0
အဆိုတော်ပိုပိုတစ်ယောက် ပြီးခဲ့တဲ့ ရက်ပိုင်းက ဆွမ်းစားဆောင်သုံးထပ်တည်ေ ဆာက် နိုင်ဖို့ အတွက် သူမနဲ့ နီးစပ်ရာ မိတ်ဆွေအပေါင်းအသင်းတွေဆီကနေ အလှူငွေ လိုက်လံကောက်ခံခဲ့ပါတယ်။နောက်ဆုံးမှာတော့ သူမရဲ့ ဆန္ဒပြည့် ၀သွားခဲ့ပြီး ဆွမ်းစားဆောင်အတွက် အလှူငွေလှူဒါန်းပေးနိုင်ခဲ့ကြောင်း သူမရဲ့ fb စာမျက်နှာပေါ်မှာ တင်ထားပါတယ်။


“ယနေ့မှာ ဆွမ်းစားရုံ ၃ထပ်ဆောက်လုပ်ခြင်း အား အနုပညာရှင်များနဲ့ ပိုပို့ပရိ သတ်များ သူငယ်ချင်း ပေါင်းစု အလှူ ၇ရက်သားသမီး အလှူရှင်များ ကိုယ်စား ၂၈ သိန်း ၅သောင်း ၂ထောင် တိတိအား လှူဒါန်းခဲ့ပါတယ် ဝါဝင်ခါနီး သင်္ကန်း ထီး ဖိနပ် ယပ် အနေကထိုင် တံမြက်စည်းများ ကို လှူဒါန်းခဲ့ပါတယ်”

“ပီတိဖြစ်မိပါတယ် သာဓု မောဒနာ ခေါ်ဆိုကြပါရှင် အလှူရှင်များ စိတ်ချမ်းသာ ကိုယ်ချမ်းသာ လိုအင်ဆန္ဒ များပြည့်ဝကြပါစေ ရှင် တပည့်တော်လဲ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ပျော်ရွှင်စွာ အနှောင့်ယှက် ကင်းကင်းနေထိုင်နိုင်ပါရစေရှင် ” ဆိုပြီး အားလုံးသာဓုခေါ်နိုင်ဖို့ fb ပေါ်မှာ ဝေမျှထားခဲ့ပါတယ်။

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top