0
Image result for Goldstream river
ကနေဒါနိုင်ငံမှ မြစ်တစ်ခုဟာ ရုတ်တရက် အရောင်ပြောင်းလဲသွားခြင်း ဖြစ်ပေါ်ခဲ့ဖူးပါသည်။ ကနေဒါနိုင်ငံ Goldstream Park ရှိ Goldstream မြစ်သည် ၂၀၁၀ ခုနှစ် ၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အစိမ်းရောင် လက်လက်တောက်နေအောင် အရောင်ပြောင်းသွားခဲ့ပါသည်။
စတင်တွေ့ရှိသူများအနေဖြင့် အမြင်မှား ၊ အထင်မှားမှုဟု ထင်မြင်မိကြရအောင် ဖြစ်ခဲ့ကြပါသည်။ ရေ၏အရောင်မှာ 
အစိမ်းရောင် တောက်ပနေခဲ့ပါသည်။
Related image
ဒေသဆိုင်ရာ အာဏာပိုင်များကတော့ ရေထဲတွင် အလင်းတောက်ပမှုနှင့်ဆိုင်သောဓာတုဓာတ်ပြုမှုဖြစ်ပေါ်ခဲ့ခြင်းဟု 
ယူဆခဲ့ကြပါသည်။
တစ်စုံတစ်ဦးက အားလပ်ရက် ရာသီအချိန်အခါတွင် အပျော်သဘောဖြင့် တောက်ပသော အစိမ်းရောင်ဖြစ်စေမည့်
ဓာတုပစ္စည်းများ လောင်းသွန်ချခဲ့လိမ့်မည်ဟု အာဏာပိုင်များက ယုံကြည်ခဲ့ကြပါသည်။
သို့သော် တရားခံကို ရှာဖွေမတွေ့သလို ၊ အခြားသူများကလည်း ထိုအဆိုကိုလက်မခံကြပါ။
ဒီလောက်များပြီး အဆက်မပျက်စီးဆင်းနေသော ရေများအရောင်ပြောင်းအောင် တော်ယုံ နှင့်လုပ်နိုင်ကြလိမ့်မည်မဟုတ်ဟု ဆိုကြပါသည်။
ထို့နောက်ရေများသည် တဖြည်းဖြည်း မူလအရောင်သို့ ပြန်လည်ပြောင်းလဲသွားသော်လည်း များစွာသောမေးခွန်းများနှင့် အဖြေမရှိသော ပုစ္ဆာတစ်ပုဒ်အဖြစ် ကမ္ဘာ့မီဒီယာ အများအပြားမှာ ပါဝင်ခဲ့ပါသည်။
ထူးခြားမှု တစ်ခုမှာ ရေများသည် အစိမ်းရောင်တောက်တောက်အဖြစ် အရောင်ပြောင်းသွား သော်လည်း 
အဆိပ်အတောက်ဖြစ်စေမှု မရှိခဲ့ပါ။
ငါးနှင့် အခြားသက်ရှိများအတွက်ဘေးထွက် ဆိုးကျိုးများ ခံစားခဲ့ရခြင်း မရှိခဲ့ပါ။

ရုပ်သံကြည့်ရှုရန်


Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top