ရောက်နေပြီ ဖြစ်ပြီး၊ သူ့ဦးလေးရင်းဖြစ်တဲ့ သမ္မတဟောင်း Francisco နဲ့ မိသားစုဝင်တွေကိုလည်း ရက်ရက်စက်စက် သေဒဏ်ပေးခဲ့ပါတယ်။ Francisco ဟာ Teodoro ရဲ့ မိဘနှစ်ပါးကို သတ်ခဲ့လို့ လက်စားချေခြင်းဖြစ်တယ်လို့ သိရပါတယ်။ Teodoro ဟာ ၎င်း အာဏာရပြီးနောက် မိမိကို နိုင်ငံရေး၊ ပုဂ္ဂိုလ်ရေးအရ ဆန့်ကျင်သူ
တွေကို ရက်ရက်စက်စက် နှိမ်နှင်းကာ လူသားတွေကိုပါ စားခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိဒုသမ္မတနေရာကို ယူထားသည့် Teodorin Nguema Obiang

စပိန်ဘာသာစကားနဲ့ ထုတ်လွှင့်ခဲ့တဲ့ ရေဒီယိုအစီအစဉ်တစ်ခုမှာလည်း Teodoro က ကော်မရှင်နာရဲမင်းကြီးတစ်ယောက်
ကို သတ်ဖြတ်စားသုံးခဲ့ဖူးကြောင်း တရားဝင် ၀န်ခံခဲ့ဖူးပါတယ်။ ၎င်းက ” အဲဒီလူကို … ကျွန်တော် စားပစ်ခဲ့ပါတယ် … သူ့ကို ဦးနှောက်မပါဘဲ … ဝှေးစေ့တွေ မပါဘဲ … မြေမြှုပ်ပစ်ခဲ့တယ် … သူ့ကိုသာ အသက်ရှင်ခွင့် ပေးခဲ့ရင် ကျွန်တော့် ဝှေး
စေ့နဲ့ ဦးနှောက်ကို သူ စားပြီးနေလောက်ပြီ “လို့ ပြောခဲ့ပါတယ်။


Teodoro ဟာ ဆန့်ကျင်သူတွေကို အရေပြား အရှင်လတ်လတ်နွှာပြီး၊ အသက်ရှင်နေဆဲ အချိန်ကလေးမှာ ဦးနှောက်ကို အစိမ်းအတိုင်း ဖောက်စားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ Teodoro ဟာ ဆီးကြိတ်ကင်ဆာကို ခံစားနေရပြီး၊ နှောင်းလူတွေဟာ သူ အိုမင်းမစွမ်းဖြစ်ချိန်၊ သို့မဟုတ် လက်ရှိအာဏာကို ထိပါပြီး သူ့ကို လက်စားချေမှာကို အထူးကြောက်ရွံ့နေတယ်လို့ သိရပါတယ်။

ဒါပေမယ့် အာဏာကို အလွယ်တကူ လုလို့ မရစေဖို့ ဒုသမ္မတကို သားအရင်းဖြစ်သူကို ခန့်အပ်ခဲ့ပြီး၊ ကာကွယ်ရေးနဲ့
စစ်ဘက် ဆိုင်ရာ ရာထူးကြီးတွေကိုလည်း သူနဲ့ ဆွေးမျိုးနီးစပ်တဲ့ သြဇာခံသူတွေကိုသာ ရွေးချယ်ခန့်အပ်ထားပါတယ်။ အခုအချိန်မှာတော့ Equatorial Guinea နိုင်ငံရဲ့ဟာ အခြေအနေ မတည်မငြိမ်ဖြစ်လျှက်ရှိပြီး၊ လက်နက်ကိုင်ပြည်သူတပ်ဖွဲ့
တွေရဲ့ ပုန်ကန်ခြားနားမှုကလည်း အားကောင်းလာနေပြီလို့ နိုင်ငံရေးပညာရှင်တွေက သုံးသပ်ထားပါတယ်။



source : mirror.co.uk

Post a Comment

 
Top