0

ရေချိုးစဉ်အပေါ့သွားခြင်းဟာ အောက်ပါ ကောင်းကျိုးတွေနဲ့ ညီညွှတ်ကြောင်းကို ထောက်ခံထားကြပါတယ်။

(၁) သဘာဝရေအရင်းမြစ်ကို ကာကွယ်ရာရောက်တယ်


ရေချိုးစဉ်အပေါ့သွားခြင်းဟာ သာမာန်အပေါ့သွားခြင်းကြောင့် အသုံးပြုရတဲ့ ရေကို ချွေတာရာ ရောက်ပြီးသား ဖြစ်စေပါတယ်။ ရှားပါးလာပြီဖြစ်တဲ့ သဘာဝရေအရင်းမြစ်ကို ထိန်းသိန်းကာကွယ်ရာရောက်ပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း ကာကွယ်ပေးရာ ရောက်ပါတယ်။ အကြောင်းကတော့ သာမာန်အပေါ့သွားချိန်မှာ အပေါ့သီးသန့်သွားတဲ့နေရာတွေမှာ အနံ့ တွေနံနေတတ်ပါတယ်။ ရေချိုးစဉ်အပေါ့သွားခြင်းဟာ ဒီလို အနံ့ဆိုးတွေ ထွက်ခြင်းမှ ကင်းဝေးစေပါတယ်။

(၂) ပိုပြီးတော့ ကျန်းမာစေတယ်

သာမန်အပေါ့သွားတဲ့အချိန်မှာ လူတွေဟာ အိမ်သာသုံးစက္ကူ၊ တစ်ရှုး စတာတွေနဲ့ သန့်ရှင်းရေးလုပ်လေ့ရှိကြပါတယ်။ ဒီ တစ်ရှူးတွေ စက္ကူတွေမှာ ရေမွေးအနံ့ကဲ့သို့သော ဓာတုဓာတ်ပေါင်းတွေ၊ စက္ကူဖြစ်ဖို့ ပျော့ဖက်ကြိတ်စဉ်မှာ အသုံးပြုရတဲ့ ဓာတ်ပေါင်းတွေ ပါဝင်ပါတယ်။ အဲဒီကနေတစ်ဆင့် လိင်နဲ့၊ အူလမ်းကြောင်းမှာ ရောဂါတွေ ၀င်ရောက်နိုင်ပါတယ်။ ၀င်ရောက်ခဲ့တဲ့ သာဓကတွေလည်း ရှိပါတယ်။ ရေချိုးစဉ်အပေါ့သွားခြင်းကတော့ အပေါ့သွားပြီးတာနဲ့ သန့်ရှင်းတဲ့ရေနဲ့ စိမ်ပြေနပြေ သန့်ရှင်းရေး လုပ်နိုင်ပါတယ်။ ဒါဟာ ရေချိုးစဉ် အပေါ့သွားခြင်း၏ အားသာချက်ဖြစ်ပါတယ်။

(၃) ပိုပြီးတော့ သန့်ရှင်းစင်ကြယ်စေတယ်


ရေချိုးစဉ်အပေါ့သွားခြင်းနဲ့ သာမန်အပေါ့သွားခြင်းရဲ့ ကွာခြားချက်ကတော့ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း စက္ကူနဲ့သန့်ရှင်းတာထက်၊ ရေနဲ့သန့်ရှင်းတာက ပိုပြီး ကျန်းမာစေပါတယ်။ ပိုပြီးတော့လည်း သန့်ရှင်စင်ကြယ်စေပါတယ်။

(၄) ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးတယ်

ရေချိုးစဉ်အပေါ့သွားလိုက်ခြင်းက တစ်ရှုးတို့စက္ကူတို့ကနေ ပေးလာနိုင်တဲ့ ဓာတုအန္တရာယ်တွေကို ကာကွယ်ပေးပြီးသား ဖြစ်ပါတယ်။ အကြောင်းကတော့ အပေါ့သွားပြီးတာနဲ့ လူတိုင်း ရေနဲ့ စိမ်ပြေနပြေ သန့်ရှင်းရေး လုပ်ကြလို့ ဖြစ်ပါတယ်။

Post a Comment

 
Top