0

ဗြိတိသျှ စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ အသက် (34)နှစ် အရွယ် Sukhjit Singh ဟာ ဒေလီမြို့က  Shahjahanpur ရပ်ကွက်က သူ့မိခင်ရဲ့ နေအိမ်မှာ ဦးခေါင်းကြေမွ ပြင်းထန် ဒဏ်ရာ၊ လည်ချောင်း ပြတ်ရှဒဏ်ရာတွေနဲ့ ဆိုးရွာစွာ သေဆုံးနေခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဟာ ဒီလူသတ်မှုကို အပူတပြင်း စုံစမ်းခဲ့ပြီးနောက် Sukhjit ရဲ့ ဇနီးဖြစ်သူ အသက် 31 နှစ်အရွယ် Ramandeep Kaur Mann ကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။


နောက်ဆုံးတော့ ဇနီး Ramandeep က ဒီအမှုကို ၎င်းနဲ့ လင်ငယ်ဖြစ်သူတို့ Gurpreet တို့ ပူပေါင်းကြံစည်ခဲကြောင်း ၀န်ခံခဲ့ပါတယ်။ Ramandeep နဲ့ Gurpreet တို့ဟာ ပြီးခဲ့နှစ် နိုဝင်ဘာကတည်းက ကြိတ်ပုန်းခုက်ခဲ့ကြပြီး၊ နောက်ပိုင်းမှာ Gurpreet ဟာ သူ့မယားလိုချင် သူ့လင် လှံနဲ့ထိုး-ဇာတ်ကို က,ခဲ့တာ ဖြစ်ပါတယ်။
အခင်းဖြစ်တဲ့ည မတိုင်မီက Ramandeep ဟာ မွေးထားတဲ့ ကလေးနှစ်ယောက်အပါအ၀င် Sukhjit တို့စားတဲ့ ညစာထဲမှာ အိပ်ဆေးအပြင်းစားတွေ ခပ်ခဲ့ပြီး၊ Sukhjit အိပ်မောကျသွားတဲ့အခါ Gurpreet နဲ့အတူ ယောက္ခမဖြစ်သူရဲ့ အိမ်ရဲ့ အခန်းတစ်ခုထဲမှာ စိတ်ရှိလက်ရှိ ဦးခေါင်းကို တူနဲ့ ထုချေစေခဲ့ပါတယ်။ နောက် သေဆုံးခြင်း သေချာစေဖို့ လည်ချောင်းကို အသားခုတ်ဓားနဲ့ လှီးစေခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ မိသားစုလိုက် အိန္ဒိယကို အလည်အပတ် ပြန်စဉ်မှာ ဖြစ်ခဲ့တာပါ။


လူသတ်မှု ကျူးလွန်ပြီးတော့ Ramandeep ဟာ ဟန်မပြတ် ကလေးနှစ်ယောက်နဲ့အတူ ပြန်ပြီး အိပ်နေခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဟာ Sukhjit သေဆုံးမှုကို စုံစမ်းနေစဉ်မှာ Gurpreet နဲ့ Ramandeep တို့ရဲ့ ပတ်သက်မှု မသင်္ကာဖွယ်ရာ ဗွီဒီယိုဖိုင်ထွက်ပေါ်ခဲ့လို့ ဇနီးဖြစ်သူ Ramandeep ကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။ နောက်ဆုံးတော့ ငြင်းမရတော့ဘဲ Ramandeep နဲ့
ကြံရာပါလင်ငယ်တို့ဟာ အပြစ်ကို ၀န်ခံခဲ့ရပါတယ်။

စက်တင်ဘာလတစ်ရက်နေ့မှာ ဖြစ်ခဲ့တဲ့ အဲဒီအမှုအတွက် မိမိတို့မှာ အပြစ်ရှိကြောင်းကို Gurpreet နဲ့ Ramandeep တို့က မျက်နှာမှာ ပုဝါတွေအုပ်ကာ ၀န်ခံခဲ့ကြပါတယ်။ လင်ငယ်ဖြစ်တဲ့ Gurpreet ကိုတော့ ဒူဘိုင်းကို လေယာဉ်နဲ့ ပြန်မပြေးခင် အချိန်ကလေးမှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။  Gurpreet နဲ့ Ramandeep တို့ဟာ ငယ်ငယ်ကတည်းက သမီးရည်းစားတွေ ဖြစ်ခဲ့ကြပြီး၊ Ramandeep ကို မိဘတွေက သေဆုံးသူ Sukhjit နဲ့ ပေးစားခဲ့ကြပါတယ်။ အဲဒီနောက်မှာ နှစ်ယောက်အတူ နေနိုင်ရေးအတွက် လူသတ်မှုကြီးကို ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ အားလုံးဟာ အိန္ဒိယနွယ်ဖွားများ ဖြစ်ကြပေမယ့် အင်္ဂလန်နိုင်ငံ ဒါဘီမြို့မှာ စီးပွားရေးလုပ်ငန်း လုပ်ရင်း နေထိုင်ကြတာ ဖြစ်ပါတယ်။

Gurpreet နဲ့ Ramandeep တို့ရဲ့ ဖောက်ြ့ပန်နေမှုကို Sukhjit က အိန္ဒိယခရီးစဉ်အတွင်း သိခဲ့ပြီး လင်မယားနှစ်ယောက် စကားများခဲ့ကြပါတယ်။ Ramandeep က ကွာရှင်းပေးဖို့ တောင်းဆိုခဲ့ပေမယ့် Sukhjit က ခါးခါးသီးသီး ငြင်းဆန်ခဲ့လို့ အခုလို ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Gurpreet နဲ့ Ramandeep တို့ကို အိန္ဒိယနိုင်ငံ တရားရုံးမှာ လူသတ်မှုအတွက် ဆက်လက်စစ်ဆေးနေပါတယ်။

 source : thesun.co.uk

Post a Comment

 
Top