0

ဘောလုံးသမားတွေထဲမှာ ကစားပုံဆင်တူတဲ့ ကစားသမားတွေ ရှိစမြဲပါ။ တွန်တွန်းတိုက်တိုက်နဲ့ ကစားတတ်တဲ့ ကစားသမားတွေ၊ လှပညက်ညောတဲ့ အလိမ်အခေါက်တွေနဲ့ ကစားတတ်တဲ့ ကစားသမားတွေ၊ တစ်ကွင်းလုံး ပြေးလွှားပြီး ကစားတတ်တဲ့ ကစားသမားတွေ၊ ညစ်ညစ်ပတ်ပတ် လူချကစားတတ်တဲ့ ကစားသမားတွေ စသဖြင့် ပုံစံအမျိုးမျိုးရှိပါတယ်။
Wzx0illfstadadhau8dx
အဆိုပါ ကစားသမားတွေထဲမှာ မန်ယူအသင်း ခေါင်းဆောင် ၀ိန်းရွန်းနီဟာ တစ်ကွင်းလုံး ပြေးလွှားပြီး ကစားတတ်တဲ့ ကစားသမားထဲမှာ ပါဝင်တယ်လို့ ပြောလို့ရပါတယ်။ ၀ိန်းရွန်းနီဟာ သူ့နဲ့ကစားပုံဆင်တူတဲ့ ကစားသမားကို ပြောကြားသွားခဲ့ပြီး အဆိုပါကစားသမားကတော့ အာဆင်နယ် တိုက်စစ်မှူး အလက်ဆစ်ဆန်းချက် ဖြစ်ပါတယ်။ ဆန်းချက်ရဲ့ အင်တိုက်အားတိုက်နဲ့ တစ်ကွင်းလုံး ပြေးလွှားကစားတတ်တဲ့ အမူအရာတွေကဲ ရွန်းနီငယ်ငယ်က ကစားပုံနဲ့ အတော်လေး ဆင်တူနေပါတယ်။
Lh19jymgxurvv5joiwk5
ရွန်းနီက “လက်ရှိပရီးမီးယားလိဂ်မှာ ကျွန်တော်အကြိုက်ဆုံး တိုက်စစ်မှူး ၂ယောက်ကတော့ ဆန်းချက်နဲ့ ဟယ်ရီကိန်းပါ။ ဟယ်ရီကိန်းဟာ ဘယ်လိုပုံစံနဲ့မဆို ဂိုးသွင်းနိုင်တဲ့ တိုက်စစ်မှူးဖြစ်ပြီး သူ့ရဲ့ကစားပုံက ရော်နယ်ဒို၊မိုဗစ်ခ်ျတို့နဲ့ ဆင်တူပါတယ်။ ဒါပေမယ့် ဆန်းချက်ကတော့ ကျွန်တော့ကစားပုံနဲ့ ဆင်တူတယ်လို့ ထင်ပါတယ်။ သူ့ကိုကြည့်လိုက်ရင် အမြဲတမ်း ခြင်္သေ့တစ်ကောင်လို ပြေးလွှားနေတတ်သူပါ။ ကျွန်တော်ငယ်ငယ်ကလဲ သူ့လိုပဲကစားခဲ့ဖူးပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အရွယ်မတိုင်ခင် ကစားအား ကျသွားမှာကိုတော့ စိုးရိမ်မိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Post a Comment

 
Top