0
အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်ရဲတပ်ဖွဲ့ရဲ့ ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ Kristen Hyman အမည်ရ အသက် 30 နှစ်အရွယ် အမျိုးသမီးဟာ လွန်ခဲ့တဲ့နှစ်အတန်ကြာတုန်းက အပြာမယ်-ဇိမ်မယ်ဘ၀မှာ ကြင်လည်ခဲ့ဖူးကြောင်း၊ ညစ်ညမ်းဗွီဒီယိုခွေတွေမှာလည်း သရုပ်ဆောင်ခဲ့ဖူးကြောင်း အင်တာဗျူးမှာ ၀န်ခံခဲ့ပါတယ်

Hyman က ” ကျွန်မက ရှက်မနေပါဘူး . အတိတ်မှာလုပ်ခဲ့သမျှဟာ ကိုယ်နဲ့သက်ဆိုင်ပါတယ် … ဒါပေမယ့် ကျမ ကြောက်နေတာတော့ အမှန်ပါဘဲ .. “လို့ ပြောခဲ့ပါတယ်။ သူမ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေထဲမှာ သူမဟာ အ၀တ်အစားတွေ ချွတ်ထားခြင်း မရှိပေမယ့်၊ ကျန်တဲ့သူတွေကတော့ မြင်တွေ့နေကျ အတိုင်း အ၀တ်အစားချွတ်ကာ သရုပ်ဆောင်
ကြပါတယ်။ တစ်ခါတရံ Hyman က အခြားအမျိုးသမီးတစ်ယောက်နဲ့ သရုပ်ဆောင်လေ့ရှိပါတယ်။

အပြာလောကထဲမှာ လေးနှစ်ကြာ ကြင်လည်ခဲ့ပြီးမှ ရဲတပ်ဖွဲ့မှာ ၀င်ရောက်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ကြောင်း သူမက ၀န်ခံခဲ့တာပါ။ ဒီမတိုင်ခင်မှာပင် သူမ သရုပ်ဆောင်ထားတဲ့ 2008 ခုနှစ်နဲ့ 2012 ခုနှစ်အတွင်းရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ချို့လည်း ပေါက်ကြားခဲ့ပါတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက သူမကို ရဲသင်တန်းဘွဲ့နှင်းသဘင် မတိုင်ခင် 6 ရက်အလို၊ မေလ 26 ရပ်မှာ လစာမဲ့ပြစ်ဒဏ် ချမှတ်ခဲ့ပြီး၊ ရုံးတင် စစ်ဆေးခဲ့ပါတယ်။


Hyman ရဲအလုပ်ဝင်ရောက် လျှောက်ထားခဲ့တဲ့ Sheriff’s Office ဌာနချုပ်ကလည်း Hyman ဟာ အလုပ်လျှောက်လွှာကို လိမ်လည်ဖြည့်စွက်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် တရားသူကြီးးက သူမကို ဇွန်လ 8 ရက်နေ့မှာ ပြုလုပ်တဲ့ ရဲသင်တန်းဆင်းပွဲကို တက်ရောက်ခွင့် ပြုခဲ့သလို၊ မူလရာထူးအတိုင်း ထမ်းဆောင်ဖို့လည်း ပြန်လည် ခွင့်ပြုခဲ့ပါ တယ်။

ဒီအတွက် Hyman က ၀မ်းသာနေပြီး၊ တရားရုံးဆုံးဖြတ်ချက်ကိုလည်း ဒီလို မျှော်လင့်မထားခဲ့ဘူးလို့ ဆိုပါတယ်။ တရားရုံးဆုံးဖြတ်ချက်မှာ ” Hyman ဟာ သက်ဆိုင်ရာအဖွဲ့အစည်းကို သိမ်ငယ်အရှက်ရစေခဲ့တယ်လို့ သုံးသပ်လို့ရပေမယ့် လက်ရှိဘ၀နဲ့ သက်ဆိုင်မှုမရှိဘူးလို့ ယူဆပါတယ် .. ဒါပေမယ့် ဒဏ်ကြေးငွေတော့ ပေးဆောင်ရပါလိမ့်မယ်”လို့ ဖြစ်ပါတယ်။

Hyman က အဲဒီအပြာမင်းသမီးအလုပ်ကို လက်ခံခဲ့ရခြင်းမှာ ထိုစဉ်က ငွေရေးကြေးရေး အခက်အခဲကြောင့်လို့ ၀န်ခံခဲ့ပါတယ်။ ရာထူးကို ပြန်လည်ထမ်းဆောင်ခွင့်ရခဲ့တဲ့ သူမက ” ဒါက WWE နပန်းသတ်နေရတာနဲ့ တူပါတယ် .. ကျွန်မက ကိုယ်ပိုင် ဇာတ်လမ်းတစ်ခုကို ပိုင်ဆိုင်ခဲ့သလို၊ ကိုယ်ပိုင် ဗီဇတစ်ခုကိုလည်း တည်ဆောက်နိုင်ခဲ့ပါတယ် .. “လို့ ပြောခဲ့ပါတယ်။

Hyman ဟာ Domina Nyx Blake ဇာတ်ကားနဲ့ Greek Goddess of the Night ဇာတ်ကားတွေကို ကိုယ်ပိုင်ဖန်တီး ရေးသားခဲ့သူ ဖြစ်ပါတယ်။ သူမရဲ့ ရှေ့နေ James Lisa က ” ကျနော်က တစ်ကမ္ဘာလုံးကို သူမအကြောင်း သိစေချင်ပါတယ် … အကြီးဆုံးမေးခွန်းတစ်ခုကတော့ သူမ အလုပ်လျှောက်လွှာကို လိမ်ခဲ့သလားဆိုတဲ့ မေးခွန်းပါဘဲ … သူမ မလိမ်ခဲ့ပါဘူး .. လျှောက်လွှာထဲမှာ မော်ဒယ်၊ ဓာတ်ပုံဆရာမ၊ မင်းသမီးလို့ ဖြည့်သွင်းခဲ့တာပါ .. ဒါ အမှန်ပါဘဲ “လို့ ပြောခဲ့ပါတယ်။

source : thesun.co.uk


Post a Comment

 
Top