0
မိုရာတာဟာ မန်ယူနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုရခဲ့ပြီလို့ ဆိုပါတယ်။ 

 
စပိန်လက်ရွေးစင်တိုက်စစ်မှူး မိုရာတာ

မန်ချက်စတာယူနိုက်တက်အသင်းက ရီးရဲလ်မက်ဒရစ်နဲ့ စပိန်လက်ရွေးစင် တိုက်စစ်မှူး အယ်လ်ဗာရို မိုရာတာကို စာချုပ်ခေါ်ယူနိုင်တော့မယ်လို့ ဆိုပါတယ်။ စပိန်လက်ရွေးစင် မိုရာတာဟာ ရီးရဲလ်ကနေ ယခုနှစ် နွေရာသီမှာ ထွက်ခွာမှာဖြစ်ပြီး မန်ယူနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုရခဲ့ပြီလို့ သိရပါတယ်။

 ကိုလံဘီယာ ၂ - ၂ စပိန် ခြေစမ်းပွဲစဉ်မှ မိုရာတာရဲ့ သွင်းဂိုး


ဗြိတိန် The Sun သတင်းကတော့ မိုရာတာဟာ မန်ယူကို ပြောင်းရွှေ့ရန် သဘောတူညီမှု ရခဲ့ပြီလို့ ဖော်ပြလာပါတယ်။ မန်ယူက တိုက်စစ်မှူး အီဗာရာဟီမိုဗစ်ခ်ျကို စာချုပ်သက်တမ်း မတိုးတော့ဘဲ နည်းပြမော်ရင်ဟိုက မိုရာတာကို ခေါ်ယူသွားရန် ပိုမိုအာရုံထားလာခဲ့တာလည်း ဖြစ်ပါတယ်။

 
အားလပ်ရက် အပန်းဖြေနေသည့် မိုရာတာတို့စုံတွဲ

လက်ရှိမှာ ချစ်သူ Alice Campello အဲလစ်ကမ်ပယ်လိုနဲ့အတူ အားလပ်ရက် အနားယူးအပန်းဖြေနေတဲ့ မိုရာတာကို မန်ယူက ကာလရှည်စာချုပ်ချုပ်ဆိုသွားရန် စိတ်ဝင်စားနေကြောင်းနဲ့ မိုရာတာအတွက် ပြောင်းရွှေ့ကြေး ပေါင်စတာလင် သန်း ၆၀ ပေးရဖွယ်ရှိကြောင်း သိရပါတယ်။ မန်ယူက မိုရာတာအတွက် ပေါင်စတာလင် ၅၂ သန်းဖြင့် ကမ်းလှမ်းခဲ့ဖူးပေမဲ့ ရီးရဲလ်က ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။



Post a Comment

 
Top