0
ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီးသည် လန်ဒန်မြို့  ဥစတန်လမ်း ကင်းခရော့ဆ်အရပ်ရှိ ဗြိတိသျှ စာကြည့်တိုက်ကို သွားရောက်လည်ပတ်တဲ့  ဓါတ်ပုံတွေ တွေ့ လို့  ယခု စာကိုရေးပါတယ် ……
(ဆရာတော်ဘုရားကြီးကို ဦးတင်ပါတယ်ဘုရား)

 ၁၈၅၅ ခု မှာ ပဲခူးတိုင်းဝန့် ရှင်တော်မင်းကြီး မေဂျာအာသာဖွေရာဦးဆောင်တဲ့ သံအဖွဲ့ဟာ အမရပူရရွှေနန်းတော်ကို သွားခဲ့ကြတယ် အဓိကအကြောင်းရင်းက  ပဲခူးနယ်ကို အင်္ဂလိပ်တို့ အောင်နိုင်တာကို
အမရပူရမှာရှိနေတဲ့ မင်းတုန်းမင်းက  အသိအမှတ်ပြု ပေးဖို့  လက်မှတ်ထိုးပေးဖို့ ပဲ …၁၈၅၅ မှာ မင်းတုန်းမင်းဟာ အမရပူရမှာ စံနေတုန်း မန္တလေးကို မပြောင်းရသေးဘူး … ရန်ကုန် ကတော့ ၁၈၂၄ / ၂၅ ခု မှာကတည်းက
အင်္ဂလိပ်လက်အောက်ကျ ပြီးပြီ ! အဲတော့ မြန်မာဘုရင်ရဲ့ ပိုင်နက်ထဲကို သွားမယ့်အတူတူ စနစ်တကျ
သွားဖို့ လိုတယ် သွားရင်းလမ်းကြုံ မှတ်တမ်းတင်မယ်  အစီရင်ခံစာလည်း ရေးရမယ်  ရန်ကုန်ပြန်ရောက်ရင် အစီရင်ခံစာကို အိန္ဒိယဘုရင်ခံချူ ပ်ထံကို ပို့ ပေးရမယ် …




ရသမျှ နဲ့ မှတ်တမ်းတင်ကြမယ်ပေါ့ မြန်မာဘုရင်ပိုင်နက်ထဲနေထိုင်ကြတဲ့လူတွေရဲ့  လူနေမှုဘဝ စီးပွားရေ လူမှုရေး စတာတွေနဲ့ အဆောက်အအုံ စတာတွေကို အသေးစိတ် မှတ်တမ်းတင်ဖို့ လိုတယ် …
မှတ်တမ်းတင်ဖို့ ကို မေဂျာဖွေယာက  သေချာပြင်ဆင်လာပါတယ် …
မေဂျာ့ကိုယ်ရေးအရာရှိ ဟင်နရီယူးကစာအားဖြင့်မှတ်တမ်းတင်မယ် …
ဒီမစ်ရှင်ထဲ ဒီသံအဖွဲ့ ထဲမှာ ဓါတ်ပုံဆရာတစ်ယောက်နဲ့ ပန်းချီဆရာတစ်ယောက်ကို မေဂျာဖွေရာ
သေသေချာချာ ခေါ်ဆောင်လာပါတယ် …
ဓါတ်ပုံဆရာ က ကပ္ပီတန်ထရိုက် တဲ့ပန်းချီဆရာက ဂရန့် ဂိုဝါသီ တဲ့
*မြန်မာတွေက စီဂရန့် လို့ ခေါ်ကြတယ်
(ကုန်းဘောင်ဆက်ရာဇဝင်ကြီးထဲက ခေါ်တဲ့အခေါ်အဝေါ်ပဲ)

