0
ကျွန်တော်တို့ အားလုံးက ပညာရေးဟာ အောင်မြင်ခြင်းသို့ သွားရာလမ်းမှာ အဓိက ကျတဲ့ သော့တစ်ချောင်းလို့ ယုံကြည်ထားကြသလို ချမ်းသာဖို့ အတွက် လိုအပ်တဲ့ လှေကားထစ်တစ်ခုလို့ ယုံကြည်ထားကြပါတယ်။ဒါပေမဲ့ အောင်လက်မှတ်ထက် တကယ် တက်မြောက်ခြင်းဆိုတဲ့ ပညာအရည်အချင်းကသာ အရေးကြီးတယ်ဆိုတာကို သဘောပေါက်တဲ့ လူတော်တော်နည်းပါးပါတယ်။အခုဒီမှာတော့ အောင်လက်မှတ် မရှိလို့ ဘ၀မှာ မကျရှုံးခဲ့ဘဲ ကမ္ဘာ့ထိပ်သီး ဘီလီယံနာ စာရင်းဝင်သူ များကို ဖော်ပြလိုက်ပါတယ်။
၁။ ရစ်ချက် ဘရမ်ဆန် (Richard Branson)
ပညာရေး  – အထက်တန်းကျောင်း မပြီးဆုံးခဲ့
Virgin Records တည်ထောင်သူ ရစ်ချက် ဘရန်ဆန်ဟာ သူရဲ့ စကားအရ ကျောင်းပညာရေးမှာ စာမလိုက်နိုင်ခဲ့တဲ့ အတွက် ၁၆ နှစ်မှာ ကျောင်းထွက်ခဲ့ပြီး လန်ဒန်သို့ ပြောင်းရွှေ့လာသူတစ်ဦး ဖြစ်ပါတယ်။ရစ်ချက်ဘရန်ဆန်ရဲ့ ပထမဆုံး လုပ်ငန်းတစ်ခုဟာ မဂ္ဂဇင်း တစ်ခု ထုတ်လုပ်ခြင်းဖြစ်ပြီး အသက် ၁၇ နှစ်မှာ ပရဟိတ အဖွဲ့အစည်းတစ်ခု ကို တည်ထောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။၁၉၅၀ ခုနှစ်ဖွား ရစ်ချက်ဘရန်ဆနဟာ ၂၀၁၇ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ စာရင်းအရ ဒေါ်လာ ၅.၁ ဘီလီယံ ချမ်းသာသူတစ်ယောက်ဖြစ်ပါတယ်။
၂။ အင်ဗာ ကန်ပရတ် (Ingvar Kamprad)
ပညာရေး  – အထက်တန်းကျောင်း
အင်ဗာ ကန်ပရတ်ဟာ ကမ္ဘာ့အကြီးဆုံး ပရိဘောဂ ထုတ်လုပ်ဖြန့်ချီရေး ကုမ္ပဏီဖြစ်တဲ့ IKEA ကို အသက် ၁၇ နှစ်အရွယ်ကတည်းက ဆွီဒင်နိုင်ငံမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး  (ဦးနှောက်မမှန်၍) စာဖတ် ခက်ရောဂါ ( dyslexia) ကြောင့် စာမလိုက်နိုင်ခဲ့၍ တက္ကသိုလ်အဆင့်ပညာရေးကို သင်ကြားခွင့်မရခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
၃။ ဟင်နရီ ဖို့တ် (Henry Ford)
ပညာရေး  – အထက်တန်းကျောင်း
ဟင်နရီဖို့တ်ဟာ သူရဲ့ အထက်တန်းကျောင်းမှာ သင်ရတဲ့ ဘာသာရေး အကြောင်းတွေကို စိတ်မ၀င်စားဘဲ စက်ကိရိယာပြုပြင်ရေး လုပ်ငန်းကို သာ စိတ်ဝင်စားသူတစ်ယောက်ဖြစ်ပါတယ်။အဲ့ဒါကြောင့် အသက် ၁၆ နှစ်အရွယ်မှာ အိမ်ကနေ ဒက်ထရိုက်မြို့ကို ထွက်ပြေးခဲ့ပြီး လက်ထောက်စက်ပြင်စရာ အဖြစ် စလုပ်ခဲ့ပါတယ်။Ford Motor Company  ကို တည်ထောင်သူ ဟင်နရီဖို့တ်ဟာ ၁၉၄၇ ခုနှစ်မှာ ၂၀၀၈ ခုနှစ် Forbes ရဲ့ တွက်ချက်မှုအရ သူ့ရဲ့ပိုင်ဆိုင်မှုဟာ ယနေ့ခေတ်ပေါက်ဈေးနဲ့ဆို ဒေါ်လာ ၁၈၈.၁ ဘီလီယံ ချမ်းသာသူတစ်ယောက်ဖြစ်ပါတယ်။

