0
အမေရိကန်ပြည်ထောင်စု အိုကလာဟိုးမားပြည်နယ်က နှစ်နှစ်အရွယ် ကလေးလေးတစ်ယောက်ဟာ ဘက်ထရီပြား သေးသေးလေးကို မျိုချမိရာက သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ သူမျိုချမိတဲ့ ဘက်ထရီပြားလေးဟာ ဒင်္ဂါးပြား ထက်တောင်သေးပါသေးတယ်။
ကလေးလေးဟာ ပြီးခဲ့တဲ့ သုံးလေးရက်မှာ နေမကောင်းဖြစ်လာပါသတဲ့။ ပြီးတော့ ကလေးက သွေးတွေအန်လာပြီး တစ်ကိုယ်လုံးပြာနှမ်းလာတော့ သူ့မိဘတွေက လူနာတင်ယာဉ်ခေါ်ပြီး ဆေးရုံတင်လိုက်ပါတော့တယ်။

ကလေးဆေးရုံရောက်ရောက်လာချင်းပဲ ဆရာဝန်တွေက ခွဲစိတ်ပေးပေမယ့် အသက်မမီတော့ပါဘူး။ သူ့ကို ဓာတ်မှန် ရိုက်ကြည့်လိုက်တဲ့အခါကျမှ ဘက်ထရီပြားလေးကို ကလေးမျိုချထားမှန်း ပေါ်သွားပါတော့တယ်။ ဘက်ထရီပြားကို သူတို့သမီးလေးဘယ်က တွေ့တယ်ဆိုတာကို သူတို့မသိဘူးလို့ ကလေးမိဘတွေက ဆိုပါတယ်။
ဒါပေမဲ့ ကလေးသေဆုံးရတဲ့အကြောင်းရင်း သေသေချာချာသိရအောင် ကလေးကို ရင်ခွဲစစ်ဆေးသွားဦးမှာပါ။ ၂၀၀၅ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်အတွင်းမှာ ဘက်ထရီပြားကို ကလေးတွေ မျိုချတဲ့ဖြစ်ရပ်ပေါင်း နှစ်ထောင်နီးပါးဖြစ်ပွားခဲ့ပြီး အဲဒီ ကလေးတွေထဲမှာ ၁၅ ယောက်သာ သေဆုံးသွားတာပါ။

ဘက်ထရီပြားကို မျိုချမိရင် အဲဒီအပြားဟာ ကျင်ကြီးစွန့်တဲ့အချိန်မှာ ထွက်သွားတတ်ပေမယ့် တစ်ခါတလေ ဘက် ထ ရီပြားက ခန္ဓာကိုယ်ထဲမှာ ညပ်နေပြီး ထွ့်မလာနိုင်ရင်တော့ အယ်လ်ကာလိုင်းဓာတ်တွေ ထုတ်တယ်လို့ ကျွမ်းကျင်သူတွေ က ဆိုပါ။ သူ့သမီးလေးအဖြစ်ကို နမူနာယူပြီး တခြားမိဘတွေအနေနဲ့ ဘက်ထရီပြားတွေကို ကလေးတွေ လက်လှမ်းမမီနို င်တဲ့နေရာမှာထားပါလို့ ကလေးရဲ့ ဖခင်ဖြစ်သူက တိုက်တွန်းလိုက်ပါတယ်။
Credit to Good Health Journal

Post a Comment

 
Top