0

 အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်ဟာ သူ့အသင်းသားတွေ စည်းလုံးညီညွတ်မှု ရရှိစေဖို့အတွက် ထူးခြားတဲ့ အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းသားတွေကို တော်ဝင်မရိန်းတပ်သားတွေလို ၄၈ နာရီကြာ နေထိုင်လေ့ကျင့်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဒါက စကော့တလန်နဲ့ ကစားရမယ့် ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ လေ့ကျင့်ရေးအစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့သန်းကြွယ်သူဋ္ဌေးလေးတွေလို့ ပြောလို့ရတဲ့ အင်္ဂလန်အသင်းသားတွေဟာ သောကြာနေ့က စတင်ပြီး camp ၀င်ခဲ့ရပါတယ်။ Camp ၀င်ပြီဆိုတာနဲ့ သူတို့ရဲ့ဖုန်းတွေအားလုံးကို အပ်ခဲ့ကြရပါတယ်။

ပြီးတော့ မရိန်းတပ်သားတွေရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်ခဲ့ကြရပါတယ်။ ၂၁ ကီလိုဂရမ်လေးတဲ့ ကျောပိုးအိတ်ကိုထမ်းပြီး လေးမိုင်ပြေးတာတွေ၊ ရေငုပ်တာတွေ၊ စစ်သားတွေလို ခက်ခဲတဲ့အတားအဆီးတွေကို ကျော်ဖြတ်ရတာတွေ ပြုလုပ်ခဲ့ကြရပါတယ်။ ဒီလိုလေ့ကျင့်ခန်းတွေကို နည်းပြဆောက်ဂိတ် ကိုယ်တိုင်လည်း ပါဝင်လုပ်ဆောင်ခဲ့တာပါ။

‘အင်္ဂလန်ကစားသမားတွေအတွက် ပတ်ဝန်းကျင်အခြေအနေသစ်တစ်ခု ဖန်တီးပေးချင်ခဲ့တာပါ။ သူတို့ မမျှော်လင့်ထားတဲ့ ပုံစံမျိုးပေါ့။ ဒီလေ့ကျင့်ရေးအစီအစဉ်ကနေ တစ်ယောက်နဲ့တစ်ယောက်ကြား စစ်မှန်တဲ့ ညီညွတ်ခြင်းတွေ ရရှိခဲ့ပါတယ်။ အားလုံးအတွက် ဘ၀မှာ အကောင်းဆုံးအတွေ့အကြုံတွေ ရရှိခဲ့ကြတာပါ’ လို့ နည်းပြဆောက်ဂိတ်က ဆိုခဲ့ပါတယ်။

Post a Comment

 
Top