0

အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့တော်မှာ အသက်(၁၃၂)နှစ်ရှိတဲ့ ကမ္ဘာ့အသက်အကြီး ဧရာမ ကျောက်ပုဇွန်ကြီးကို ပင်လယ်ထဲသို့ ပြန်လွှတ်ပေးခဲ့ပါတယ်။ အဆိုပါ အသက်(၁၃၂)နှစ်အရွယ်ရှိပြီး Louieလို့အမည်ရတဲ့ ဧရာမကျောက်ပုဇွန်ကြီးကို နယူးယော့ခ်မြို့က Peter’s Clam Bar ပင်လယ်စာ စားသောက်ဆိုင်ပိုင်ရှင် Butch Yamaliက ပိုင်ဆိုင်တာဖြစ်ပါတယ်။

eter’s Clam Barဆိုင်ပိုင်ရှင် Butch Yamaliဟာ ဧရာမကျောက်ပုဇွန်ကြီးကို လွန်ခဲ့တဲ့နှစ်(၂၀)ကျော်ကတည်း
က ဖမ်းမိခဲ့တာဖြစ်ပြီး သူ့ကို ဆိုင်ရဲ့ရေကန်ထဲမှာ မွေးမြူထားတာဖြစ်ပါတယ်။ အဆိုပါ အနှစ်(၂၀)အတွင်းမှာ
Louieဟာ စားသုံးတွေရဲ့ဝယ်ယူမှုနဲ့ ခဏခဏရင်ဆိုင်ခဲ့ရတယ်လို့ Butch Yamaliက ပင်လယ်ထဲသို့ လွှတ်မပေး
ခင် ပြောဆိုခဲ့ပါတယ်။

အဆိုပါ (၁၃၂)နှစ်အရွယ်ရှိတဲ့ ကျော်ပုဇွန်ကြီးရဲ့အလေးချိန်ဟာ (၂၂)ပေါင်ရှိတယ်လို့ သိရပါတယ်။ Louie ကျောက်
ပုဇွန်ကို ဆိုင်ပိုင်ရှင် Butch Yamaliနဲ့ ဒေသခံအုပ်ချုပ်ရေးမှူးအချို့နဲ့ ပူပေါင်းပြီး ပင်လယ်ထဲကို ဘုတ်လှေများနဲ့ သွားကာ လွှတ်ပေးခဲ့ပါတယ်။

Peter’s Clam Barဆိုင်ပိုင်ရှင် Butch Yamaliဟာ ပြီးခဲ့တဲ့နှစ်ကလည်း Larryလို့အမည်ရတဲ့ အသက်(၁၃၀)နှစ်
အရွယ် ကျောက်ပုဇွန်ကြီးတစ်ကောင်ကိုလည်း ပင်လယ်ကို လွှတ်ပေးခဲ့ဖူးတယ်လို့ သိရပါတယ်။

Source ; Yahoo


Post a Comment

 
Top