မစ်ရှစ်လမ်းကြောင်းက ရေကြောင်းကို ရွေးပါတယ် ဧရာဝတီမြစ်ကြောင်းအတိုင်းရန်ကုန်ကနေ အမရပူရကို ဆန်တက်ကြဖို့ ပဲ …
လမ်းတွေ့ သမျှ မြို့ ရွာ လူနေမှုပုံစံ ဘာညာစတာတွေကို မှတ်တမ်းတင်တယ်…
ဓါတ်ပုံအနေနဲ့ တော့ အမရပူရနေပြည်တော်ရောက်မှပဲ မှတ်တမ်းတင်ထားတာကိုတွေ့ တယ် …
ပန်းချီဆရာဂရန့် ကတော့တလမ်းလုံးရေးလာတာပဲ …



(ပုဂံပန်နိုယားမားတို့  အမရပူရနေပြည်တော်ပန်နိုယားမားတို့ ကို ရေးထားများသေလောက်တယ် )
သူ တွေ့ တာသူရေးတာပဲ မြန်မာဘုရင်ပိုင်နက်ထဲသရက်တို့ အောင်လံ တို့ မြေထဲဒေသကိုလွန်တာနဲ့ 
မြန်မာဘုရင်၏ ကိုယ်စားလှယ်တွေကသေချာကြို ဆိုကြတယ် …ဧည့်ခံကြတယ်
အဲနေရာက စပြီး မြန်မာ့အဆင့်မြင့်အရာရှိကြီးတွေကိုတည့်တည့်ကြီးတွေ့တော့အကုန်လုံးကို ပန်းချီရေးပြီးမှတ်တမ်းတင်ခဲ့တယ် …




ဗန္ဓု လသား မောင်ကြီးတို့ ကစလို့ ရှုခင်းမပါ လူပုံချ ည်းပဲ ကား၂ဝ ကျော်ရေးခဲ့တယ် အဲကာလက မြန်မာ့အရာရှိလောကမှာ အလွန်သြဇာတိက္ကမကြီးမားပြီး
အလွန်အရေးပါလှတဲ့ ပုဂ္ဂို လ်တစ်ဦးကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ် …
၎င်း ပုဂ္ဂို လ်ကတော့ …
မင်းသုံးဆက်တိုင် အတိုင်ပင်ခံအမတ်ကြီး ဝန့် ရှင်တော် မကွေးမင်းကြီးဦးကြာဥပါ …
မင်းကြီးဟာ မေဂျာတို့ သံအဖွဲ့ ကို ကောင်းမွန်စွာဆက်ဆံပြီး အတွေးအမြင်တွေဖလှယ်ကြတယ် …
(မင်းကြီး နဲ့ အာသာဖွေရာတို့  မြင်းမိုရ်တောင်နှင့် ကျွ န်းကြီးလေးကျွ န်းတည်ပုံ အကြောင်းပြောရင်း  တစ်ယောက်နဲ့ တစ်ယောက် အယူအဆမတူ သဘောထားမတိုက်ဆိုင်ကြလို့  စိတ်ကောက်ကြသေးတယ် :P )
တိုတိုပြောရရင် မေဂျာဖွေရာရဲ့ မစ်ရှင်ဟာအမရပူရနေပြည်တော်ရောက်တယ် …

