0

 

ရုက္ခဗေဒသုတေသီပညာရှင်များဟာ သစ်ခွပန်းမျိုးစိတ်သစ်တခုကို အီကွေဒေါ နိုင်ငံမှာရှာတွေ့ခဲ့ပါတယ်။ ထိုသစ်ခွပန်းဟာ ကမ္ဘာ့အသေးဆုံး သစ်ခွမျိုးဖြစ်ပြီး သူ့အကျုယ်မှာ ၂.၁ မီလီမီတာသာ ရှိပါတယ်။ ပွင့်ဖတ်က အကြည်ရောင်ဖြစ်ပြီး အညာကတော့ ထူပါတယ်။ ထိုပန်းဟာ Platystele မျိုးအုပ်စု ထဲကဖြစ်ပြီး အသေးငယ်ဆုံးဖြစ်ပါတယ်။ 

ထိုပန်းကိုရှာဖွေတွေ့ရှိခဲ့သူကတော့ အမေရိကန်နိုင်ငံက သုတေသီ Lou Jost ဆိုသူဘဲဖြစ်ပါတယ်။ Andes တောင်တန်း Cerro Candelaria တောင်ရဲ့ သစ်ပင်ကြီးများရဲ့ အမြစ်တွေကြားမှာ မမှတ်မထင် တွေ့ခဲ့တာဖြစ်ပါတယ်။ ဒါဟာ Jost ရဲ့ ၆ဝ ခုမြောက်ရှာ ဖွေတွေ့ရှိခဲ့တာဖြစ် ပါတယ်။ သူဟာ အီကွေဒေါ EcoMinga ဖောင်ဒေးရှင်းမှာ အလုပ်လုပ်တာဖြစ်ပြီး တောင်အမေရိကမှာ သစ်ခွပန်းမျိုးပေါင်း ၁ဝဝဝ ကျော်ကိုရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။

Post a Comment

 
Top