၎။ မိုက်ကယ် အက်စ် ဒဲလ် (Michael Saul Dell)
ပညာရေး – တက္ကသိုလ်တွင် တစ်နှစ်ပညာသင်ခဲ့။
Dell နည်းပညာ ကုမ္ပဏီကို တည်ထောင်ခဲ့သူ မိုက်ကယ် ဒဲလ်ဟာ အသက် ၁၂ နှစ်အရွယ်ကတည်းက သတင်းစာရောင်းပြီး ၀င်ငွေရှာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ပညာသင်ကြားနေစဉ်မှာပဲ ဒဲလ်ဟာ သူရဲ့ ပထမဆုံး ကုမ္ပဏီဖြစ်တဲ့ PC’s Limited ကို တည်ထောင်ခဲ့ပြီး အသက် ၁၉ နှစ်အရွယ်မှာ တက္ကသိုလ်ကနေ နုတ်ထွက်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။အသက် ၅၂ နှစ်အရွယ် အမေရိကန်ဘီလီယံနာတစ်ဦးဖြစ်သူ ဒဲလ်ဟာ ၂၀.၈ ဘီလီယံ ဒေါ်လာ ကြွယ်ဝသူတစ်ဦးဖြစ်ပါတယ်။
၅။ လီကာရှင်း (Li Ka-shing)
ပညာရေး  – အထက်တန်းကျောင်း မပြီးဆုံးခဲ့
၁၉၂၈ မှာ ဖွားမြင်ခဲ့တဲ့ အသက် ၈၈ နှစ်အရွယ် လီကာရှင်းဟာ အသက် ၁၂ နှစ်အရွယ်ကတည်းက ကျောင်းထွက်ခဲ့သူတစ်ယောက်ဖြစ်ပြီး ပလတ်စတစ်ပန်း ပြုလုပ်တဲ့ စက်ရုံတစ်ရုံမှာ အလုပ်လုပ်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
လီဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီစာရင်းများအရ အာရှမှာ အချမ်းသာဆုံး လူတစ်ယောက်ဖြစ်ပြီးပြီး ကမ္ဘာ့အချမ်းသာဆုံး ၁၈ ယောက်မြောက်ဖြစ်ပါတယ်။လီ အသက် ၂၂ နှစ်အရွယ်မှာ တည်ထောင်ခဲ့တဲ့ Cheung Kong company ဟာ ကမ္ဘာ့ထိပ်တန်း ဆိပ်ကမ်းရင်းနှီးမြှပ်နှံရေး၊ကျန်းမာရေးနဲ့ အလှကုန် ပစ္စည်းများ ထုတ်လုပ်ဖြန့်ချီနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
၆။ ဘီလ်ဂိတ် (Bill Gates)
ပညာရေး – တက္ကသိုလ်တွင် နှစ်နှစ်ပညာသင်ခဲ့။
ဘီလ်ဂိတ်ဟာ ကျောင်းပညာရေး မပြီးဆုံးခဲ့ပေမဲ့ ဟားဗတ်က ဘွဲ့လက်မှတ်တော့ရှိပါတယ်။ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံနာ တစ်ဦးဖြစ်တဲ့ ဘီလ်ဂိတ်ကို ဟားဗတ်တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့က တော်လွန်းတဲ့ အတွက် ဘီလ်ဂိတ်ဟာ ဟားဗတ်မှာ ၂ နှစ်သာ ပညာသင်ကြားပြီး ကျောင်းထွက်ခဲ့တာ ဖြစ်ပေမဲ့ ချီးမြှင့်ပေးခဲ့ရတာ ဖြစ်ပါတယ်။

၇။ လာရီ အဲလီဆန် (Larry Ellison)
ပညာရေး – တက္ကသိုလ်တွင် နှစ်နှစ်ပညာသင်ခဲ့။
အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ လာရီ ဟာ Microsoft ပြီးရင် Software ထုတ်လုပ်ရေး ကဏ္ဍမှာ ဒုတိယနေရာ က ဦးဆောင်နေတဲ့ Oracle Corporation ကို တည်ထာင်သူတစ်ဦးဖြစ်ပြီး အီလီနွိုက် တက္ကသိုလ်မှာ ၂ နှစ် ပညာသင်ကြားခဲ့ပြီးထွက်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
၈။ ဂျွန် ဒီ ရော့ဖဲလား (John D. Rockefeller)
ပညာရေး – ငွေစာရင်းကိုင်သင်တန်းတွင် ၃ လ တက်ခဲ့။
အမေရိကန် လောင်စာဆီ လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ရော့ဖဲလားဟာ အမေရိကန်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ယော်အဖြစ်ယူဆ  နိုင်ဲပီး ၁၉၃၇ ခုနှစ်က သေဆုံးခဲ့သူတစ်ယောက်ဖြစ်ပါတယ်။၂၀၁၇ ခုနှစ် Forbes မဂ္ဂဇင်းရဲ့ တွက်ချက်မှုအရ ရော့ဖဲလားရဲ့ ပိုင်ဆိုင်မှုဟာ ယနေ့ပေါက်ဈေးအရ ဒေါ်လာ ၃၃၆ ဘီလီယံရှိပြီး ရော့ဖဲလားဟာ အထက်တန်းကျောင်းအောင်မြင်ခဲ့ပေမဲ့ ကောလိပ်ကို ဆက်မတက်တော့ဘဲ ထွက်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
၉။ အာမန်စီရို အော်တူဂါ (Amancio Ortega)
ပညာရေး  – အထက်တန်းကျောင်း မပြီးဆုံးခဲ့
စပိန် အ၀တ်အစားထုတ်လုပ် ဖြန့်ချီရေး ကုမ္ပဏီဖြစ်တဲ့ Zara တည်ထောင်သူ အော်တူဂါ ဟာ အသက် ၁၃ နှစ်ကတည်းက ကျောင်းထွက်ခဲ့ရသူတစ်ဦးဖြစ်ပြီး အ၀တ်အစားပို့ဆောင်ပေးသူ အလုပ်သမားအဖြစ် စတင်လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
အော်တူဂါဟာ ပထမဆုံး အ၀တ်အစားဆိုင်ကို ၁၉၇၅ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များထဲမှာ ပါဝင်သူတစ်ဦးလည်း ဖြစ်ပါတယ်။


Ref : Bright Side


Post a Comment

 
Top