0

ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူးဆွာရက်က စပါးအသင်းကွင်းလယ်လူ အဲရစ်ဆင်အနေဖြင့် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့လာပါက ကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အသက်အရွယ် ရလာပြီဖြစ်တဲ့ ကွင်းလယ်လူ အင်နီယေစတာနေရာမှာ အစားထိုးဖို့ အဲရစ်ဆင်လို ကစားသမားမျိုး အမှန်တကယ် လိုအပ်နေပါတယ်။

Ikuj8w1uunj6vvdxfhik
အဲရစ်ဆင်ကိုယ်တိုင်ကလဲ ဘာစီလိုနာကသာ ကမ်းလှမ်းလာပါက ငြင်းဆန်ဖို့ခက်ခဲကြောင်း ပြောကြားထားခဲ့သူဖြစ်ပြီး ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားလိုကြောင်း ပြောကြားခဲ့သူဖြစ်သည်။ ထို့ကြောင့်ဆွာရက်ကလဲ အဲရစ်ဆင်ကိုခေါ်ယူဖို့ ဘာစီလိုနာဘုတ်အဖွဲ့ကို တောင်းဆိုထားကြောင်း သတင်းများထွက်ပေါ် လျက်ရှိသည်။
Oozwxuqavbm7ebxlgcqq
အသက်၂၅နှစ် အရွယ်ရှိ အဲရစ်ဆင်မှာ ပြီးခဲ့တဲ့ရာသီက စပါးအသင်းတွင် ခြေစွမ်းပြကစားခဲ့ပြီး စပါးအသင်း ဒုတိယနေရာမှာ ရပ်တည်နိုင်အောင် အဓိကနေရာမှ ပံ့ပိုးပေးခဲ့သူဖြစ်သည်။ ဒါ့ပြင်အဲရစ်ဆင်ဟာ အေဂျက်အသင်းကနေ စပါးအသင်းကိုမရောက်ခင် ဘာစီလိုနာသို့ သွားရောက်၍ ခြေစွမ်းအစမ်းသပ် ခံခဲ့ဖူးသူဖြစ်သည်။

Post a Comment

 
Top