0

စင်ကာပူနိုင်ငံသားတို့၏ သမိုင်းဝင် အထွတ်အမြတ်ထားရာ ပါလီမန်အဆောက်အအုံအ ဟောင်းနေရာနှင့် အမျိုးသားပြ တိုက် ပရိဝုဏ်နေရာများတွင် လမ်းပိတ်၍ထိုင်ခြင်း၊ တစ်စုံတစ် ရာ ဖျက်ဆီးခြင်း၊ အမှိုက်ပစ်ခြင်း နှင့် အညစ်အကြေး စားကြွင်းစား ကျန်များ ချန်ထားရစ်ခြင်း မပြု လုပ်ရန် စင်ကာပူအစိုးရက စင်ကာပူရောက် မြန်မာလုပ်သား များ အား သတိပေးစာရေးသားထား ကြောင်း သတင်းရရှိသည်။
‘‘စင်ကာပူနိုင်ငံ ပင်နီဆူလာ ပလာဇာအနီး ပါလီမန်အ ဆောက်အအုံဟောင်းနေရာနှင့် အမျိုးသားပြတိုက် ပရိဝုဏ် နေရာများ တွင် စင်ကာပူရောက်အိမ်အကူလုပ်သားများက အလုပ်နားရက် များတွင် အုပ်စုဖွဲ့စား သောက်နေထိုင်လျက်ရှိကြောင်း စင်ကာပူရောက် မြန်မာလုပ်သားများက ပြောသည်။

‘‘အဓိကကတော့ မြန်မာအိမ်ဖော်မိန်းကလေးအများစု စည်း ကမ်းမရှိကြတာ။ တနင်္ဂနွေနေ့ တိုင်း ပင်နီဆူလာရှေ့က ချာ့ခ်ျ ကျောင်းဝင်းထဲက မြက်ခင်းပြင် ပေါ်မှာ မြန်မာအိမ်ဖော်မိန်းက လေးအများစုက အနားယူကြ၊ ထိုင်ကြ၊ စားကြ၊ သောက်ကြတာ။ မြက်ခင်းပေါ်စုထိုင်ကြ၊ စားကြ၊ သောက်ကြတာတွေလည်း လုပ် တယ်။ တစ်ခုဆိုးတာက တချို့ မြန်မာတွေက စားသောက်ပျော် ပါးပြီး ကိုယ့်အမှိုက် ကိုယ်မရှင်း ဘဲ ချန်ထားခဲ့ကြတာတွေက ပင်နီ ဆူလာရှေ့က ချာ့ခ်ျကျောင်းဝင်းမှာ ရုပ်ဆိုးလွန်းပါတယ်’’ဟု စင်ကာ ပူနိုင်ငံတွင် အင်ဂျင်နီယာအလုပ်လုပ်ကိုင်နေသူ ကိုလင်းအောင်က ပြောသည်။
‘ဤနေရာသည် စင်ကာပူ နိုင်ငံသားတို့၏ သမိုင်းဝင်အထွတ် အမြတ်ထားရာ ပါလီမန်အဆောက် အအုံအဟောင်းနှင့် အမျိုးသား သမိုင်းပြတိုက် ပရိဝုဏ်ဖြစ်ပါ သည်။ လမ်းပိတ်ထိုင်ခြင်း၊ တစ် စုံတစ်ရာ ပျက်စီးစေခြင်း၊ အမှိုက်ပစ်ခြင်း၊ အညစ်အကြေး စားကြွင်း စာကျန်များ ချန်ထားရစ်ခြင်း မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါ သည်’ဟု စင်ကာပူအစိုးရက မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် သတိပေးရေးသားထားသည်။
‘‘ဘုရားကျောင်းဝင်းထဲ ထိုင် တာရိုးရိုး မထိုင်ကြဘူး။ ဘီယာ တွေ၊ အရက်တွေပါ သောက်ကြ တာလေ။ အိမ်အကူတွေ အများစု ထိုင်ကြတယ်။ အဲဒီနားမှာ စား ကြသောက်တာ အုပ်စုဖွဲ့ပြီးတော့။ နောက်ပြီး အဲဒီနေရာက အထင် ကရလူတွေ ပုံတွေလည်း ဆွဲထား တယ်။ အဲဒီပုံတွေပေါ်လည်း တက် ထိုင်ကြတာ’’ဟု စင်ကာပူရောက် မြန်မာလုပ်သားများအရေး ကူညီဆောင်ရွက်ပေးနေသော မအိမ့်သဉ္ဇာထွန်းက ပြောသည်။
၂၀၁၅ ဇွန်လအတွင်းက စင် ကာပူနိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပသည့် (၂၈)ကြိမ်မြောက် ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ၌ မြန်မာအသင်းကစားသည့်ပွဲစဉ် တိုင်းကိုစင်ကာပူရောက်မြန်မာ လုပ်သားများက စည်းကမ်းရှိစွာ အားပေးမှုများကြောင့် စင်ကာပူအခြေစိုက်မီဒီယာများက မြန်မာ ပရိသတ်များအပေါ် ချီးကျူးရေးသားခဲ့သည်။
စင်ကာပူနိုင်ငံတွင် မြန်မာ နိုင်ငံသားတစ်သိန်းခွဲခန့် နေထိုင် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်

Post a Comment

 
Top