မင်းတုန်းမင်းကြီးနဲ့ တွေ့ ခွင့်ရတယ်
အိမ်ရှေ့ မင်းသားနဲ့ တွေ့ ခွင့်ရတယ်
မင်းကြီးဦးကြာဥနဲ့ တွေ့ ခွင့်ရတယ် …
ဒါပေ့မယ် ဖွေရာတို့ လိုချ င်တဲ့ ခူးတိုင်းကို မြန်မာတို့ ဆုံးရှုံးရသည်ကို သိတဲ့အကြောင်း အင်္ဂလိပ်တို့ အောင်နိုင်သည်ကို အသိအမှတ်ပြု ကြောင်းလက်မှတ်ကိုတော့မင်းတုန်းမင်းကြီးက မထိုးပေးလိုက်ပါဘူး ……
ဖွေရာကမင်းတုန်းမင်းကြီးနဲ့ တွေ့ တော့ သူဘက်ကို ဘယ်လိုပါအောင် ပြောပြောမင်းကြီးက မြတ်စွာဘုရားတရားတော်အကြောင်းပဲဆွေးနွေးတယ်
ဖွေရာ ဖတ်ဖို့ တောင် တရားတော်တွေကိုရေးထားတဲ့ ပေစာထုတ်တွေပေးလိုက်တယ်
မဟာဗုဒ္ဓဝင် နန်းတွင်းလက်ရာရောင်စုံပုရပိုက်ဖြူ တွေလည်း တထပ်ကြီးပေးလိုက်ပါတယ် …
ဒုတိယအကြိမ်ထပ်တွေ့ တော့
ဖွေရာကို မင်းတုန်းမင်းကြီးက တရားတောင်စစ်လိုက်သေးတယ် … :P
ဟဲ့ … ဟိုနေ့ ကပေးလိုက်တာ ဖတ်ပြီးပီလား ?
ခန္ဓာကဘယ်နှပါး ရုပ်နာမ်ကဘယ်နှပါး ဘာညာနဲ့ တရားတွေစစ်လိုက်တယ် … :P
နောက်အိမ်ရှေ့ မင်းနဲ့ တွေ့ ခွင့်တောင်းတယ် တွေ့ ရတယ် ပထမအခေါက်တွေ့ တာအဆင်မပြေဘူး အိမ်ရှေ့မင်းက မိန်းမနဲ့  အဆင်မပြေလာတာထင်တယ် လို့ ဖွေရာက ယူဆတယ် …
 
ဒုတိယအကြိမ်ထပ်တွေ့ တော့
ဖွေရာ တို့ လိုရင်း လက်မှတ်ကိစ္စကို  မရောက်ဘူး အိမ်ရှေ့ မင်းမေးတာတွေကိုပဲ ဖွေရာဖြေနေရတယ် …… :P
အိမ်ရှေ့ မင်းစိတ်ဝင်စားတာက လက်နက်ခဲယမ်းမီးကျောက်တွေကိစ္စတွေ
နင်တို့ ဆီ ဘာလက်နက်တွေ ထုတ်လဲ !
ယမ်းကို ဘယ်လိုပုံစံအသုံးပြု ကြသလဲ ?
(ရှမ်းပြည်မှာ ကန့် ထွက်တဲ့တောင် တစ်တောင်တွေ့ ထားတယ်)
ဘာညာစတာတွေ သိလိုတာမေးပြီး
ထွက်သွားတယ် … ဒါပဲ !
ကုန်ကုန်ပြောရရင် နောက်ဆုံးတော့ဖွေရာတို့ အဖွဲ့ ကြီးလည်း လက်လျော့ပြီး
ရန်ကုန်ပြန်လာကြရတယ်
မြန်မာဘုရင်မင်းမြတ်ဆီက ဘာလက်မှတ်မှ မရခဲ့ဘူး … မစ်ရှင်ကြီးမအောင်မြင်ခဲ့ပါဘူး …
ဒါပေ့မယ် သမိုင်းမှာ အလွန်ရေးကြီးတဲ့ ဒီလို လက်မှတ်ကိစ္စမှာမင်းတုန်းမင်းကြီး၏ပါးနပ်မှုကြောင့်သာလျှ င် မင်းကြီးသမိုင်းတရားခံမဖြစ်ခဲ့တာဆိုတာကိုတော့ယုံကြည်လို့ ရနိုင်ပါတယ် …
မစ်ရှင်မအောင်မြင်ခဲ့ပေ့မယ် …
ဖွေရာတို့ အဖို့  ဓါတ်ပုံမှတ်တမ်းတွေ ပန်းချီမှတ်တမ်းတွေပါ တပြုံ တမကြီးနဲ့ အစီရင်ခံစာကို တင်နိုင်ခဲ့ပါတယ် …

