0

ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်မည့် ကိစ္စကို ပြည်တွင်းပညာရှင်များ ဝေဖန်နေချိန်တွင် ကျောက်မီးသွေးကိစ္စနှင့် ပတ်သက်ပြီး ဆန္ဒပြသူများကို ကြောက်စရာမလိုဟု NLD ပါတီ အတွင်းရေးမှူး ဦးဝင်းထိန်က ပြောကြားသည်။

နေပြည်တော်တွင် ဇွန်လ ၇ ရက်က ကျင်းပသည့် MOGSS  FOUM ဆွေးနွေးပွဲတွင် ပြောကြားခြင်း ဖြစ်သည်။

စက်မှုလုပ်ငန်းများတွင် လျှပ်စစ်မီး လုံလောက်စွာ ရရှိရေးအတွက် ကျောက်မီးသွေးကို မဖြစ်မနေ အသုံးပြုရမည်ဖြစ်ပြီး နိုင်ငံတကာနည်းပညာများတွင် လေထုညစ်ညမ်းမှု သက်သာစေသည့် နည်းပညာကို အသုံးပြု လုပ်ကိုင်နေကြသည့်အပြင် ကျောက်မီးသွေး အသုံးပြု ပတ်ဝန်းကျင်တွင် မီးရသွားလျှင် ဆန္ဒပြသူများ ငြိမ်သွားလိမ့်မည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
“ဒီနည်းပညာက မြန်မြန်ရမှ မြန်မြန်လုပ်ရမှာ။ သူတို့ကြောက်စရာ မလိုပါဘူး” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံရှိ အရန်သတ္တုသိုက်များ သတ်မှတ်မှုတွင် ကျောက်မီးသွေးမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၁၆၈ ဒသမ ၃၄၅ ဧကနှင့် မန္တလေးတိုင်းဒေသကြီးတွင် ၈၆၅ ဒသမ ၄၄၂ ဧက ရှိသည်ဟု စွမ်းအင်ကျွမ်းကျင်ပညာရှင်များထံမှ သိရသည်။

Post a Comment

 
Top