အဆိုပါ ခုန်ချသဆုံးမှုနဲ့ ပတ်သက်လို့ စင်ကာပူနိုင်ငံရှိမြန်မာသံရုံးကို ဆက်သွယ်မေးမြန်းတဲ့အခါ စုံစမ်းဆဲဖြစ်တယ်လို့ ပြန်လည်ဖြေကြားထားကြောင်း ပြည်တွင်းသတင်းစာကြီးတစ်စောင်ဖြစ်တဲ့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။
"မြန်မာအိမ်အကူဆိုတာတော့ သေချာပါတယ်။ ကျွန်မတို့လည်း စုံစမ်းဆဲရှိပါသေးတယ်။ ဘာကြောင့်သေတယ်။ ဘာကြောင့် ဖြစ်တာလဲဆိုတာပေါ့" လို့ စင်ကာပူနိုင်ငံရှိ Humanitarian Organisation for Migration Economics (HOME) ကို မြန်မာအိမ်အကူအမျိုးသမီးတွေနဲ့ပတ်သက်လို့ ကူညီပေးနေတဲ့ မခင်လေးက ပြောကြားထားပါတယ်။ အဆိုပါ အိမ်အကူအမျိုးသမီးရဲ့ကွန်ဒိုတိုက်ခန်းတစ်ခုမှ ခုန်မချခင်နဲ့ ခုန်ချအပြီး ရုပ်သံဖိုင်တွေဟာလည်း ဖေ့စ်ဘွတ်ခ်မှာ ပျံ့နှံ့လျက်ရှိတာ ဖြစ်ပါတယ်။
Photos: Sintya Wati (Facebook)
Post a Comment