0




MNTV ရုပ်သံလိုင်းကနေ ဇွန် ၁၁ ရက်မှာ စတင်ထုတ်လွှင့်ပြတော့မဲ့ တစ္ဆေပျောက်ကြော်ငြာရုပ်သံဇာတ်လမ်းတွဲမှာ နန်းဆုရတီစိုး ပါဝင်သရုပ်ဆောင်ထားပါတယ်။
တစ္ဆေပျောက်ကြော်ငြာလို့ဆိုတဲ့အတိုင်း ရုပ်သံကြော်ငြာမီဒီယာကုမ္ပဏီတခုက ဇာတ်လမ်းတွဲရိုက်ကူးရာမှာ ချစ်ကြိုက်ညားလွဲ ရှေးရိုးစွဲအစဉ်အလာကြီးကနေ ဖောက်ထွက်နိုင်ဖို့အတွက် လူငယ်မားကက်တင်းအဖွဲ့ တခုဖွဲ့ပြီး တစ္ဆေ၊ သရဲရှာပုံတော်ဖွင့်ကြတယ်။ နန်းဆုတယောက်ကတော့ မားကက်တင်းအဖွဲ့ရဲ့ မန်နေဂျာပေါ့။
ဇာတ်လမ်းလေးရဲ့ ထူးခြားချက်ကတော့ ပရိသတ်ကို ကွန်ပျူတာအရိပ်တွေ၊ Animection တွေ မလုပ်ပြဘဲ သဘာဝကျကျ ဇာတ်ရုပ်မှန်ကို ချပြပေးထားတာပဲ ဖြစ်ပါတယ်။ နန်းဆုက သူမရဲ့ ငယ်စဉ်ကလေးဘ၀ ကတည်းက ပရလောကရဲ့ ခြောက်လှန့်မှုတွေကိုခံခဲ့ရပြီး ခုပြသမဲ့ တစ္ဆေပျောက်ကြော်ငြာ ဇာတ်လမ်းတွဲ ရိုက်ကူးရာမှာလည်း ဇာတ်ဝင်ခန်းတချို့မှာ တစ္ဆေသရဲတို့ရဲ့ ခြောက်လှန့်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
''နန်းဆုအနေနဲ့ ရုပ်ရှင်ထဲမှာတင် မဟုတ်ပါဘူး။ အပြင်လောကမှာလည်း ပရလောကဆိုတာ ရှိပါတယ်။ နန်းဆုက ဒီဇာတ်ကားရိုက်လို့ သရဲ၊ သစ္ဆေရှိတယ်ဆိုတာ ယုံကြည်တာရော၊ နန်းဆု ကလေးဘ၀ကလည်း ဒီပရလောကရဲ့ခြောက်လှန့်မှုတွေကို ခံခဲ့ရတာကြောင့် ပရလောကနဲ့ ပရလောကသားဆိုတာ တကယ်ရှိတယ် လို့ ယုံကြည်မိတာပါ''လို့ သရုပ်ဆောင်နန်းဆုရတီစိုးက ပြောပါတယ်။
နန်းဆုရတီစိုးဟာ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေကို ခေတ္တအနားယူထားပြီး အပြင်စီးပွားရေးလောကကို ၀င်ရောက်နိုင်ဖို့ စိတ်ကူးနေပါတယ်လို့ ဆိုပါတယ်။ ရုပ်ရှင်၊ ဗီဒီယိုနဲ့ဇာတ်လမ်းတွဲ ရိုက်ကူးရာမှာ ဇာတ်လမ်းတွဲ ရိုက်ကူးရေးအတွက် ပေးရတဲ့အချိန်က ပိုများပြီး အဲဒီအပေါ်မှာပဲ အာရုံစိုက်ထားရပါတယ်။ ရှုတင်ဂျူတီချိန် လည်း တခြားရိုက်ကူးရေးထက် ပိုများပါတယ်လို့ သူမက ပြောပါတယ်။
သူရဲကားတွေထဲမှာ ခုဇာတ်လမ်းတွဲ ရိုက်ကူးထားတာ တကယ့်သင်္ချိုင်းမှာ သွားရောက် ရိုက်ကူးရတာတွေ၊ နေ့အချိန်ထက် ညအချိန်တွေပိုများလို့ စိတ်ချောက်ချားစရာကောင်းလှပါတယ်။ သူမအပါအ၀င် ဒီဇာတ်လမ်း တွဲမှာ ပါဝင်ကြသူအားလုံးဟာ ကိုယ်ရော၊ စိတ်ရော အားကြိုးမာန်တက်နဲ့ ကြိုးစားအားထုတ်ထားတယ်လို့ ဆိုပါတယ်။

Post a Comment

 
Top