0

မြန်မာမိန်းကလေးတဦးအား မဟာချိုင်ဈေးအနီးမှာ ထိုင်းအမျိုးသားသုံးယောက်က ကားပေါ်အတင်းအဓမ္မခေါ်ဆောင် သွားသည်ဟု သိရသည်။
မြန်မာအလုပ်သမလေးအသက်(17)နှစ် မမိုးမိုးသူ17-6-2017 စနေနေ့ ညဦးပိုင်းမှာ မဟာချိုင် ခဲလှိုင်ရပ်ကွက် ဘန် နန်းကျစ်ဈေး အနီးမှာထိုင်းအမျိုးသားသုံးယောက်ကကား ပေါ်ခေါ်တင်သွားတာကိုမြင်တွေ့ လိုက်ရတဲ့ အလုပ်သမား များက AAC ကိုပြောပါတယ် ။
 

ကားအဖြူရောင်ပါ ကောင်မလေးကို အတင်း ရိုက်ပြီးဆွဲတင်တာပါ သူဝတ်ထားတဲ့ထမိန် ကျွတ်ကျလာတာတွေ့ ရတယ် ။ အဲဒီထမိန်ကိုလဲ လမ်းဘေးမှာ ကျန်ခဲ့ပါတယ် အချိန်ကတော့ည”၉”နာရီခန့် လောက်ရှိပါတယ်။
ကျွန်တော်တို့ လဲ ထိုင်းတွေဆိုတော့ ဘာမှမပြောရဲဘူးလို့  မြင်တဲ့အလုပ်သမားတွေက ပြောပါတယ် ။ဒီကနေ့ အထိ အဆက်အသွယ်မရရှိသဖြင့် AAC မဟာမိတ်အဖွဲ့ ကိုအကူအညီလာ တောင်းသဖြင့် ဒီကနေ့ နယ်မြေခံ 191 ဖုန်းကို ဆက်သွယ်ပြီး နယ်မြေခံရဲစခန်း အကူအညီဖြင့် လိုက်ရှာပေးနေပါတယ် ။

မကွေးတိုင်း သရက်မြို့ နယ် အုန်မွန်တောကျေးရွာတွင်နေထိုင်းပြီး ဦးစန်းအောင် ဒေါ်စန်းမြိုင်တို့ဧ။် သမီး မမိုးမိုးသူ အသက် ၁၇ နှစ် ဖြစ်ပါသည်။

Post a Comment

 
Top