0
 
ရဲတပ်ဖွဲ့ဝင်များအား အသက်အန္တရာယ်ဖြစ်နိုင်သည်အထိ ပြန်လည်ခုခံသဖြင့် ၁၂ ဘိုးပြောင်းချောသေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး၊ဒိုက်ဦးမြို့နယ်၊ဖောင်တော်သီရဲစခန်းအပိုင်၊ ကတုတ်ရွာမကျေးရွာတွင် (၁၃.၆.၂၀၁၇)နေ့ နံနက် (၆) နာရီအချိန်ခန့်က လင်မယားချင်း စကားများရာမှ ဓားခုတ်မှုတစ်ခုဖြစ်ပွားခဲ့သည်။

ကတုတ်ရွာကျေးရွာနေ ဒေါ်အေး(၄၅)နှစ်၊(ဘ)ဦးမြမဲ၊ကျဘမ်းလုပ်သူသည် နေအိမ်`၌ ဟင်းချက်ရန် ငါးခုတ်နေစဉ် အ တူနေခင်ပွန်းဖြစ်သူ ဦးတင်စိုး(၄၅)နှစ်၊(ဘ) ဦးအောင်သိန်း၊ကျဘမ်းလုပ်သူမှ ၄င်းအား အိမ်ထောင်ရေးဖောက်ပြန်သည် ဟု စွပ်စွဲပြောဆိုပြီး တစ်ယောက်တစ်ခွန်း စကားများရာမှ ဦးတင်စိုးသည် ငါးခုတ်နေ သော အရိုးအသွား(၁၆)လက်မခန့်ရှိ ၀ါးရိုးတပ် ဓါးဖြင့် ဇနီးဖြစ်သူဒေါ်အေးအားခုတ်ခဲ့ရာဒေါ်အေးတွင် ဒဏ်ရာများရရှိခဲ့သဖြင့်ဆေးရုံတွင် အတွင်းလူနာ (စိုးရိမ် ရ)ဖြင့်ဆေးကုသမှုခံယူလျှက်ရှိပြီး စခန်းမှ(ပ)၁၆၅/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၃၂၆ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

အမှုမှ တရားခံတင်စိုးအား နေ့လည်(၂း၃၀)အချိန်ခန့်စခန်းမှတာဝန်ရှိသူများသည် သက်သေများနှင့်အတူ ၄င်းနေအိမ်၌ သွားရောက်ဖမ်းဆီးခဲ့ရာ တရားခံတင်စိုးသည် နေအိမ်တံခါးပိတ်ထား၍ ဓားကိုင်ပြီး အိမ်ထဲမှအော်ဟစ်ဆဲဆိုကာ ရမ်း ကားခုခံနေသဖြင့် စခန်းမှတာဝန်ရှိသူများသည် (၁)နာရီကျော်အချိန်ခန့်အထိစည်းရုံးဖြောင်းဖျပြောဆိုသော်လည်း လ က်မခံသဖြင့်နေအိမ်အတွင်းဝင်ရောက်ဖမ်းဆီးခဲ့စဉ် တင်စိုးမှ ရဲတပ်ဖွဲ့ဝင်များအားသက်အန္တရာယ်ဖြစ်စေနိုင်သည်အထိ အရိုးအသွား(၁၆)လက်မခန့်ရှိ ဓားမဖြင့် ရန်ပြုခုခံသော ကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ၁၂ ဘိုးပြောင်းချော သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်းသတင်းရရှိသည်။
၁၂ဘိုးပြောင်းချော သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်မှုကြောင့်တင်စိုး တွင်လည်ပင်း၊ရင်ဘက်တို့တွဒဏ်ရာများ ရရှိခဲ့၍ ဆေးရုံတွင် ပြင်ပလူနာ(မစိုးရိမ်ရ)ဖြင့် ဆေး ကုသမှုခံယူခဲ့ရပါသည်။
Source: အောင်အောင်ခိုင်

Post a Comment

 
Top