0


World Naked Bike Ride ပွဲတော်ကို အနောက်ဥရောပ နိုင်ငံများဖြစ်ကြသည့် အင်္ဂလန်၊ စပိန်၊ ပြင်သစ်၊ ဂျာမနီ၊အမေရိကန်၊ ဟန်ဂေရီ၊ ပါရာဂွေး စတဲ့နိုင်ငံများမှာ နှစ်စဉ်ကျင်းပမြဲ ပွဲတော်တစ်ခုဖြစ်တဲ့ ကမ္ဘာ့အ၀တ်မဲ့စက်ဘီးသမားများနေ့World Naked Bike Ride 2017 ကို ယခုနှစ်ဇွန်လအတွင်းမှာ အသက်အရွယ်စုံ အမျိုးသားအမျိုးသမီး ရာနဲ့ချီပြီး  မှာ ပါဝင်ဆင်နွှဲကြမှာဖြစ်ပါတယ်။
 

စက်ဘီးသမားများဟာ ခန္ဓာကိုယ်မှာ ဆေးအကြောင်အကြား ချယ်သထားကြသူများ ရှိသလို ပကတိအတိုင်းပါဝင်ဆင်နွှဲသူများလည်း ရှိပါတယ်။ ၎င်းတို့ဟာ အကာအကွယ် ဦးထုပ်နဲ့ အားကစားဖိနပ်များမှအပ အခြား ဘာမျှဝတ်ဆင်ထားခြင်းမျိုး မရှိပါ။  အဆိုပါ ပွဲကို ပါဝင်ဆင်နွှဲသူ အများစုမှာ အမျိုးသားများဖြစ်ကြပြီးအ၀တ်မ၀တ်ဖို့ ဖိအားပေးထားခြင်းမရှိသော်လည်း မိမိ ဖော်ချင်သလောက် ဖော်နိုင်ကြောင်းကိုတော့ လွတ်လွတ်လပ်လပ် ခွင့်ပြုထားပါတယ်။
World Naked Bike Ride ပွဲတော်ကို  သက်မှတ်ထားတဲ့ ရက်ကတော့ နှစ်စဉ် ဇွန်လ(14) ရက်နေ့ဖြစ်သော်လည်း နိုင်ငံအသီးသီးမှာတော့ မိမိတို့ အဆင်ပြေတဲ့ ရက်မျိုးကို ရွေးချယ်ကာ ကျင်းပလေ့ရှိကြပြီး ဆောင်ပုဒ်ကတော့ “ Bare as you dare ”(ဖော်ချင်သလောက် ဖော်) ဖြစ်ပါတယ်။


Brighton WNBR 2016 ဗွီဒီယို



Post a Comment

 
Top