အိမ်ခြံမြေဈေးကွက်ကတော့ လူအတွက်တင် မဟုတ်တော့ဘဲ အိမ်မွေးတိရစ္ဆာန် နေထိုင်ဖို့အတွက်ပါ ဈေးတွေ ခေါင်ခိုက်ကုန်ပြီလို့ ပြောရင် လွန်မယ် မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ဗြိတိန် ကုမ္ပဏီ တစ်ခုဟာ ခွေး နေထိုင်ဖို့အတွက် ပေါင် စတာလင် တစ်သိန်းခွဲ (မြန်မာငွေ သိန်း နှစ်ထောင်ကျော်) အထိ တန်ကြေးရှိတဲ့ ခွေးနေအိမ်ကို အခုလထဲမှာပဲ မိတ်ဆက်ခဲ့တယ်လို့ ဇွန် ၁၃ ရက်က Metro သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။
ဘာအတွက်များကြောင့် ခွေးနေအိမ်ဟာ ဒီလောက်အထိ ဈေးပေါက်ရတာလဲဆိုတာ ပရိသတ်ကြီး စိတ်ဝင်စားနေမယ် ထင်ပါတယ်။
Hecate Verona ကုမ္ပဏီကနေ မိတ်ဆက်ခဲ့တဲ့ အဲဒီ ခွေးနေအိမ်ကတော့ အပူပေးစနစ်အပြင် အအေးပေးစနစ်တွေလည်း ပါဝင်နေမှာ ဖြစ်ပြီး Conference Calling System ပါရှိတာကြောင့် ခွေး ပိုင်ရှင်နဲ့ ခွေးဟာ အပြန်အလှန် အဆက်အသွယ်လုပ်နိုင်ဦးမှာလည်း ဖြစ်ပါတယ်။
နောက်ထပ် အဆင့်မြင့် နည်းပညာတွေအနေနဲ့ Indoor and Outdoor Lighting ၊ အစားအစာနဲ့ သောက်ရေ တိုက်ကျွေးပေးမယ့် Food and Water Feeding System နဲ့ အသံစနစ်နဲ့ ရုပ်မြင်သံကြားစက်ပါ ပါဝင်တယ်လို့ သိရပါတယ်။
ခွေးနေအိမ်ရဲ့ဈေးနှုန်းကို ပေါင် သုံးသောင်း ကနေ စတင်မှာဖြစ်ပေမဲ့ ပစ္စည်းစုံ ထည့်သွင်းမယ်ဆိုရင်တော့ ပေါင် တစ်သိန်းခွဲ ဖြစ်သွားမှာပါ။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.