အမရပူရနေပြည်တော်နဲ့  ရန်ကုန်တဝိုက်ကိုဓါတ်ပုံရော ပန်းချီပါမှတ်တမ်းတင်ခဲ့နိုင်လို့ အလွန်တန်ဖိုးကြီးပါတယ်
ပန်းချီဆရာဂရန့် ဂိုဝါသီရေးသွားတဲ့  ၄င်းပန်းချီကားတွေဟာ ရေဆေးအကြည်ကားတွေပါ
မြန်မာ့ရေမြေတောတောင် နဲ့ အမရပူနေပြည်တော်ကပုံတွေကို အနောက်တိုင်းရေးနည်းစနစ်နဲ့ ရေးထားချ က်ဟာ
မြန်မာ့သမိုင်းမှာ အစောဆုံးပန်းချီကားတွေပါမြန်မာ့ရှုခင်းကို ရေဆေးအကြည်အနောက်တိုင်းစနစ်နဲ့ ရေးတာ အစောဆုံးလို့ ဆိုလိုချ င်တာပါ .…
ထိုနည်းတူစွာပဲ ဓါတ်ပုံဆရာထရိုက် ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံတွေဟာလည်း မြန်မာမင်းနေပြည်တော်နဲ့ ရွှေတိဂုံစေတီတော်ပုံ တွေကို ဓါတ်ပုံဓါတ်သားအနေနဲ့ အစောဆုံးမှတ်တမ်းတွေ ဖြစ်ပါတယ် …
ယခုတော့ ၄င်းပန်းချီကားတွေ ဓါတ်ပုံတွေကို ဗြိတိသျှ စာကြည့်တိုက်မှာ သိမ်းဆည်းထားပါတယ်
အချ က်အလက်အားဖြင့် ဒီမှာပဲပြီးဆုံးပါတယ် …


နောက်ဆက်တွဲအနေနဲ့ က ဒီနေ့ သတင်းတပုဒ်မှာဖတ်လိုက်ရပါတယ် …
သီတဂူဆရာတော်ကြီး ဗြိတိသျှ စာကြည့်တိုက်မှာ ဒီဓါတ်ပုံတွေနဲ့ ပန်းချီကားတွေကို ကြည့်ရှုနေပုံကို
တွေ့ တော့ အံ့သြဝမ်းသာမိပါတယ် …
ဗြိတိသျှ စာကြည့်တိုက်ဟာ နာမည်ကျော်လောက်အောင်ကိုအထိန်းအသိမ်းတယ်လည်းကောင်းသကိုး …
(ကျ နော်ယူဆတာက စီဂရန့် ရေးတဲ့ကားတွေဟာမစ်ရှစ်နဲ့ လိုက်ပါရေးရတာဆိုတော့ အစီရင်ခံစာမှာ သုံးလို့ ရရုံလောက် ခပ်သေးသေးပဲလို့ ထင်မိတာပါ အခု ဆရာတော်ကြီးဖွင့်ကြည့်နေတဲ့ဖိုင်တွဲတွေကို
ကြည့်ခြင်းအားဖြင့် အတော်ကို အရွယ်ကြီးတဲ့ ရေဆေးပန်းချီကားတွေပါပဲ :O )

 နှစ်ပေါင်း ၁၆၂ နှစ်ရှိပြီဖြစ်သော ၁၈၅၅ ခုနှစ်က  မြန်မာနိုင်ငံဆိုင်ရာ ဓါတ်ပုံ နှင့် ပန်းချီကားများ
ဖြစ်ပါတယ် …
မင်းတုန်းမင်းကြီးဟာ
ပန်းချီဆရာနဲ့ ဓါတ်ပုံဆရာကို သဘောကျ လွန်းလို့ ပတ္တမြားလက်စွပ်တကွင်းစီ နဲ့  ရွှေဖလားတလုံးစီ
ချီးမြှင့်ခဲ့ပါသေးတယ် ……

*မင်းတုန်းမင်းကြီး ဓါတ်ပုံအရိုက်ခံခဲ့ မခံခဲ့ နှင့် ယခုမြင်ဖူးနေကြပုံတော်သည် အစစ်ဟုတ် မဟုတ် ဆက်ပါအုံးမယ်



source: မြနန်းဆရာတော်

Post a Comment

 
Top